ဒုတိယရင်သွေး ထပ်မွေးလိုက်ပြန်ပြီဖြစ်တဲ့ ယူကေရဲ့ အသက်ငယ်ဆုံးမိခင် အမျိုးသမီး

အစ်ကိုဖြစ်သူရဲ့ မုဒိမ်းကျင့်တာကို ခံခဲ့ရပြီး အသက် (၁၂)နှစ်အရွယ်မှာ ယူကေနိုင်ငံရဲ့ အငယ်ဆုံးမိခင်တစ်ဦးဖြစ်ခဲ့တဲ့ အမျိုးသမီးဟာ အခုဆိုရင် တရားဝင်ရင်သွေးကို မွေးဖွားခဲ့ပြန်ပါပြီ။ (၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထရက်ဆာမစ်ဒယ်တန်ဟာ (၁၁)နှစ်သမီးအရွယ်မှာ (၁၆)နှစ်အရွယ်အစ်ကိုရဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရတာပါ။

အသက်မပြည့်သေးဘဲ ကလေးမွေးထားတာတဲ့ သူမအကြောင်းကို သက်ဆိုင်ရာအာဏာပိုင်တွေက သိသွားပြီးနောက် ကလေးကို မွေးစားဖို့ ခေါ်သွားစဉ်ကတည်းက ထရက်ဆာဟာ စိတ်ကျရောဂါဖြစ်ခဲ့ပြီး မူးယစ်ဆေး စွဲသွားခဲ့ပါတယ်။ အခုတော့ စိတ်သစ်လူသစ်ဖြစ်သွားပြီဖြစ်တဲ့ ထရက်ဆာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက (၃၁)နှစ်အရွယ် ခင်ပွန်းဖြစ်သူနဲ့အတူ သူတို့ရဲ့ ပထမဆုံးသမီးလေးကို မွေးဖွားခဲ့ပြီး အရီဟာနာလို့ အမည်ပေးခဲ့ပါတယ်။

ဒါပေမယ့် ထရက်ဆာဟာ ပထမရင်သွေးရဲ့ ပစ္စည်းတွေကိုလည်း သိမ်းထားသေးဆဲဖြစ်ပြီး အချိန်တိုင်း သတိရနေသေးသလို ကောင်းကောင်းမပျော်ရွှင်နိုင်ကြောင်း ပြောပါတယ်။ အခုမွေးဖွားတဲ့ အရီဟာနာက မျက်နှာချိုပြီး အရင်ကလေးက တက်ကြွတယ်ဆိုကာ ညီအစ်မနှစ်ယောက်ရဲ့ ခြားနားချက်တွေကိုလည်း ပြောပြပါတယ်။

ထရက်ဆာဟာ သမီးနှစ်ဦး အရွယ်ရောက်လာတဲ့အခါ ပြန်တွေ့စေချင်တဲ့ သူမရဲ့ဆန္ဒအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ အရက်နဲ့ဆေးစွဲသူတစ်ဦးဖြစ်တဲ့ ထရက်ဆာရဲ့မိခင်ဟာ ကလေးကို သေချာမစောင့်ရှောက်တဲ့အပြင် ပါတီပေး သောင်းကျန်းခြင်းများလုပ်ခဲ့တဲ့အတွက် သူမကလေးဘဝတုန်းက ကောင်းကောင်းတောင် အိပ်လို့မရလို့ ငိုခဲ့ရတာမျိုးတွေလည်း ရှိခဲ့ကြောင်း ထရက်ဆာက ပြောပါတယ်။

READ
ခေါင်းဖြတ်ထားတဲ့ ခလောက်မြွေက ပြန်ကိုက်လို့ သေမလိုဖြစ်ခဲ့ရတဲ့ အမျိုးသား
ထရက်ဆာကို အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံ

ဒါ့အပြင်သူမ (၇)နှစ်မှ (၁၁)နှစ်အတွင်း အစ်ကိုဖြစ်သူရဲ့ လိင်ပိုင်းစော်ကားမှုတွေ ခံခဲ့ရပေမယ့်လည်း မိခင်က သူ့ပြဿနာတွေနဲ့သူ ရှုပ်နေခဲ့တဲ့အတွက် မိခင်ကိုလည်း မပြောပြခဲ့ရပါဘူး။ သူမရဲ့ အခုရင်သွေးလေး အရီဟာနာကိုတော့ သူမရဲ့ ငယ်ဘဝလို လုံးဝဖြစ်စေမှာမဟုတ်ဘဲ သန့်ရှင်းပျော်ရွှင်စွာ ကြီးပြင်းစေချင်ကြောင်း ပြောပါတယ်။

ထရက်ဆာကို အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံကိုတော့ ထောင်ဒဏ် (၄)နှစ် ချမှတ်ခဲ့ပါတယ်။ ထရက်ဆာဟာ သူ့သမီးကြီးကို နှစ်တိုင်း ခရစ္စမတ်နဲ့ မွေးနေ့လက်ဆောင်တွေကို ပို့ပေးလျက်ရှိပြီး ကလေးကို သူဘယ်လိုမွေးဖွားလာခဲ့လဲဆိုတာ မသိစေချင်သေးဘဲ နားလည်မယ့်အချိန်မှ သူမကိုယ်တိုင် ပြောချင်ကြောင်းပြောပါတယ်။

သူမအခု (၁၁)နှစ်၊ (၁၂)အရွယ်ကလေးမလေးတွေကို မြင်တဲ့အခါ အရမ်းငယ်သလို ခံစားရပြီး သူမ အဲဒီအရွယ်တုန်းက ကလေးမွေးခဲ့တာ မယုံနိုင်ကြောင်းပြောပါတယ်။ အခုဆိုရင် သူမနဲ့ ခင်ပွန်းဖြစ်သူ ဒယ်ရန်တို့ဟာ မူးယစ်ဆေးဝါး လုံးဝမသုံးတော့ဘဲ ကလေးကို ကောင်းစွာပျိုးထောင်မှာဖြစ်ပြီး အရီဟာနာရဲ့ ကလေးဘဝကို သူမလို လုံးဝမဖြစ်စေဘဲ ပညာတတ်တစ်ဦး ဖြစ်လာစေချင်ကြောင်း ထရက်ဆာက ပြောခဲ့ပါတယ်။

READ
ဖောက်ပြန်နေတဲ့ခင်ပွန်းက ငွေတွေအပိုင်စီးသွားမှာစိုးလို့ ဒေါ်လာ9000 မျိုချခဲ့သည့်အမျိုးသမီး

White (Shwemom)

Ref: Dailymail UK

SHARE