အရပ်ပုလေ အသားလွှာတွေပိုပေးလေဆိုတဲ့ ထိုင်ဝမ်ကဟော့ပေါ့ဆိုင်ကြီး

@fanzuo_,@hanju0317/Instagram

အရပ်ပုတာ ပြစ်ချက်ကြီးတစ်ခုကိုတွေးနေမိပြီလား? ပုလေနုလေဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါနော်။ ဒီလိုပဲ ပုလို့နုတယ်ဆိုတာပဲရှိသလို ထိုင်ဝမ်ကဟော့ပေါ့ဆိုင်ကြီးကလည်း ဂျပုလေးတွေအတွက် အရပ်ပုတဲ့အလိုက်အသားလွှာတွေလက်ဆောင်ရနိုင်မယ်ဆိုတဲ့ အစီအစဉ်တစ်ခုရှိလို့နေပါတယ်။

အရပ် ၁၇၅ စင်တီမီတာအောက်ရှိတဲ့ ဘယ်သူမဆိုဟာ ၁ စင်တီမီတာဆိုတာနဲ့ အသားလွှာ၁ခု လက်ဆောင်ရမှာပါတဲ့။ ၁၇၅ စင်တီမီတာဆိုတော့ ၅ ပေနဲ့ ၇ လက်မပေါ့။ အစားပုတ်ဂျပုလေးတွေအတွက်တော့ သိပ်ကိုကောင်းတဲ့အခွင့်အရေးတစ်ခုပါနော်။ ဆိုလိုတာ ကိုယ်က ၁၆၁ စင်တီမီတာ ရှိတယ်ဆိရင် အသားလွှာ ၁၄ ခုရမှာပါ။ ၅ ပေပတ်လည်လလေးတွေဆို မိုက်ပြီ။

ဟော့ပေါ့ဆိုင်နာမည်ကတော့ Ai Shi Guo လို့ခေါ်ပြီး မိန်းကလေးအများစုအကြိုက် မာလာအရသာနဲ့ ဟင်းရည်ကိုဖန်တီးထားတာပါ။ ဆိုင်က Facebook page မှာကတော့ ဇူလိုင်လ ၂၁ ရက်နေ့တုန်းက ကြေငြာခဲ့ပါတယ်။

今年夏天最火紅的問候語✨你可以換幾片肉?✨趕快用你的身高來換肉片吧💋愛食鍋💋裕誠店✉️高雄市左營區裕誠路297號☎️07-5585811新田店✉️高雄市前金區新田路252號☎️07-2210288台中西屯店✉️台中市西屯區大墩二十街57號☎️04-23102110

Posted by 愛食鍋麻辣鴛鴦-台中西屯店 on Sunday, 21 July 2019

သူတို့ဆီက နွေရာသီအတွက်အထူးအစီအစဉ်တစ်ခုဖြစ်ပြီး ပရိုမိုးရှင်းကုန်ဆုံးမယ့်ရက်ကိုတော့ မကြေငြာထားသေးပါဘူး။ ဆိုင်ခွဲအနေနဲ့ ၃ ဆိုင်ရှိနေပြီး ထိုင်ဝမ်မှာတစ်ဆိုင်၊ Kaohsuing နဲ့ Taichung တို့မှာတစ်ဆိုင်ဆီ ဖွင့်လှစ်ထားခဲ့ပါတယ်။

READ
သူစီးခဲ့တဲ့ လှိုင်းလုံးကြီးကို ကြည့်ပြီး ကြက်သီးမထတဲ့သူ ဘယ်သူရှိလဲ

https://www.instagram.com/p/ByfOmssAhe4/?utm_source=ig_embed

Penny

SHARE