ရုပ်ရှင်တွေထဲကထက် ပိုစိတ်ဝင်းစားဖို့ကောင်းတဲ့ ဥရောပအလယ်ခေတ်ရဲ့ အကြောင်းတစ်ချို့

တိုက်ပွဲပေါင်းများစွာဖြစ်၊ ကူးစက်ရောဂါများ ဆက်တိုက်ပျံ့ပွား ကာကွယ်ရန် တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှု ကင်းမဲ့တာတွေကနေ ပြဿနာများစွာရှိခဲ့တဲ့ အလယ်ခေတ် (အေဒီ ၁၁၀၀ မှ အေဒီ ၁၄၀၀ အတွင်း) ကာလဟာ ဥရောပ သမိုင်းမှာ အမှောင်အဖုံးဆုံးကာလ အပိုင်းအခြားတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။

ဒါပေမယ့် အလယ်ခေတ်ဟာ သမိုင်းရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ကာလတစ်ခု ဖြစ်သလို အဲ့ဒီ့ခေတ် အကြောင်းတွေကို ပြည့်ပြည့်စုံစုံ သိတဲ့သူဆိုတာလည်း သိပ်မရှိလှဘူး။  ဒါကြောင့် အလယ်ခေတ်ကာလဆီက စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

အကြောင်းအရစ်၊ အစင်းအကျား အ၀တ်အစားတွေဟာ မကောင်းတဲ့ လက္ခဏာ
AndreasPraefcke / Public Domain / wikipedia

အလယ်ခေတ်မှာ အစင်းအကျား၊ အကြောင်းအရစ်တွေနဲ့ အ၀တ်စားတွေကို ၀တ်ဆင်တာ မလုံခြုံပါဘူး။ (၁၃၁၀) ခုနှစ်မှာ အဲ့ဒီလို အ၀တ်အစားတွေကို ၀တ်လို့ ဖိနပ်ချုပ်သမားတစ်ယောက် တကယ်ကြီး ကွပ်မျက်ခံခဲ့ရပါတယ်။ အစင်း အကြောင်းတွေကို သရုပ်ဆောင်တွေ၊ ဂီတ သဘင်သည်၊ ပြည့်တန်ဆာ၊ လူရွှင်တော်နဲ့ လူမှုအဖွဲ့အစည်းထဲမှာ ခိုင်မာတဲ့ နေရာ တစ်ခုမရှိတဲ့ သူတွေကိုပဲ တရားဝင် ၀တ်ဆင်ခွင့်ပြုထားတာပါ။ ဒီလို အ၀တ်အစားကိုကြည့်ပြီး အထက်တန်းကျတဲ့ လူတန်းစား မဟုတ်ဘူးဆိုတာကို ခွဲခြား သိမြင်စေတယ်။

ယနေ့ခေတ်မှာ ဒီလို အစင်းအကြောင်း အ၀တ်အစားတွေက ဘာလို့ မကောင်းဘူး သတ်မှတ်ခဲ့လဲဆိုတဲ့ အဓိက အကြောင်းအရင်းကို မသိကြသလို၊ တစ်ချို့ ကျွမ်းကျင်သူတွေက ခန္ဓာကိုယ် အချိုးအစား ကောက်ကြောင်းကို ဖုံးကွယ်ဖို့၊ တကယ့် အသွင်အပြင်ကို ပြောင်းလဲဖို့ ကြိုးစားမှုတစ်ခုလို့ မှားယွင်း လက်ခံထားကြပါတယ်။

 

ပုလိပ်ရောဂါကုသတဲ့ ဆရာဝန်တွေရဲ့ အကာအကွယ် မျက်နှာဖုံးက နှုတ်သီ
Anagoria / wikipedia

နှုတ်သီးနဲ့ အထူး အကာအကွယ် မျက်နှာဖုံးကို နာမည်ကျော် ပုလိပ်ရောဂါ ဆရာဝန်တွေ ၀တ်ဆင်ခဲ့ကြပါတယ်။ အဲ့ဒီ့မှာ ပါတဲ့ နှုတ်သီးဟာ အနံ့ပြင်းတဲ့ အရာဝတ္ထုတွေကို သယ်ဆောင်ဖို့ဖြစ်တယ်။ ဥပမာအားဖြင့် ဗနီကာ၊ ပန်း၊ ဆေးဖက်ဝင် အပင် နဲ့ တခြား အဲ့ဒီလို အရာတွေမှာ စိမ်ထားတဲ့ အ၀တ်စကို ထည်သွင်းထားဖို့ ဖြစ်တယ်။ ဒီလို အထပ် အစစ် တစ်ခုကြားခံထားပြီး  ပုလိပ်ရောဂါကို တားဆီးနိုင်တယ်လို့ ယူဆခဲ့ကြတယ်။ ဒီနေရာမှ အတိအကျ မသိရတာက ဒီ အဆောင်အကာကို ဘယ်တုန်းက တီထွင်ခဲ့ကြတယ်ဆိုတာပါပဲ။

READ
အရူးထောင်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ရူးဟန်ဆောင်ခဲ့တဲ့ သတင်းထောက်

တော်တော်များများကတော့ ပုလိပ်ရောဂါ ဖြစ်ပွားတဲ့ (၁၄) ရာစုအတွင်း တီထွင်ခဲ့တယ်လို့ သိကြပြီး အဲ့ဒီ့အတွက် ခိုင်မာတဲ့ သက်သေအထောက်အထားက မရှိဘူးလို့ သိရပါတယ်။ တစ်ချို့သော ပညာရှင်တွေကတော့ အဲ့ဒါကို (၁၇) ရာစုမတိုင်ခင်ထိ မဖန်တီးသေးဘူးလို ယုံကြည်နေကြတယ်။

ပထမဆုံး ပုလိပ်ရောဂါ ပြန့်ပွားမှုက ၆ ရာစု အလယ်မှာ စခဲ့ပြီး ဥရောပနဲ့ အာရှအတွင်း လူ (၁၂၅) သန်းကျော် အသက်ဆုံးရှုံးစေခဲ့တယ်။ (၁၄) ရာစုမှာတော့ တရုတ်နိုင်ငံကနေ ဥရောပနဲ့ ရုရှားကို ကူးစက်လာခဲ့ပြီး များစွာသော မြို့တွေကို ဆိတ်သုဉ်းစေခဲ့တယ်။ ဥရောပက လူဦးရေ (၂၅) သန်းလောက်ဟာ ပုလိပ်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီပမာဏက အဲ့ဒီ့အချိန်တုန်းကဆို ဥရောပတစ်တိုက်လုံးရဲ့ လူဦးရေ ၃ ပုံ ၁ ပုံ ဖြစ်ကြောင်း သိရပါတယ်။

 

ဘုရားကျောင်းနံရံတွေက  ဖွင့်ထားတဲ့ အပေါက်များ
John Salmon / geograph.org.uk

အလယ်ခေတ်တုန်းက တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းတွေရဲ့ နံရံမှာ လွှတ်ထား၊ ဖောက်ထားတဲ့ အပေါက်လေးတွေရှိတဲ့ကို ပညာရှင်တွေက ပြန်လည် ပြုပြင်တဲ့အခါမှာ တွေ့ခဲ့ပါတယ်။ အဲ့ဒီ့ နံရံအပေါက်တွေကို hagioscopes လို့ခေါ်ပြီး လူတွေ အထဲမှာ ဘာတွေ ဖြစ်နေလဲ မြင်ရအောင် ထည့်သွင်းတည်ဆောက်ထားမှန်း သိရပါတယ်။ ဘုရားကျောင်းထဲကို အကြောင်းတစ်ချို့ကြောင့် ၀င်ခွင့်မရတဲ့ သူတွေ ( ဥပမာ အနာကြီးရောဂါသည်) အတွက်ရည်ရွယ်တယ်လို့ သိရပါတယ်။

ဘုရားကျောင်းရဲ့ ပုံစံပေါ်လိုက်ပြီး အပေါက်တွေက အ၀ိုင်း၊ လေးထောင့်နဲ့  လက်ဝါးကပ်တိုင်ပုံတောင် ရှိတယ်လို့ သိရတယ်။ အနာကြီးရောဂါကို အမြစ်ဖြတ် ချေမှုန်းနိုင်တဲ့ ၁၆ ရာစုမှာတော့  ဘုရားကျောင်းတော်တော်များက အဲ့ဒီ အပေါက်တွေကို ပိတ်လိုက်ကြပါတယ်။

 

ကြောင်လိမ် လှေကားတွေကို ဘာလို့ နာရီလက်တံလည်တဲ့အတိုင် ရစ်ထားသလဲ…
JOHN K THORNE PHOTOGRAPHY / flickr

အလယ်ခေတ်ကာလရဲ့ ရဲတိုက်တွေထဲက လှေကားတွေဟာ နာရီလည်တံ လက်တဲ့အတိုင်း ရစ်ပတ် တည်ဆောက်ထားချည့် တွေ့ရပါတယ်။  ဘာလို့ ဒီလို တည်ဆောက်ထားရလဲဆိုတော့ တကယ်လို့ ရဲတိုက်ကို လာရောက် တိုက်ခိုက်ချိန် ကာကွယ်မယ့်သူတွေ လှေကားက အဆင်းမှာ ညာလက်နဲ့ တိုက်ခိုက်နိုင်အောင်ဖြစ်ပါတယ်။  လူအများစုကလည်း ညာသန်ပဲလေ..။ လာရောက် တိုက်ခိုက်သူအတွက်ကတော့ လှေကားအတက်မှာ အဲ့ဒီအတိုင်းလုပ်ဖို့  မလွယ်တော့ပါဘူး။

နောက်တစ်ကွက်ကတော့ လှေကားတွေဟာ အမြင့်နဲ့ အကျယ် မတူကြဘူး။ အဲ့ဒီလိုရှိတာကြောင့် လာရောက်တိုက်ခိုက်တဲ့သူတွေ အနေနဲ့ မရင်နှီးတဲ့ နေရာအနေအထားဖြစ်တာကြောင့် ပြုတ်ကျဖို့ ချော်လဲဖို့ အလားအလာ ပိုများစေတယ်။ ပိုင်ရှင်ကတော့ အထစ်တိုင်းရဲ့ အနေအထားကို သိတော့ ပိုမြန်မြန် လှုပ်ရှားနိုင်ပါတယ်။

READ
နယ်ပယ်အသီးသီးက ကမ္ဘာကျော်တွေရဲ့ ငယ်ဘ၀ သမိုင်းဝင်ဓာတ်ပုံများ

 

 မြင်းစီးသူရဲကောင်းတွေက ပက်ကျိနဲ့ တိုက်ခိုက်နေတဲ့ပုံ ဘာကြောင့်ရှိခဲ့လဲ…
British Library

(၁၃) ရာစု အကုန်ပိုင်းလောက်မှာ ဒီလိုပုံ ပါတဲ့ လက်ရေးစာမူတွေကို ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှာ ဖန်တီးခဲ့ကြတယ်။ ပက်ကျိ သတ္တ၀ါကို အလယ်ခေတ် အနုပညာသမားတွေ ဘာကြောင့် သဘောမကျကြလဲဆိုတာကို ပညာရှင်တွေအနေနဲ့ လုံးဝအတိအကျမသိနိုင်ကြပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း ပုံပြင်များစွာရှိပါတယ်။ ပုံပြင်တစ်ခုကတော့ ပက်ကျိတွေ၊ ခရုတွေ အခွံကနေ ထွက်လာတာဟာ ပြန်လည်ရှင်သန်ခြင်းရဲ့ အမှတ်အသားတစ်ခုဖြစ်ပြီး ဒီပုံက တင်စားမှု သက်သက်မျှသာဖြစ်တယ်။

နောက်ပုံပြင်တစ်ခုကတော့ ပက်ကျိဟာ သူရဲဘောနည်းခြင်းရဲ့ အမှတ်အသားအဖြစ်ထည့်သွင်းထားဆိုပြီး ဖြစ်နေပြန်ပါတယ်။ အဖြစ်နိုင်ဆုံးတစ်ခုကတော့ ပက်ကျိဟာ ပြင်သစ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ Lombards လူမျိုးတွေကို ရည်ညွှန်းတယ်ဆိုတာပါပဲ။

ရုပ်ရှင်လိုမဟုတ်ဘူး… အဖြစ်မှန်နဲ့ မတူဘူး….
armstreet

အလယ်ခေတ် အမျိုးသမီးတွေဟာ တကယ်ကို လှပကြတဲ့ သူတွေပါ။ ဒါပေမယ့် သူတို့မှာ ပြင်စရာ ဆင်စရာ အလှပြင် အသုံးအဆောင် ပစ္စည်းတွေ မရှိခဲ့ဘူး။ ဒါကြောင့် Game of Thrones ကြည့်တဲ့သူတွေအနေနဲ့ အဲ့ဒါက တင်ဆက်မှုတစ်ခုသာဖြစ်ကြောင်း သတိရသင့်ပြီး တကယ့် တကယ်တမ်းမှာ အမှန်တရားက ပို ကြမ်းတမ်းပါတယ်။

အမျိုးသမီးတွေဟာ မျက်ခုံးမွှေး အတုလိုအပ်တဲ့အခါ ရှဥ့်တို့ ကြွက်တို့လို သတ္တ၀ါတွေရဲ့ အမွေးအမျှင်တွေကို အသုံးပြုခဲ့ကြတယ်။

အသားပေါ်က အမှတ် အရာတွေဟာ (တင်းတိပ်၊ မှဲ့) မကောင်းဆိုးဝါတွေဆီက ရရှိတာဖြစ်ပြီး ဖုံးကွယ်ရမယ့် အရာတွေလို့ လက်ခံယုံကြည်ခဲ့ကြပါတယ်။ အဲ့ဒီ့အရာတွေကို ဖျောက်ဖျက်ဖို့အတွက် အမျိုးသမီးတွေဟာ မိုးမခပင်ကျရေ၊ ယုန်သွေးနဲ့ တခြားသော ဆန်းပြားတဲ့ အရာတွေကို အသုံးပြုခဲ့ကြတယ်။

ဖြုဖတ် ဖြူလျော်ဖြစ်နေတာက ဖက်ရှင်တစ်ခုလို ဖြစ်ခဲ့ပြီး အဲ့ဒီလိုဖြစ်ဖို့ အမျိုးသမီးတွေက မာကျူရီ၊ အက်စစ် တို့ကို သုံးပြီး သူတို့ရဲ့ မျက်နှာတွေကို  ဖြူအောင်လုပ်ခဲ့ကြတယ်။

တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ ပတ်သက်လို့ သူတို့ဟာ အလှအပြင်ပစ္စည်းတွေ ဘာမှ မသုံးဘူး။ ကိုယ်တိုက်ဆပ်ပြာအတွက် ပြာမှုန်နဲ့ အဆီကို ရောစပ်ပြုလုပ်ထားတာကို သုံးခဲ့ကြပါတယ်။ မျက်နှာတွေက ညစ်ပတ်နေတာလည်း ဖြစ်နိုင်သလို အဲ့ဒီညစ်ပတ်နေတာတွေကို ခုနက ပြောတဲ့အရာနဲ့ ဆေးကြောတာလည်း ဖြစ်နိုင်ပါတယ်။

Ref: Brightside

Matthew (ShweMOM)
SHARE