အားပြန်သွင်းစရာမလိုပဲ နှစ်ပေါင်း(၁၂)နှစ်ကြာသည်အထိ အသုံးပြုနိုင်မည့်ဘက်ထရီ

အားပြန်သွင်းစရာမလိုပဲ နှစ်ပေါင်း(၁၂)နှစ်ကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီကို ယူကရိန်းသိပ္ပံပညာရှင်တစ်ဦးက တီထွင် ဖန်တီးလိုက်ပါတယ်။အဲ့ဒီဘက်ထရီဟာ စမတ်ဖုန်းတွေအတွက်သာမက ကားတွေမှာပါ အသုံးပြုနိုင်ပါတယ်။

tritium-battery-600x450

တီထွင်ဖန်တီးခဲ့သူကတော့ ယူကရိန်းသိပ္ပံပညာရှင် Vladislav Kiselev ပါ။ သူဟာ Bioorganic Chemistry and Petrochemistry တက္ကသိုလ်ရဲ့ သုတေသီတစ်ဦးဖြစ်သလို ယူကရိန်းအမျိုးသားသိပ္ပံကျောင်းရဲ့ ပါမောက္ခတစ်ဦး လည်းဖြစ်ပါတယ်။ သူဖန်တီးလိုက်တဲ့ ဘက်ထရီကိုတော့ 2016 edition of Sikorsky Challenge မှာ မိတ်ဆက်ပြ သခဲ့တာပါ။

tritium-battery2-600x450

ဘက်ထရီရဲ့ပုံစံဟာ မီးခြစ်ဆံဘူးနဲ့တူပါတယ်။ရေဒီယိုဓါတ်သတ္တိကြွပစ္စည်းလို့ မှတ်ယူနိုင်တဲ့ tritium ကိုအသုံးပြုထား တာဖြစ်ပါတယ်။တစ်ချို့ရေဒီယိုဓါတ်သတ္တိကြွ ပစ္စည်းတွေကတော့ လူတွေကို အန္တရာယ်မဖြစ်စေနိုင်ကြောင်း၊ အန္တရာယ်မဖြစ်စေနိုင်တဲ့ အထဲမှာ tritium ဟာတစ်ခုအပါအ၀င်လို့ Vladislav Kiselev  ကပြောခဲ့တယ်လို့ odditycentral.com မှာဖော်ပြထားပါတယ်။

READ
ကားသော့တွေ နေရာမှာ အစားထိုးဝင်ရောက်လာမယ့် iPhone ရဲ့ Feature သစ်
SHARE