ခရီးသည်(၁၇၆)လိုက်ပါလာတဲ့ ယူကရိန်းလေယာဉ် အီရန်နိုင်ငံတွင်းမှာ ပျက်ကျ

YouTube_DailyMail/Wikimedia Commons

အမေရိကန်နဲ့ စစ်ရေးတင်းမာမှု အရှိန်အမြင့်ဆုံးကိုရောက်နေတဲ့ အီရန်မှာ ယူကရိန်းလေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ ခရီးသည်(၁၇၆)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဲဒီလေယာဉ်ဟာ တီဟီရန်မြို့အနီးမှာ ပျက်ကျခဲ့တာဖြစ်ပြီး၊ ပျက်ကျခဲ့တဲ့ လေယာဉ်ကတော့ အခုနောက်ပိုင်းမှာ အပျက်များနေတဲ့ Boeing လေယာဉ်အမျိုးအစားပါ။

ဒီပျက်ကျမှုဟာ အီရန်က အီရက်ပိုင်နက်အတွင်းရှိတဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်းတွေကို ဒုံးကျဉ်နဲ့ ပစ်ခွင်းပြီး သိပ်မကြာမီမှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။ တစ်ချို့သတင်းတွေမှာတော့ ယူကရိန်းလေယာဉ်ဟာ မှားယွင်းပစ်ချခံခဲ့ရတာဖြစ်နိုင်ကြောင်း၊ လေယာဉ်အောက်ကို မရောက်မီ၊ ကောင်းကင်ပေါ်မှာ မီးလောင်လာခဲ့တာလို့ ဆိုထားပါတယ်။

သို့ပေမယ့် Imam Khomeini International Airport မှ လေကြောင်းအာဏာပိုင်တွေကတော့ FARS သတင်းအေဂျင်စီရဲ့ဆက်သွယ်မေးမြန်းမှုမှာ ဒီပျက်ကျမှုဟာ လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်သာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ အများစု သတင်းမီဒီယာတွေမှာတော့ လေယာဉ်ပစ်ချခံရတာဖြစ်နိုင်တယ်ဆိုတဲ့ ဗွီဒီယိုသက်သေတွေ တင်နေကြပါတယ်။

READ
အရုပ်မထက်သာလွန်တဲ့ ဥာဏ်ရည်မြင့်အရုပ်များကို စတင်ရောင်းချတော့မယ့် စပိန်သိပ္ပံပညာရှင်

 

ဒါပေမယ့် အခုအခင်းဖြစ်ခဲ့တဲ့ Boeing 737 လေယာဉ်ကြီးဟာ စတင်မောင်းနှင်တာ (၃)နှစ်သာ ရှိသေးပြီး၊ သက်တမ်းအားဖြင့် အလွန်နုသေးကြောင်း၊ အီရန်လို စစ်ရေးတင်းမာတဲ့၊ ကန်နဲ့ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံမှာ စက်ချို့ယွင်းလို့ ပျက်ကျတာ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ အချက်အလက်တွေအရတော့ ဒီလေယာဉ်ဟာ ထွက်ခွာပြီး သုံးမိနစ်အကြာ အမြင့်(၂.၄)ကီလိုမီတာမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာပါတဲ့။

လေယာဉ်ပျက်ကျခဲ့တဲ့နေရာကတာ့ ပါဒန်မြို့အပြင်ဘက် (၆၀)ကီလိုမီတာအကွာမှာ ဖြစ်ခဲ့တာပါ။ အီရန်ဘက်က အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ကနဦးတုန်းက သူတို့ဟာ လူအနည်းငယ်ကို အကူအညီပေးနိုင်ခဲ့တယ်လို့ ဆိုသော်လည်း၊ နောက်ပိုင်းမှာ အကုန်လုံးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလေယာဉ်ဟာ ဒေသစံတော်ချိန် ညနေ (၆.၁၄)နာရီမှာ Imam Khomeini လေဆိပ်ကနေ ထွက်ခွာလာခဲ့တာပါ။ တကယ်လို့သာ ယူကရိန်းအစိုးရလေကြောင်းလိုင်းပိုင် ယင်းလေယာဉ်ကို ပစ်ချခဲ့ရိုးသာမှန်ရင် စစ်ရေးအရ တင်းမာမှုမှာ ယူကရိန်ကလည်း ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

READ
ဘော်ဒါရဲ့ စကေးကို ယုံစားလိုက်လို့ အုန်းမုတ်ခွက်ကေ အလန်းကြီးနဲ့ ဖြစ်သွားသူ

Boeing 737-800 လေယာဉ်အမျိုးအစားဟာ ကမ္ဘာတစ်ဝှမ်း ခရီးစဉ်တော်တော်များများမှာ အလွန်အရေးပါတွင်ကျယ်တဲ့ ခရီးသည်တင် လေယာဉ်အမျိုးအစားဖြစ်ပြီး၊ ထောင်နဲ့ချီ ပျံသန်းပြေးဆွဲနေပါတယ်။ (၁၉၈၀)မှာ စတင်အသုံးပြုခဲ့ကြတာဖြစ်ပေမယ့် Boeing 737 MAX ထက် မော်ဒယ်ပိုပြီးစောပါတယ်။ မကြာသေးတဲ့ ကာလအတွင်း ပျက်ကျမှုနှစ်ကြိမ် ရှိခဲ့လို့ ပျံသန်းခြင်းကို ဆယ်လတာ ဆိုင်းငံထားတာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Boeing 737-800 အမျိုးအစားတွေ အကြိမ်ကြိမ်ပျက်ကျခဲ့ပြီး၊ ဒူဘိုင်းမှ Flydubai 737-800 လေယာဉ်၊ ဒူဘိုင်းအခြေစိုက် Air India Express ပိုင် Boeing 737-800 လေယာဉ်တွေ ပျက်ကျခဲ့တာပါ။ ဒီလေယာဉ်ပျက်ကျမှုတွေကြောင့် လူပေါင်း (၂၁၂)ယောက်အထိ သေဆုံးခဲ့ရပါတယ်။

အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက လေယာဉ်ပျက်မကျခင် နာရီပိုင်းအလိုတုန်းက (၁၉၈၈)မှာဖြစ်ခဲ့တဲ့ Lockerbie  ဗုံးပေါက်ကွဲမှုကိုရည်ညွှန်းပြီး၊ ကန်လေကြောင်းလိုင်းတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ လူ(၂၇၀) သေဆုံးခဲ့တယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လင်းဇော်ကို

SHARE