ကလေးသူငယ် လိင်ပိုင်းကျူးလွန်သူများကို ဓာတုဗေဒနည်းနဲ့ သင်းကွပ်မယ့် ယူကရိန်း

MSG_FreePik

ယူကရိန်းနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအသစ်အရ Paedophile လို့ခေါ်တဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်သူတွေကို ဓာတုဗေဒနည်းနဲ့ သင်းကွပ်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ထိုးဆေးတစ်မျိုးနဲ့ သင်းကွပ်မှာဖြစ်ပြီး၊ လိင်ပိုင်းလွန်ကျူးသူတွေကို ပြစ်မှုထင်ရှားစီရင်ပါက အဲဒီတရားခံကို ဓာတုထိုးဆေးထိုးပြီး သင်းကွပ်မှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကမ္ဘာကျော် CNN သတင်းဌာန အပါအ၀င် သတင်းဌာနပေါင်းများစွာက ဖော်ပြခဲ့ကြပါတယ်။

ဒီဥပဒေအသစ်အရ အသက်(၁၈)နှစ်မှ အသက်(၆၅)နှစ်အတွင်း မည်သူမဆို ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပါက ဒီဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ သိရပါတယ်။ ဆေးဝါးအမည်ကတော့ Anti-androgen drugs လို့ သာမန်အားဖြင့် သိရပါတယ်။

Ukrainian Parliament Official Page

(၂၀၁၇)ခုနှစ်မှာ ယူကရိန်းမှာ ကလေးသူငယ် အဓမ္မမှုပေါင်း (၃၂၀)မှုဖြစ်ခဲ့ပြီး၊ ဒါက ရုံးရောက်ဂတ်ရောက်အမှုတွေသာ ဖြစ်ပါတယ်။ ပြင်ပမှာ သက်ဆိုင်ရာကို မရောက်နိုင်ခဲ့တဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုပေါင်း ထောင်နဲ့ချီရှိလိမ့်မယ်လို့ သက်ဆိုင်ရာက ခန့်မှန်းထားပါတယ်။

READ
(၄.၅.၁၉) မှ (၁၀.၅.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ရဲမှူး Vyacheslav Abroskin က “ ယူကရိန်းရဲ့ ပြည်နယ်လေးခုမှာ ကလေးငယ် (၅)ဦး တစ်ရက်တာအတောအတွင်း ပျမ်းမျှ အဓမ္မကျင့်ခံနေရပါတယ် … ဒါက တရားဝင် သတင်းပို့တိုင်ကြားရာက သိရတာပါ … မတိုင်ရဲလို့ ကလေးတွေကိုယ်တိုင်က ခြိမ်းခြောက်ခံရလို့ စားရင်းမပေါက်တဲ့ အမှုတွေ ရှိနိုင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အမှုတစ်ခုကတော့ Odessa ပြည်နယ်မှာ အသက်(၁၁)နှစ်အရွယ် Daria Lukyanenko အမည်ရ ကလေးမလေးကို Nikolay Tarasov အမည်ရ အသက်(၂၂)နှစ်အရွယ် အမျိုးသားက အဓမ္မကျင့်သတ်ဖြတ်ခဲ့မှု ဖြစ်ပါတယ်။ Tarasov ဟာ ကလေးမလေး မိဘရဲ့သူငယ်ချင်းအရင်း ဖြစ်ပါတယ်။

TORWAISTUDIO/Shutterstock

ဒီအတွက် တရားခံရဲ့မိခင် Maria က Tarasov ကို သေခန်းပြတ် အမွေစွန့်လွှတ်ခဲ့ပြီး၊ ဒီပြစ်မှုကြောင့် ယူကရိန်းပါလီမန်မှာ ကလေးသူငယ်လိင်ပိုင်းကျူးလွန်တဲ့ တရားခံတွေကို ပြတ်ပြတ်သားသား အပြစ်ပေးဖို့ ဥပဒေတစ်ရပ် မြန်ဆန်စွာပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ပြစ်ဒဏ်ကျူးလွန်းသူဟာ စောစောကပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်အပြင် တိုးမြင့်ထားတဲ့ထောင်ဒဏ်ကိုလည်း ရင်ဆိုင်ရဦးမှာပါ။

READ
စစ်ပွဲမီးတောက်မီးလျှံကြီးကို နောက်ခံထားပြီး Selfie ၀င်ဆွဲတဲ့သူ

Kazakhstan မှာလည်း ဓာတုဆေးနဲ့သင်းကွပ်မယ့် ဥပဒေကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာတော့ (၂၀၁၀)နဲ့ (၂၀၁၄)ခုနှစ်အတွင်းမှာ ကလေးသူငယ် အဓမ္မမှု (၁၀၀၀)ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မည်သို့ပင်ဆိုစေကာမူ အခုဥပဒေအရ ပြစ်မှုကျူးလွန်တဲ့အကြိမ်အရေအတွက်ကို လျှော့ချနိုင်ပါ့မလားဆိုတာတော့ မကြာသေးတဲ့ကာလမှာ သိရနိုင်မှာပါ။

လင်းဇော်ကို (Shwemom)

SHARE