အသွင်ယူထားတဲ့ ရဲတွေ အချင်းအချင်း ပြန်ဖမ်းမိကြတဲ့ အမေရိကန်နိုင်ငံက ဖြစ်ရပ်

အမေရိကန်နိုင်ငံ Detroit မြို့က ရဲ တပ်ဖွဲ့နှစ်ဖွဲ့ဟာ မူးယစ်ဆေးဝါ ဖမ်းဆီးဖို့ လှုပ်ရှားကြရင် အချင်းချင်း ပြန်ဖမ်းမိတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဖြစ်ပုံကတော့ တစ်ဖွဲ့က မူးယစ်ဆေးဝါ ရောင်းဝယ်ဖောက်ကားတဲ့ သူတွေအဖြစ် အသွင်ယူပြီး Detroit ကို သွားခဲ့ကြပါတယ်။ ဒါကို အဲ့ဒီမှာ သတင်းရလို့ စောင့်နေတဲ့ တခြားတပ်ဖွဲ့ တစ်ဖွဲ့က တကယ့် မူးယစ်ရောင်းဝယ်သူလို့ ထင်ပြီး အိမ်ကို ၀င်ရောက်စီးနင်း ခဲ့ကြရင်းက ရုန်းရင်ဆန်ခတ်တွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ဖြစ်စဉ်က လုပ်သက်တစ်လျှောက် ကြုံဖူးသမျှထဲမှာ စိတ်ဖို့ အကောင်းဆုံးပဲလို့ သက်ဆိုင်ရာ ဌာနရဲ့ အရာရှိကပြောဆိုထားပါတယ်။

ရောင်းချသူတွေ အဖြစ် အယောင်ဆောင်ပြီး သွားခဲ့တဲ့ နယ်မြေ (၁၂) က အရာရှိတွေက ၀ယ်သူ၊ သုံးစွဲသူတွေကို ဖမ်းဆီးဖို့ဖြစ်ပါတယ်။ အဲ့ဒီ့ ရဲအရာရှိတွေရှိနေတဲ့ အိမ်ထဲကို ၀ယ်သူ နှစ်ယောက်က ၀င်သွားပါတယ်။ အဲ့ဒီဝင်သွားတဲ့ နှစ်ယောက်ကလည်း ၀ယ်သူတွေအဖြစ် အယောင်ဆောင်ထားတဲ့ သူတွေဖြစ်သလို ရောင်းချတဲ့ သူတွေကို ဖမ်းဆီးဖို့ ဖြစ်ပါတယ်။ သူတို့က Detroit မြို့ နယ်မြေ (၁၁) ရဲဌာနကဖြစ်တယ်။

READ
သခင်တွေနဲ့အတူ နေထိုင်ပြီး တီဗွီကြည့်ုခြင်းကို နှစ်သက်တဲ့ ပေါင်ချိန်(၂၅၂၀)ရှိ ကျွဲကြီး

သူတို့ နေရာ စတင်ရှာဖွေကြတာ၊ ရောက်ရှိသွားတာတွေကို သူတို့ရဲ့ ကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ တစ်လျှောက်လုံးမှတ်တမ်းယူထားနိုင်ခဲ့ပါတယ်။ အရာရှိအချင်းချင်း ထိုးကြကြိတ်ကြတာက အစ ဖြစ်စဉ်တစ်ခုလုံးကို  ရရှိခဲ့တာဖြစ်ပါတယ်။ မှတ်တမ်းဗီဒီယိုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Ref: International High-life

Matthew (ShweMOM)

 

SHARE