မယုံကြည်နိုင်လောက်အောင် သဘာဝအတိုင်းအရောင်အသွေး စုံလင်လွန်းလှတဲ့နေရာများ

သဘာဝတရားကြီးဟာ ဆန်းကျယ်သလောက် သူ့ရဲ့သဘာဝအတိုင်းရှိနေတဲ့ အရောင်တွေဟာလည်း အံ့အားသင့်ဖွယ်ကောင်းလှပါတယ်။ သဘာဝအတိုင်းဖြစ်ပေါ်လျက်ရှိတဲ့ အရောင်စုံရှုခင်းများအကြောင်း ဖော်ပြပေးချင်ပါတယ်။

Lavender Fields, Provence, France

ပြင်သစ်ရဲ့ လာဗင်ဒါစိုက်ခင်းကတော့ ကမ္ဘာ့အကျော်အမော်နေရာတွေထဲ ပါဝင်နေပါတယ်။

Vadim Balakin

Paint Mines, Colorado, USA

ကော်လိုရာဒိုအမျိုးသားဥယျာဉ်ထဲက အံ့သြဖွယ်ကောင်းတဲ့ ကျောက်ဆောင်တွေပဲဖြစ်ပါတယ်။ အရောင်မတူညီမှုတွေကတော့ တိုက်စားခံရတာကြောင့် jasper နဲ့ seienite ရွှံ့တွေထွက်ပေါ်လာခြင်းကြောင့်ပဲဖြစ်ပါတယ်။

Electronic Reflections

Spiaggia Rosa, Italy

သန္တာကျောက်တန်းအသေတွေနဲ့ ခရုခွံတွေကြောင့် ပန်းရောင်ထနေတဲ့ စိတ်ကူးယဉ်ဆန်ဆန်ကမ်းခြေလေးပါ။

Incredibilia

Tulip Fields, Netherlands 

Netherlands, Hollands မှာ ရှိတဲ့ ကျုလစ်စိုက်ခင်းတွေဟာ မတ်လနဲ့ မေလမှာပဲ အခုလို အရောင်စုံလင်စွာနဲ့တွေ့ရတာဖြစ်ပါတယ်။

Are Fixx
Norman Szkop

Kawachi Fuji Gardens, Japan

နတ်သမီးပုံပြင်တွေထဲရောက်သွားသလိုခံစားရမှာဖြစ်ပြီး ခရမ်းရောင် wisterias ပင်လေးတွေတွဲလောင်းကျနေတဲ့အပေါ် အဝါရင့်ရောင်နေပြောက်ထိုးလိုက်တဲ့အခါ အရမ်းကိုလှပတဲ့မြင်ကွင်းတစ်ခုကို ခံစားရမှာပါ။

READ
ကင်းမြီးကောက်တွေနဲတရင်းတနှီးနေတဲ့ အိန္ဒိယကရွာလေး
Tourism on the Edge

Red Sea Beach, China

Sueda အပင်မျိုးဟာ အနီရဲရဲအရောင်ရှိတဲ့ အပင်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ ဧပြီလလောက်မှာ အလှဆုံးဖြစ်လေ့ရှိပါတယ်။ ဒီအပင်တွေပေါက်နေတဲ့ ရေကန်ကို Red Sea လို့တင်စားပီး တရုတ်ပြည်ရဲ့ အလှဆုံးနေရာများထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Places to See in Your Lifetime
Newshonk

Havasu Falls, Arizona, USA

အပြင်မှာလဲ သဘာဝအတိုင်းပြာနေရုံသာမက မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ် ကာဗွန်နိတ်များပြားစွာပါဝင်မှုကြောင့် ရေလည်းနက်ပြီး စိမ်းပြာရောင်ထနေတာပါ။

imageswallpapers

Bering Land Bridge National Preserve, Alaska

အမေရိက အလက်စကာမှာရှိတဲ့ အမျိုးသားသဘာဝဥယျာဉ်လေးဖြစ်ပြီး အခုလိုလှပတဲ့မြင်ကွင်းမျိုးကတော့ autumn ကာလမှာပဲ တွေ့ရမှာဖြစ်ပါတယ်။

Flikr

Glow-worm Caves, New Zealand

Waitomo, New Zealand ဟာ Arachnocampa luminosa ဆိုတဲ့ ခန္ဓာကိုယ်မှ အလင်းရောင်ထုတ်လွှတ်နိုင်တဲ့ပိုးကောင်မျိုးတွေရှိနေတဲ့ လှိုင်ဂူပဲဖြစ်ပါတယ်။

READ
ကမာ့္ဘနိုင်ငံအသီးသီးက စိတ်ဝင်စားဖွယ် အကျဉ်းထောင်များအကြောင်း
World of Travel

Penny

Ref: Elite Readers

SHARE