၆ နှစ်လို့လိမ်ကာအိမ်တွေကို လိုက်အမွေးစားခံနေတဲ့ အမျိုးသမီးရဲ့နောက်ဆက်တွဲသတင်း

Fcaebook-Kristine Barnett

စက်တင်ဘာလ ၂၅ ရက်နေ့တုန်းက Shwemom ကနေပြီး ဒီအကြောင်းနဲ့ပတ်သက်လို့ “၆ နှစ်ထင်ပြီး မွေးစားခဲ့မိတဲ့ကလေးမလေးက ညဘက်တစ်အိမ်လုံးကို လိုက်သတ်ခဲ့တဲ့အဖြစ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကနေဦးသတင်းတင်ထားခဲ့ပြီးပါပပြီ။ (ဤတွင်နှိပ်၍ဖတ်ပါ။)

Natalia လို့ခေါ်တဲ့ ယူကရိန်းကလေးမလေးတစ်ယောက်ကို Kristine နဲ့ Micheal Barnett တို့ ဇနီးမောင်နှံဟာ သူတို့မှာလည်း သားအရင်းတွေရှိရက်သားနဲ့ သက်သက်ဂရုသာသက်မိတဲ့အတွက် ကလေးမလေးကို ၂၀၁၀ ခုနှစ်မှာ ၆ နှစ်အရွယ်အမှတ်နဲ့ မွေးစားခဲ့တာပါ။ ဒါပေမဲ့ Natalia အနေနဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်လိုမျိုး ရာသီလာတဲ့အဝတ်တွေ၊ မိန်းမကိုယ်မှာ အမွှေးအမျှင်ပေါက်တာတွေ၊ လူကြီးသွားတွေရှိတယ်၊ သုံးနှစ်အတွင်း အရပ်လည်း လုံးဝမရှည်လာတာကြောင့် မိသားစုဆရာဝန်နဲ့ပြကြည့်ရာမှ ၆ နှစ်အရွယ်လို့ ထင်ထားခဲ့တဲ့ Natalia ဟာ တကယ်တော့ အရွယ်ရောက်ပြီးသားအမျိုးသမီးတစ်ယောက်ဆိုပြီး ဆရာဝန်ကမှတ်ချက်ချပေးခဲ့ပါတယ်။

ဒါကြောင့် Kristine အနေနဲ့ Natalia ကို ပန်းရောင်ဂါဝန်လေးတွေ ဆင်ပေးရာမှ လူကြီးအဝတ်တွေ ပြောင်းဆင်ပေးခဲ့ပြီး လူကြီးတစ်ယောက်လို  ပြောင်းလဲဆက်ဆံခဲ့ပေမယ့်လို့ သမီးအရင်းအချာလိုပဲ ပြုစုပျိုးထောင်ခဲ့ပါသေးတယ်။ အိမ်ငှားပေးတယ်၊ ကောလိပ်ကျောင်းတက်ဖို့ စီစဉ်ပေးတယ်ပေါ့။ ဒါပေမဲ့လည်း Kristine ကို လျှပ်စစ်လွှတ်ထားတဲ့ ခြံစည်းရိုးပေါ်ကျအောင်တွန်းတယ်၊ ကော်ဖီထဲ အစွန်းချွတ်ဆေးတွေထည့်တယ်၊ အိပ်နေရင် ဓားနဲ့ထိုးသတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ၊ ပုံတွေဆွဲပြီး တစ်မိသားစုလုံးကို သတ်၊ စောင်နဲ့ထုတ်ပြီး နောက်ဖေးမှာမြှုပ်မယ်ဆိုတာတွေ၊ Kristine ရဲ့ သားအရင်း အငယ်ဆုံးလေးကို ထိခိုက်အောင်လပ်တာတွေ နင်တို့ကိုထောင်ထဲရောက်အောင်ပို့မယ်ဆိုကာ တမင်သက်သက် သွားနေတဲ့ကားပေါ်က ခုန်ချတာမျိုးတွေ၊ မှန်တွေမှာ သွေးနဲ့စာရေးတာစတဲ့ ကလေးတစ်ယောက် ဘယ်လိုမှမလပ်နိုင်တဲ့အရာတွေအထိ ကြုံတွေ့လာခဲ့တဲ့အချိန်မှာတော့ Kristine ဟာ Natalia ကို စိတ်ကျန်းမာရေးဆေးရုံတွေမှာ စနစ်တကျပြသတာ၊ ဆေးရုံတင်တာမျိုးတွေအထိ သီးညည်းခံပြီး လုပ်ပေးခဲ့ပါသေးတယ်။

READ
သူများနဲ့ မတူအောင် မီးတောင်မှာ Pre-Wedding ဓါတ်ပုံ ရိုက်ခဲ့တဲ့ စုံတွဲ
Fcaebook-Kristine Barnett
နောက် ၃ နှစ်အကြာမှာတော့ Kristen တို့ရဲ့ သားကြီးဖြစ်သူ Jacob ဟာ ကနေဒါမှာ တက္ကသိုလ်တက်တော့မှာမလို့ တစ်မိသားစုလုံးပြောင်းသွားခဲ့ပြီး Natalia ကတော့ သူမအတွက် သီးသန့်ငှားပေးထားတဲ့အိမ်မှာပဲ နေစေကာ ငွေကြေးအရလည်း ဆက်လက်ထောက်ပံ့ပေးနေခဲ့တဲ့အထိ Natalia အပေါ်ကို ကောင်းခဲ့ကြတာပါ။ Natalia နဲ့ Kristine တို့ ကနေဒါပြောင်းသွားပြီး တော်တော်ကြာတဲ့အထိ အဆက်အသွယ် ရခဲ့ပေမယ့်လို့ နောက်ဆုံးဖုန်းပြောခဲ့တာကတော့ Natalia ဟာ မိသားစုအသစ်အတွက် ခေါက်ဆွဲချက်နေတယ်ဆိုပြီး ဖုန်းချသွားခဲ့တာပဲတဲ့။ ဒီလိုနဲ့ကွင်းဆက်ပြတ်သွားခဲ့တဲ့ Natalia ကို အခုတော့ရှာတွေ့ခဲ့ပြီဆိုပြီး Insider မျာ ဖော်ပြလာခဲ့ပတယ်။ ဒါပေမဲ့ အင်ဒီယားနားတရားရုံးမှ Kristen နဲ့ Micheal Barnett တို့ နှစ်ယောက်ကို အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ပစ်ထားခဲ့တယ်ဆိုပြီး ကလေးသူငယ်ဆိုင်ရာကာကွယ်ရေးဥပဒေနဲ့ တရားစွဲဆိုထားခဲ့လို့ နှစ်ယောက်သား အမှုရင်ဆိုင်နေရပါပြီ။
Tippecanoe County Jail
အင်ဒီယားနားမှာပဲ Antwon နဲ့ Cynthia Mans ဆိုတဲ့ ဇနီးမှောင်နှံကနေ Natalia ကို ၂၀၁၃ ခုနှစ်မှာ မိဘမဲ့ဂေဟာကနေတစ်ဆင့် စာချုပ်စာတမ်းတွေနဲ့မွေးစားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ အုပ်ထိန်းသူတွေအဖြစ် တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ လက်တလော Natalia ရဲ့ ဓာတ်ပုံတွေနဲ့တကွ သက်သေတွေ၊ အဖြစ်အပျက်တွေအားလုံး ပေါ်ပေါက်လာတဲ့အခါမှာတော့ Antwon နဲ့ Cynthia Mans တို့နှစ်ယောက်ဟာ Kristen နဲ့ Micheal Barnett တို့နဲ့ စကားပြောဖို့ စီစဉ်နေပြီး ဥပဒေကြောင်းရလည်း အတတ်နိုင်ဆုံးပါဝင်ကူညီပေးသွားမယ်လို့ သိထားရပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ဟာ Natalia နဲ့ပတ်သက်လို့ ဘယ်လိုတွေ တွေ့ကြုံခဲ့လဲဆိုတာကိုတော့ ထုတ်ဖော်ပြောပြထားခြင်း မရှိသေးပါဘူးတဲ့။
Penny
SHARE