တိုက်ရိုက်ထုတ်လွှင့်မှုမတိုင်ခင် မထင်မှတ်တာလုပ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူရဲ့ဗီဒီယို

CEN

အခုခေတ်မှာတော့ တီဗီအစီအစဉ်တင်ဆက်သူတွေဟာလည်း နာမည်ကြီးလာပြီး မင်းသားမင်းသမီးအဆိုတော်မော်ဒယ်တွေနဲ့တန်းတူ လူတွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ လူတွေပါ။ ဒါကြောင့် အနုကညာရှင်တွေနဲ့တန်းတူ နေပုံထိုင်ပုံတွေကို အတတ်နိုင်ဆုံးဆင်ခြင်နေကြရပါတယ်။ လွဲတာလေးတစ်ခုခုလုပ်လိုက်မိပြီဆိုတာနဲ့ လူတွေကြားထဲပျံ့နှံ့နိုင်တာ အရမ်းလွယ်ကူကြလို့ဖြစ်ပ်။

Instagram

ယူကရိန်းရုပ်သံလိုင်းတစ်ခုရဲ့ “Strasti Pi Rebizouru” ဆိုတဲ့ Talk show ဟာ နိုင်ငံကျော် talk show တွေထဲက တစ်ခုပါ။ ဒီအစီအစဉ်မှာ အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူထားတာကတော့ အသက် (၃၄) နှစ်အရွယ် နိုင်ငံကော်ျ presenter Elena Filonova ပဲဖြစ်ပါတယ်။ အစီအစဉ်ဟာ တိုက်ရိုက်ထုတ်လွှင့်မှု အမျိုးအစားဖြစ်တာကြောင့် စတင်မထုတ်လွှင့်ခင်မှာ အရာအားလုံးကို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ရပါတယ်။

Instagram

အစီအစဉ်တင်ဆက်သူ Elena လည်း ထိုနည်းတူစွာ ပြင်ဆင်ရပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှု မစခင်မှာ သူမကို ထုတ်လုပ်သူက လှမ်းသတိပေးလိုက်တဲ့အခါ လက်ထဲကဖုန်းကို အလုံခြုံဆုံးနေရာမှာ ဝှက်လိုက်ပါတယ်။ ရင်ဘတ်ထဲကိုပါ။ ဖုန်းကို အခြားသူလက်ထဲထားရမှာ စိတ်မချဖြစ်နေဟန်တူတဲ့ Elena အတွက်တော့ ကိုယ်နဲ့မကွာ ဆောင်ထားတာ အလုံခြုံဆုံးဖြစ်တယ်လို့ စိတ်ကူးဟန်တူပါတယ်။

READ
ဝေဟင်ကနေ (၄၅)မိနစ်သာကြည့်ပြီး နယူးယောက်မြို့ပုံကို အလွတ်ဆွဲပြနိုင်ခဲ့သူ
CEN
CEN

သေချာနေရာတကျ ထည့်ပြီးကာမှ နောက်တစ်ခေါက်ပြန်ထုတ်ကာ ဖုန်းကို အသံပိတ်ထားလား မပိတ်ထားလား စစ်ကြည့်လိုက်ပါသေးတယ်။ ပြီးကာမှ ရင်ဘတ်ထဲထပ်ထည့်လိုက်ပါတယ်။ သူမရဲ့မိတ်ကပ်ဆရာမလေးက ဖုန်းလာတာင်းသော်လည်းမပေးခဲ့ပါဘူး။ ဂါဝန်ဖော့ခွက်ကို သေချာအနေရာပြန်အချပြီးမှာတော့ မိုက်ကိုတပ်လိုက်ကာ တစ်ဖက်သို့လှည့်ပြီး ထုတ်လုပ်သူကို အဆင်ပြေတယ်ဆိုတဲ့အနေအထားနဲ့ ပြုံးပြခဲ့ပါတယ်။

CEN
The Bobr Times

Elena ဖုန်းဖွက်တဲ့ ဗီဒီယိုကို ပွဲလာကြည့်သူတစ်ဦးက ရိုက်ကူးထားမိပြီး လူမှုကွန်ယက်ပေါ်ပြန်တင်ထားခဲ့ရမှ လူအများကြားရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ ထင်နေသလိုမကောင်းတဲ့ မှတ်ချက်များမတွေ့ရဘဲ “ကျွန်မလည်းအိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ရင်ဘတ်ထဲထည့်ထားတတ်တယ်” တို့၊ “ရယ်ရတယ် ကိုယ်လည်း အတွင်းခံထဲပစ္စည်းတွေထည့်ထားတတ်တယ်။” တို့၊ “ဥာဏ်ပြေးလိုက်တာ” တို့ စသည်ဖြင့်သာတွေ့ရပါတယ်။

 

Source: Daily Mail

Penny

SHARE