ကလေးတွေအတွက် ကျောင်းစာရိတ်မရှိလို့ ကျောက်ကပ်ထုတ်ပြီး ရောင်းချတော့မယ့် မိခင်

မိဘဆိုတာ သားသမီးတိုင်းအတွက်တော့ ငွေသေတ္တာ မဖြစ်နိုင်ပါဘူး။ တစ်ချို့က အလွယ်ပြောကြပါတယ်။ ပိုက်ဆံဆိုတာ ဘယ်က ထွက်သလဲဆိုရင် အဖေ့အိတ်ကပ်ထဲကလို့ ဟာသလုပ်ပြီး ဖြေတတ်ကြပါတယ်။ တကယ်တော့ ဘ၀မှာ တစ်ချို့သော မိသားစုတွေအတွက် ငွေရေးကြေးရေးဟာ အများထင်ထားတာထက် ခက်ခဲတတ်ပါတယ်။

အခုလည်း အိန္ဒိယနိုင်ငံ မာရွတ်မြို့၊ ရိုဟာတာရပ်ကွက်မှာ နေထိုင်တဲ့ Aarti Sharma အမည်ရ Facebook အသုံးပြုသူ တစ်ယောက်ဟာ ကျောင်းဖွင့်ရာသီရောက်ပြီမို့ ကလေးတွေအတွက် ကျောင်းစာရိတ် လုံလုံလောက်လောက် မရှိပါဘူး။ ဒီတော့ သူမရဲ့ Facebook ပေါ်မှာ ကျောက်ကပ်လှူဒါန်းမည့်အကြောင်း ကြေငြာခဲ့ပါတယ်။

Aarti ဟာ သူမရဲ့ကျောက်ကပ် ရောင်းချလို့ရတဲ့ငွေနဲ့ သားသမီးတွေ ပညာရေးဆုံးခန်းတိုင်စေလိမ့်မယ်လို့ ထင်မြင်နေပြီး၊ ကျောက်ကပ်ဝယ်ဖို့အတွက်လည်း အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။ သူမမှာ ကျောင်းတက်နေရတဲ့ သားသမီး 4 ဦးအထိ ရှိပြီး၊ ယခုနှစ် ပညာသင်စာရိတ် မတတ်နိုင်တာနဲ့ ကျောင်းက နားရတော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကို အကူညီတောင်းခံခဲ့ဖူးပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးမှာ သူမတို့ မိသားစု ပိုင်ဆိုင်တဲ့ LPG cylinder ကို မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းပြီး စာရိတ်လုပ်ကာ ပြည်နယ်အကြီးအကဲ Yogi Aditya Nath ဆီကို သွားရောက်တွေ့ဆုံကာ အကူအညီတောင်းခဲ့ပါတယ်။ အကြီးအကဲက ကူညီမယ့်အကြောင်း ကတိပေးခဲ့ပေ မယ့် သူပြောထားတဲ့ရက် တော်တော်လွန်သွားတဲ့အထိ ဘာမှဖြစ်မလာခဲ့ပါ။

READ
UNESCOကမှတ်တမ်းခြင်းခံခဲ့ရတဲ့ အင်္ဂလန်အနောက်မြောက်ပိုင်းကလှလွန်းတဲ့နေရာ

Aarti ရဲ့ ခင်ပွန်းက ” သူမက ကျောက်ကပ်ရောင်းဖို့ ဆုံးဖြတ်လိုက်တာပါ .. ကျနော်က ကားမောင်းတဲ့အလုပ်နဲ့ တစ်လကို ရူပီး 4000 ကနေ 5000 လောက်ပဲ ရပါတယ် … အိမ်ငှားခကလည်း မပေးတာအတော်ကြာပြီမို့ အိမ်ပေါ်က နှင်ချခံရ
တော့မယ့် သဘောပါ .. ဒီတော့ အစိုးရက ချေးငွေချေးနိုင်မယ်ဆိုရင် အသေးစားစီးပွားရေးလုပ်ငန်းလေး စတင်နိုင်မှာ ဖြစ်သလို ကလေးတွေကိုလည်း ကျောင်းဆက်ထားနိုင်မယ်လို့ မျှော်လင့်နေပါတယ် “လို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

source : indiatimes.com

SHARE