သီချင်းနားထောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အံ့သြဖွယ်အကျိုးတရား (၇) ချက်

pixabay

သီချင်း၊ ဂီတသံစဉ်တွေဟာ လူသားတွေရဲ့စိတ်ကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ စိတ်ဓာတ်ကျနေတဲ့အချိန် သီချင်းနားထောင်ပါက အားအင်တွေ ပြန်ပြည့်လာသလို ခံစားရစေတာကို ငြင်းနိုင်မယ်မထင်ပါဘူး။ ဒီအပြင် ပျော်ရွှင်နေတဲ့အချိန်မှာလည်း မြူးမြူးကြွကြွသံစဉ်များက ပျော်ရွှင်စိတ်ကို ပိုဖြစ်စေပြီး တက်ကြွစေတဲ့အပြင် အသည်းကွဲတာတွေ၊ ဝမ်းနည်းတာကိုလည်း သီချင်းတွေနားထောင်ပြီး ဖြေဖျောက်ပစ်လို့ ရနိုင်ပါတယ်။

ခံစားချက်တွေကို ပံ့ပိုးပေးတဲ့အပြင် အမူအကျင့်ကောင်းများကို ဖြစ်ပေါ်စေပြီး သီချင်းနားထောင်ခြင်း၊ မနားထောင်ခြင်းအပေါ်မူတည်ပြီးလည်း ကွဲပြားသွားတဲ့ စိတ်နေစိတ်ထားတွေ ရှိနေပါတယ်။ ဘယ်အချက်တွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

(၁) သီချင်းနားထောင်ခြင်းဟာ စာမှတ်ခြင်းကို ပိုထိရောက်စေပါတယ်။ သီချင်းရဲ့ melody, harmony နဲ့ rhythm တွေရဲ့စည်းချက်တိုင်းကို ဦးနှောက်မှလိုက်မှတ်နေတဲ့အတွက် ဦးနှောက်အတွက် လေ့ကျင်းခန်းကောင်းတစ်ခုဖြစ်စေပါတယ်။

pixabay

(၂) စိတ်ဓာတ်ရာတွေကို ဖြေဖျောက်ပေးပါတယ်။ အသည်းကွဲသီချင်းတွေနဲ့ စိတ်မကောင်းစရာသီချင်းတွေဟာ တကယ်တမ်းတော့ သင့်စိတ်ကို ပိုပြီးဆိုးရွားအောင်မလုပ်ပေးဘဲ မသိစိတ်မှာ စိတ်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေတယ်လို့သိရပါတယ်။ ဒါကြောင့် အသည်းကွဲတဲ့အခါ လူတွေက ကိုယ်နဲ့အတိုက်ဆိုင်ဆုံး အသည်းကွဲသီချင်းတွေကို တောင့်တတတ်ကြတာပါ။

READ
ဆော်ဒီနဲ့ယူအေအီး နှစ်နိုင်ငံကြားက လီယိုနာဒိုဒါဗင်ချီပန်းချီကားအရှုပ်တော်ပုံ
Mind Blowing Facts

(၃) ၂၀၁၄ မှာ လေ့လာတွေ့ရှိချက်အရ သီချင်းနားထောင်တဲ့လူတွေဟာ ပိုပြီးရက်ရောတယ်လို့ သိရပါတယ်။ အထူးသဖြင့် သီချင်းအေးအေးလေးတွေ ကြိုက်တတ်တဲ့လူတွေပါ။

Mind Blowing Facts

(၄) သီချင်းနားထောင်ရင်း လေ့ကျင့်ခန်းလုပ်ပါက စိတ်အားထက်သန်မှုပိုဖြစ်စေပါတယ်။ သီချင်းရဲ့ beat တွေနဲ့ လေ့ကျင့်ခန်းရဲ့စည်းချက်တွေကို တိုက်ဆိုင်အောင် ဦးနှောက်ကခိုင်းစေနေတဲ့အတွက် မသိစိတ်မှာ လေ့ကျင့်ခန်းလုပ်ရတာကို ပိုတက်ကြွစေပါတယ်။

pixabay

(၅) ပုံမှန်အိပ်မပျော်တတ်တဲ့လူဟာ သီချင်းလေးဖွင့်ပြီး အိပ်ကြည့်ရင် မြန်မြန်အိပ်ပျော်တာကို တွေ့ရမှာပါ။ တစ်နေ့လုံးပင်ပန်းထားသမျှ ဦးနှောက်ကသီချင်းသံကြောင့် အာရုံကြောတွေကို ဖြေလျော့ပေးလိုက်တဲ့အတွက်ပါ။

Mind Blowing Facts

(၆) သီချင်းနားထောင်တဲ့အခါ နှလုံးခုန်သံတွေဟာ သီချင်းရဲ့ rhythm ကို တုပြီး နှလုံးခုန်နှုန်းပြောင်းလဲသွားတယ်လို့ သိရပါတယ်။

Mind Blowing Facts

(၇) သီချင်းနားထောင်ခြင်းဟာ ဦးနှောက်နဲ့ပတ်သက်တဲ့ အယ်လ်ဇိုင်းမားတို့၊ သတိမေ့တတ်တဲ့ ရောဂါတို့ ဖြစ်နေခြင်းကို ကုသလို့ရပါတယ်။ အရှင်းပျောက်ကွယ်သွားမယ်လို့တော့မဆိုလိုပေမယ့် တိုးတက်ပြောင်းလဲမှုတွေ ရှိတတ်ပါတယ်။ Parkinson’s လိုရောဂါကိုတောင် သီချင်းကုထုံးနဲ့ တရားဝင် ကုနေကြပါတယ်။

Mind Blowing Facts

Source: Blowing Facts

Penny

SHARE