သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေးမှုရှိတဲ့ ဇီဝအခြေခံ ဟော့ဘစ်အိမ်

သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေ နည်းပါးပြီး ယင်းနဲ့ လိုက်လျောညီထွေးမှုရှိတဲ့ ဇီဝအခြေခံ ဗိသုကာပညာနဲ့ တည်ဆောက်ထားတဲ့ အိမ်လေးတစ်အိမ်အကြောင်း ဖော်ပြပေးချင်ပါတယ်။

Javier Senosiain

ယင်း အိမ်လေးအတွက် စိတ်ကူးကို မက္ကဆီကန် ဗိသုကာပညာရှင် Javier Senosiain က ရရှိခဲ့တာဖြစ်ပါတယ်။ ခြံထဲမှာ လမ်းလျှောက်ထွက်နေရင်း အိမ်ခေါ်မိုးပေါ်ကို မသိလိုက်ဘာသာ ရောက်နေစေမယ့် ဒီဇိုင်းဖြစ်တယ်လို့ Senosiain က ဆိုပါတယ်။

Javier Senosiain
Javier Senosiain

ဒီ မက္ကဆီကန် ဗိသုကာပညာရှင်က ၄င်းရဲ့ ဇီဝအခြေခံ ဗိသုကာလက်ရာတွေနဲ့ ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ သူက မြွေပုံစံ၊ ငါးမန်းပုံစံနဲ့ ပန်းပုံစံအိမ်တွေကိုလည်း ဆောက်လုပ်ဖူးသူပါ။

Javier Senosiain
Javier Senosiain
Javier Senosiain

Senosiain က သစ်ပင်တွေ၊ ခြုံပုတ်တွေကို ရည်ရွက်ကောင်းကောင်းနဲ့ အသုံးချထားတာကို တွေ့ရပါတယ်။ စူးရှတဲ့ နေရောင်ခြည်ကျရောက်တဲ့ လျော့နည်းစေဖို့နဲ့ အတွင်းပိုင်း အေးမြစေဖို့ အစိမ်းအရောင်ခြယ် အကာ အတန်းတွေကို ဖန်တီးတယ်၊ ဒီ့အပြင် ဖုန်မှုန့်နဲ့ ဆူညံမှုဒဏ်တွေအတွက်လည်း အကာအကွယ်ဖြစ်စေတယ်။

READ
Social Media ပေါ်မှာ နာမည်ကြီးလာအောင် ဘယ်လိုလုပ်မလဲ..?
Javier Senosiain

ဒီလို မြက်ခင်း အမိုးတွေက အပူနဲ့ အအေးဒဏ်ကို ကာကွယ်ပေးပြီး အတွင်းပိုင်း အပူအချိန်ကိုလည်း ထိန်းညှိပေးရာမှာ အထောက်အကူဖြစ်စေပါတယ်။

Javier Senosiain

အဓိကရည်ရွယ်ချက်ကတော့ မိခင် သဘာဝလောကကြီးနဲ့ ဆက်နွှယ်ကိုက်ညီမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့ ဖြစ်တယ်လို့ ဗိသုကာပညာရှင်က သူရဲ့ ၀က်ဘ်ဆိုက်မှာ ရေးထားပါတယ်။

Javier Senosiain

အတွင်းပိုင်းက မြေအောက် လှိုက်ဂူ သဖွယ်ဖြစ်ပြီး အပြင်ဘက်နဲ့တော့ ပြတင်းပေါက်အကျယ်ကြီးတစ်ခုနဲ့ ဆက်ထားတယ်။

Javier Senosiain
Javier Senosiain

နံရံတွေ၊ မျက်နှာကျက်တွေ၊ ထည့်သွင်း တည်ဆောက်ထားတဲ့ ပရိဘောဂတွေကို သတ္တုဇကာ အလွှာအထပ် အခံပေါ် ထုံးမှုန့်နဲ့ ဘိလပ်မြေအဖြူ ပါတဲ့ ဘိလပ်မြေ အုပ်လောင်းပြီး ပြုလုပ်ထားပါတယ်။

Javier Senosiain
Javier Senosiain
Javier Senosiain

လက်ဝါးပုံစံ ကုလားထိုင်တွေကို ဧည့်ခန်းထဲမှာ ထည့်သွင်းထားပြီး ယင်းခုံက Pedro Friedeberg ဆိုတဲ့ အနုပညာရှင်ရဲ့ ဖန်တီးမှုဖြစ်ကြောင်းသိရပါတယ်။ Eero Aarnio ရဲ့ ရေမြှုပ်ကုလားထိုင်တွေကိုလည်း ထည့်သွင်း ပြင်ဆင်ထားပါတယ်။

READ
အကြပ်အတည်းကာလမှာစိတ်ဖိအားတွေကို လွယ်ကူစွာကျော်ဖြတ်ဖို့ နည်းလမ်းများ
Javier Senosiain

ဧည့်ခန်းနဲ့ သီးသန့်အိပ်ခန်းတွေကို လှိုဏ်းခေါင်းနဲ့ ဆက်သွယ်ထားတယ်။

Javier Senosiain

ပထမ ဘဲဥပုံ အခန်းက ဧည့်ခန်း၊ စားသောက်ခန်းနဲ့ ဧည့်ခန်းတို့ပါဝင်တယ်။ ဒုတိယ အခန်းကတော့ အိပ်စရာချောင်းလေးတွေအများကြီးပါဝင်ပါတယ်။

Javier Senosiain
Javier Senosiain
Javier Senosiain

ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင် အပြင် ရေချိုးခန်း၊ အ၀တ်လဲခန်းတွေနဲ့ တွဲထားတဲ့ အိပ်ခန်းတွေပါဝင်တဲ့ အိမ်ဟာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပြီး တစ်ပါးသူတွေနဲ့လည်း စုဝေးနေထိုင်ကာ ရင်းနှီးမှုတွေ ဖော်ဆောင်နိုင်တဲ့ အိမ်ဖြစ်ကြောင်း Senosiain က ပြောပါတယ်။

Ref: Bored Panda

Matthew (ShweMOM)v
SHARE