ငွေကြေးအကျပ်အတည်းကြောင့် ၀န်ထမ်းတွေကို လစာပေးဖို့ အခက်တွေ့နေတဲ့ ကုလသမဂ္ဂ

Facebook/United Nations

အောက်တိုဘာလကုန်မှာ ကုလသမဂ္ဂအဖွဲ့ရဲ့ အသုံးစရိတ်ငွေကြေးများ ပြတ်လပ်တော့မှာဖြစ်တယ်လို့ အခက်အခဲကြုံတွေ့ဖွယ် ရှိကြောင်း  CNNသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ လက်ရှိမှာတော့ ကမကုလသမဂ္ဂအဖွဲ့ချုပ်၏ ဘတ်ဂျက်လိုငွေ ဒေါ်လာငွေသန်းပေါင်း ၂၃၀ ထိ ရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်ဖြစ်သူ အန်တိုနီယိုဂူတာရက်စ်က “ဒီအတွင်းမှာ အခု ကြုံတွေ့နေရတဲ့ အခြေအနေဟာ ဆယ်စုနှစ်တစ်စုအတွင်းမှာ အဆိုးဆုံးလိုငွေပြတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်” ကုလသမဂ္ဂရဲ့ အထွေထွေဘတ်ဂျက်ကော်မတီမှာ ပြောကြားခဲ့ပါတယ်။

 

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ကုလသမဂ္ဂအဖွဲ့ကို ပေးအပ်ရမယ့် ငွေကြေးများ အချိန်မီပေးအပ်ခြင်း မရှိတာကြောင့် ကုလသမဂ္ဂရဲ့ ငွေကြေးအကျပ်အတည်းဟာ အဆိုးဆုံးအခြေအနေကို ရောက်ရှိလာခြင်းလည်းဖြစ်ပါတယ်။

READ
အမျိုးသမီးကိုယ်တိုင် လက်ထပ်ခွင့်တောင်းတာကို ၊ အမျိုးသားက ပျက်ပျက်သားသား ငြင်းပယ်

အသုံးစရိတ်များကို လျော့ချဖို့အတွက် အန်တိုနီယိုဂူတာရက်စ်ဟာ (၂၀၁၉)ခုနှစ် ဇန်နဝါရီလဆန်းကတည်းက ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် အခုအချိန်ထိတော့ အန်တိုနီယိုဂူတာရက်စ်ရဲ့ ကြိုးစားမှုဟာ အရာမထင်ခဲ့သလောက်ပါပဲ။ ငွေကြေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဖျက်သိမ်းလို့ရသမျှ တွေ့ဆုံဆွေးနွေးပွဲ မှန်သမျှ ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းလို့ရတဲ့ တွေ့ဆုံဆွေးနွေးပွဲများကို ရွှေ့ဆိုင်းခြင်း၊ ကုလသမဂ္ဂအဖွဲ့၏ လုပ်ဆောင်ချက်များကို လျော့ချခြင်း၊ အရေးကြီးတဲ့ ခရီးစဉ်များကလွဲပြီး ကျန်ပြည်ပရီးစဉ်များ သွားရာက်မှုကို ကန့်သတ်ခြင်းများကို လုပ်ဆောင်ဖို့ အန်တိုနီယိုဂူတာရက်စ်က ပြောကြားထားပါတယ်။

ကုလသမဂ္ဂအဖွဲ့၏ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric ကတော့ ကုလသမဂ္ဂအဖွဲ့ကို ပေးအပ်ရမယ့် ငွေကြေးများကို အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အမြန်ဆုံးပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ထားပါတယ်။ အခုအချိန်မှာတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိနေပြီဖြစ်ပြီး ၁၂၉ နိုင်ငံကသာ ကုလသမဂ္ဂအဖွဲ့သို့ ပုံမှန်ငွေကြေးများ လှူဒါန်းနေတာ ဖြစ်ပါတယ်။ ယခုနှစ် ကုလသမဂ္ဂအဖွဲ့ရဲ့ (၂၀၁၉) ဘဏ္ဍာရေးအခြေအနေမှာ ဒေါ်လာ ၆၇၄ သန်းအထိ ရစရာ အကြွေးကျန်နေသေးပြီး (၂၀၁၈)ခုနှစ်အတွက်လည်း အဖွဲ့ဝင်နိုင်ငံတွေဆီက အကြွေး ဒေါ်လာ (၃၈၁)သန်း ရဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။

READ
မသေခင်ရင်းနှီးသူတွေကိုနှုတ်ဆက်ဖို့ ပါတီကျင်းပခဲ့တဲ့အမျိုးသမီး

Ye Yint Kyaw

SHARE