ထူးထူးဆန်းဆန်းမျိုးရိုးဗီဇချွတ်ယွင်းမှုဖြင့် မွေးဖွားလာသူများ

ကမ္ဘာကြီးတဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ဆန်းသစ်တီထွင်မှုတွေလည်းတစထက် တစတိုးပွားလာပါ တယ်။တိရစ္ဆာန်မျိုးစိတ်၊အပင်မျိုးစိတ်တွေကို တောင်မျိုးစပ်တီထွင်လာကြသလို လူကိုလည်း ဖန်ပြွန်သန္ဓေသား အဖြစ်မွေး ဖွားနိုင်နေပါပြီ ။ဒါပေမယ့် ကောင်းကျိုးနဲ့ဆိုးကျိုး ယှဉ်တွဲနေတတ်တဲ့သဘာဝတရား အရ ဘေးထွက်ဆိုးကျိုးတွေ လည်းဖြစ်ပေါ်လာပါတယ်။ဒီလို မျိုးရိုးဗီဇနဲ့ပတ်သက်ပြီးကမ္ဘာတလွှားက ထူးခြားဆန်းပြားဖြစ်ရပ်တွေကို Shwemom ပရိသတ်ကြီးအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

(၁)ဖားနဲ့တူတဲ့ကလေးငယ်(နီပေါ)

frog like

၂၀၀၆ခုနှစ်က နီပေါနိုင်ငံ၊Dolakha ခရိုင်၊Charikot ဒေသမှာ  မွေးဖွားခဲ့တဲ့ ကလေးငယ်ဖြစ်ပါတယ်။ လည်ပင်းမပါ ဘဲ  ခေါင်းက ခန္ဓာကိုယ်ထဲမျာမြုပ်နေတာပါ။မျက်လုံးတွေက အလွန်ကြီးမားပြီး မျက်အိမ်ထဲကနေ အပြင်ကိုပြူ ထွက်နေ တာပါ။ဖခင် Nir Bahadur Karki  နဲ့မိခင် Suntali Karki  အမည်ရှိမိဘတွေက အဲဒီဒေသမှာရှိတဲ့ Gaurishnkar Hospital ဆေးရုံမှာမွေးဖွားခဲ့တာပါ။ဒါပေမယ့် ကလေးငယ်က မွေးဖွားပြီး တစ်နာရီခွဲအကြာမှာ သေဆုံး သွားခဲ့ပါတယ်။ ကိုယ်အလေးချိန် ၂ကီလိုဂရမ်လေးတဲ့ ဒီကလေးငယ်ကို ပုံမှန်ကိုယ်ဝန်ဆောင်ချိန် ကိုးလနဲ့ပဲမွေးဖွားခဲ့တာပါ။ကိုယ် ၀န်ဆောင်စဉ်မှာ မိခင်ဖြစ်သူအနေနဲ့ နေထိုင်မကောင်းဖြစ်ခြင်းတစုံတရာ မရှိခဲ့ပါဘူး။ဒီကလေးငယ်သေဆုံးသွားတာ နဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူက ယူကျုံးမရဖြစ်တာမျိုးမရှိပါဘူးလို့ဆိုပါတယ်။”ကျွန်တော့်ဇနီးဘာမှမဖြစ်ဘဲ ကျန်းမာစွာရှိနေ တာကိုပဲ ၀မ်းသာလှပါပြီ” လို့ဆိုပါတယ်။ဒီကလေးငယ်ကို လူရာပေါင်းများစွာလာကြည့်ကြတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းပြီး လူစုခွဲပေးခဲ့ရပါတယ်။

 

READ
သူနာပြုဆရာမတွေပြောပြတဲ့ သရဲတစ္ဆေများအကြောင်း Part (2)

(၂) ၁၃လက်မ အရည်ရှိတဲ့ အမြီးနဲ့လူငယ်(အိန္ဒိယ)

a135_tail

Chandre Oram ဆိုတဲ့လူငယ်လေးတစ်ယောက်က  လက်ဖက်ရည်ဆိုင်က အဖျော်ဆရာတစ်ဦးပါ။တင်ပါးမှာ ၁၃လက်မအရှည်ရှိတဲ့ အမြီးပေါက်နေတာပါ။အနောက်ပိုင်းဘင်္ဂလီလူမျိုးတွေကတော့ သူ့ကို စွမ်းအားရှင်ဟန်နုမာ အဖြစ်ယုံကြည်နေကြပါတယ်။သူ့အမြီးကိုထိမိတဲ့လူတွေက ဖျားနာခြင်း၊နေထိုင်မကောင်းဖြစ်ခြင်းတို့မရှိတော့ဘူးလို့ ဆိုကြပါတယ်။ဒါကြောင့် သူ့အမြီးကိုကိုင်ပြီးဆုတောင်းဖို့ လူပေါင်းထောင်ပေါင်းများစွာ ကနေ့စဉ်သူ့ဆီလာရောက်ကြ ပါတယ်။ Oramမှာ ဟန်နုမာဘုရားကျောင်းအသေးစားလေးလည်းရှိပါတယ်။”ကျွန်တော်နဲ့လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ အမျိုးသမီး ၂၀လောက်က ကျွန်တော့်အမြီးကိုမြင်တဲ့အခါ နောက်ဆုတ် သွားကြတယ်။လက်ထပ်ပွဲ ကိုလက်မခံကြတော့ ဘူး။အဲဒီတော့ ကျွန်တော့်အမြီးကို လက်ခံတဲ့မိန်းကလေးကိုပဲကျွန်တော်လက်ထပ်တော့မယ် လို့ဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့ရဲ့လူပျိုညကိုတော့ စွမ်းအားရှင်ဟန်နုမာလို ကျင်းပမယ်”လို့သူကဆိုပါတယ်။Oramရဲ့မိသားစုကတော့ သူ့ရဲ့အမြီးနဲ့ပတ်သက်ပြီး ဂုဏ်ယူနေကြပါတယ်။ခွဲစိတ်ဖယ်ထုတ်ပစ်ဖို့ ဆရာဝန်တွေရဲ့အကြံပြုချက် ကိုတောင်လက် မခံခဲ့ကြပါဘူး။”သူက သူ့အမြီးမရှိရင် အသက်ရှင်နိုင်မှာမဟုတ်ဘူး”လို့ Oramရဲ့အမဖြစ်သူ  Rekhaက ဆိုပါတယ်။ တကယ်တော့ Oram ဟာမွေးရာပါ ရောဂါဖောက်ပြန်ခြင်းကိုခံစားရတာဖြစ်ပြီး ကျောရိုးရဲ့ ဖွဲ့စည်း တည်ဆောက် ပုံမပြည့်စုံတာကြောင့် အခုလို အမြီးအနေနဲ့ ခန္ဓာကိုယ်ပြင်ပကို အမြီးအနေနဲ့ထွက်နေခြင်း ကဖြစ်နိုင်ခြေ အများဆုံးအချက်ဖြစ်တယ်လို့ ဆရာဝန်တွေက မှတ်ချက်ပြုပါတယ်။

READ
ဒုတိယကမ္ဘာစစ်မှာ နာဇီတွေ မအောင်မြင်ခဲ့တဲ့ ကြောက်ခမန်းလိလိ လက်နက်စီမံကိန်းများ

 

(၃)ခြေဖ၀ါး နောက်ပြန်ဖြစ်နေတဲ့ အမျိုးသမီး(တရုတ်)

a135_feetsback

အသက် ၂၇နှစ်အရွယ် Wang Fang ဆိုတဲ့အမျိုးသမီးဟာ မွေးရာပါ ခြေဖ၀ါးနောက်ပြန် အနေအထားနဲ့ မွေးဖွားလာ တာဖြစ်ပါတယ်။သူမဟာ သူမရဲ့ လက်ရှိအခြေအနေကို ပြဿနာတစ်ရပ်လိုမသတ်မှတ်ဘဲ ကောင်းမွန်စွာနေထိုင်နိုင်ဖို့ ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။မကြာသေးမီကလည်း မသန်စွမ်းတွေအတွက် သီးသန့် ထောက်ပံ့ပေးတဲ့ ရံပုံငွေကို ငြင်း ဆိုခဲ့ပါသေးတယ်။”တခြားကျွန်မရဲ့သူငယ်ချင်းတွေထက်ပိုပြီးပြေးနိုင်တယ်။ကျွန်မမိသားစုစားသောက်ဆိုင်မှာ သာမန်လူ တစ်ယောက်လို စားပွဲထိုးလုပ်နိုင်တယ်။ဒါကြောင့် ကျွန်မဒီလိုဖြစ်နေတာကို မသန်စွမ်းတစ်ယောက်လိုခွဲခြား ဆက်ဆံစရာ မလိုပါဘူး”လို့လည်း Wang Fangကဆိုပါတယ်။

 

(၄)ကမ္ဘာ့အကြီးဆုံးလက်ပိုင်ရှင်(တရုတ်)

4

Lui Hua က ပုံမှန်မဟုတ်တဲ့ မျိုးရိုးဗီဇ ဖောက်ပြန်မှုကိုခံစားနေရတာပါ။၂၀၀၇ခုနှစ်၊ ဇူလိုင်လက ရှန်ဟိုင်းဆေးရုံမှာ သူ့ရဲ့ လက်မကိုတိုင်းထွာခဲ့ရာမှာ ၁၀.၂လက်မရှိပြီး၊ လက်ညိုးကတော့ ၁၂လက်မနီးပါးရှိပါတယ်။ဇူလိုင် ၂၀ရက်နေ့မှာတော့ ဆရာဝန်တွေက Lui Hua ရဲ့လက်တွေကို ၁၁ပေါင်လောက်ခွဲထုတ်ဖယ်ရှားပေးခဲ့ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

source:oddee.com

SHARE