ယူကရိန်းသမ္မတကို စကားလေးတစ်ခွန်းပြောခိုင်းဖို့ လူတွေကို ပြန်ပေးဆွဲပြီး ဗုံးထောင်ခဲ့သူ

Twitter- @ZelenskyyUa

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ယူကရိန်းနိုင်ငံ၊ အရှေ့ပိုင်းမှာ တစ်နိုင်ငံလုံးကပြည်သူတွေ အထိတ်တလန့်ဖြစ်သွားစေမယ့် ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်။ ပြန်ပေးဆွဲတဲ့အမှုပါ။

Maksym Kryvosh လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ သက်ဆိုင်ရာဌာနဆီကို အကြောင်းကြားလာခဲ့ပါတယ်။ သူဟာ ဘတ်ကားတစ်စီးပေါ်မှာ ဗုံးထောင်ထားတယ်ဆိုပြီးတော့ပါ။ သူကိုယ်တိုင်လည်း အဲဒီကားပေါ်မှာပါလာတဲ့အပြင်ကိုမှ သူနဲ့အတူ အပြစ်မဲ့ပြည်သူ ၁၃ ယောင်တောင် ပါဝင်နေခဲ့ပါတယ်။ Maksym Kryvosh ဟာ အပြစ်မဲ့ပြည်သူ ၁၃ ယောက်နဲ့ သူ့အသက်တွေကို စတေးပြီး အသေခံဗုံးခွဲဖို့ ပြင်ဆင်ထားသလိုပါပဲ။

ဒါပေမဲ့ သူဟာအစိုးရနဲ့ငြှိနှိုင်းမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်တဲ့။ သူ့ရဲ့တောင်းဆိုမှုကတော့ ၂ ခုထဲပါ။ ယူကရိန်းသမ္မတကိုယ်တိုင် ဗီဒီယိုရိုက်ပြီး ကိစ္စတစ်ခုကိုထုတ်လွှင့်ပေးရမှာပါတဲ့။ အဲဒီအကြောင်းအရာကတော့ တိရိစ္ဆာန်လေးတွေရဲ့ရပိုင်ခွင့် animal rights အကြောင်းကို သမ္မတဖြစ်တဲ့ Volodymyr Zelenskiy ကို ဗီဒီယိုရိုက်ပြီး ထုတ်လွှင့်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ယူကရိန်းနိုင်ငံရေးသမားတွေကို သူတို့ဟာ အကြမ်းဖက်သမားတွေပါဆိုပြီး လူသိရှင်ကြား ဝင်ခံခိုင်းပါတယ်တဲ့။

READ
မိတ်ဆွေ ဓာတ်ပုံဆရာရဲ့ လိမ်လည်ဖြားယောင်းမှုကို ခံရပြီး အဖြစ်ဆိုးခဲ့ရတဲ့ မိန်းမလှလေး

ယူကရိန်းသမ္မတကတော့ animal rights နဲ့ပတ်သက်ပြီး ရုပ်သံလိုင်းကနေတစ်ဆင့် အခွင့်အရေးတွေအကြောင်း အသိပညာပေးပြောပြခဲ့ပါတယ်။ ဒီအတွက် Maksym Kryvosh ဟာ ဖမ်းဆီးခေါ်ဆောင်သွးတဲ့ ဓားစားခံ ၁၃ ဦးထဲက ၁၀ ဦးကိုပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ သုံးယောက်ကိုတော့ နိုင်ငံရေးသမားတွေဟာ သူတို့ကိုယ်သူတို့ အကြမ်းဖက်သမားဖြစ်ပါတယ်လို့ ကြေငြာပြီးကာမှ လွှတ်မယ်ဆိုပြီး ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ နောက်ထပ် ၁၀ နာရီအကြာမှာတော့ အစိုးရရဲ့ငြိနှိုင်းမှုနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ယူကရိန်းသမ္မတရဲ့ animal rights အကြောင်းကိုတော့ Facebook စာမျက်နှာကနေတစ်ဆင့် ထုတ်လွှင့်ခဲ့ပါတယ်။ “The film Earthlings from 2005. Everyone should watch it.” ဆိုတဲ့ post တစ်ခုတင်ခဲ့ပြီး ဓားစားခံတွေလည်းပြန်လွတ်လာရော ဖျက်ချခဲ့ပါတော့တယ်။

penny

SHARE