အန်ကယ်ဖတ်တီး အမည်ရမျောက်ကြီး၊ အလေးချိန်ကျဆင်းလို့ တောထဲပြန်လွှတ်

အစားအစာတွေ နင်းကန်စားလွန်လို့ ပုံပျက်ပန်းပျက်ဖြစ်အောင် ၀ဖြိုးနေတဲ့ အန်ကယ်ဖတ်တီးအမည်ရ မျောက်ကြီးဟာ အခုအခါမှာ လှုပ်နိုင်ရှားနိုင်တဲ့ ကိုယ်အလေးချိန်ကို ပြန်လည် ရရှိသွားပြီမို့ တောထဲကို ပြန်လွှတ်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အန်ကယ် ဖတ်တီးကို ယခင်က ဘန်ကောက်မြို့၊ Bang Khun Thian ရပ်ကွက်မှာ စောင့်ရှောက်ထားခဲ့တာပါ။

အန်ကယ်ဖတ်တီးကို ကမ္ဘာလှည့်ခရီးသွားတွေက ချစ်လို့၊ အစားအစာတွေ ပစ်ကျွေးလေ့ရှိခဲ့ပါတယ်။ သူဟာ ကျွေးသမျှ အစားအစာတွေကို ဒိုင်ခံစားသောက်ရင်း အ၀လွန်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ အန်ကယ်ဖတ်တီးကို ကျွေးမွေးဖို့ အထူးအကြံပြုထားတဲ့ အစားအစာတွေကိုသာ မျောက်ကြီး စားသုံးခဲ့ရပါတယ်။

Picture: Viral Press

ယခင်က ရောဂါကြောင့် အန်ကယ်ဖတ်တီးကို အ၀လွန်တာလို့ ယူဆပြီး၊ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် မည်သည့် ရောဂါလက္ခဏာမှ မတွေ့ခဲ့ရပါဘူး။ အန်ကယ်ဖတ်တီးဟာ 27 ကီလိုဂရမ်အထိ အလေးချိန် ရှိခဲ့ပါတယ်။ သာမန်မျောက်တစ်ကောင်ဟာ အလေးချိန် 8 ကီလိုဂရမ်မှ 10 အထိသာ ရှိကြပါတယ်။

Picture: Viral Press

နောက်ပိုင်းမှာ အန်ကယ်ဖတ်တီးဟာ သူ သိပ်ကြိုက်တဲ့ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေ စားခွင့် ကန့်သတ်ခံခဲ့ရပြီးနောက် ကိုယ်အလေးချိန်က သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ သူဟာ 24.72 ကီလိုဂရမ်သာ ရှိတော့ပြီး၊ ခန္ဓာကိုယ်ရဲ့ 8% အလေးချိန် ကျဆင်းခဲ့တဲ့ အဓိပ္ပါယ်ပါဘဲ။

READ
ဟစ်တလာ၏ ယူရိုသန်း(100)တန်ရွှေချောင်းများကို သမုဒ္ဒရာကြမ်းပြင်တွင်ရှာဖွေတွေ့ရှိခဲ့သူ
Picture: Viral Press

ဒေသအာဏာပိုင်တွေက အဆိုပါ ဒေသမှာရှိတဲ့ မျောက်တွေကို အစားအစာကျွေးခွင့်ကို ကန့်သတ်ဖွယ်ရှိနေပြီး၊ အချိုဓာတ်လွန်ကဲ့တဲ့အစားအစာတွေကိုတော့ သေချာပေါက် ပိတ်ပင်ဖို့ရှိတယ်လို့ သိရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE