ပြီးပြည့်စုံတဲ့အချစ်ရေးကိုပိုင်ဆိုင်ဖို့နားလည်ထားဖို့လိုတဲ့အချစ်ရဲ့ဘာသာစကား(၄)မျိုး

Shwemomပရိသတ်ကြီးကိုအခုဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ချစ်သူတွေမှာပဲဖြစ်ဖြစ်၊ဇနီးမောင်နှံတွေမှာပဲဖြစ် ဖြစ်အချစ်ရဲ့ပြည့်စုံတဲ့ဆုလာဘ်လေးတွေပိုင်ဆိုင်နိုင်ဖို့နားလည်ထားဖို့လိုတဲ့အချစ်ရဲ့ဘာသာစကား တွေအကြောင်းပဲဖြစ်ပါတယ်။တချို့အချစ်ကိုနားမလည်ဘူးပြောတဲ့သူတွေကအခုဖော်ပြပေးမယ့်အချစ်ရဲ့ဘာသာစကားတွေကိုနားလည်ဖို့လိုနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

  • အကူအညီပေးခြင်း၊၀န်ဆောင်မှုပေးခြင်း

ဒီအချက်ဟာမယ်တစ်ထမ်းမောင်တစ်ရွက်အိမ်ရဲ့တာဝန်တွေကိုခွဲဝေယူနေရတဲ့စုံတွဲတွေနားလည်ထားဖို့လိုတဲ့အချက်ဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်း လင်မယားကွာရှင်းကြတဲ့ အဓိကအကြောင်းအရင်းကတော့လင်ယောက်ျားတွေအနေနဲ့ ဇနီးသည်ကို အိမ်အလုပ်တွေကူမလုပ်ပေးလို့ဆိုတဲ့အချက်ပါပဲ။အိမ်မှုကိစ္စဆိုတာ မိန်းမတွေလုပ်ရမယ့်အလုပ်ဆိုတဲ့အချက်ဟာမိန်းမတွေ အပြင်ထွက်အလုပ်မလုပ်ရတဲ့၂၀ရာစုနှစ်မှာဖြစ်နိုင်ပေမယ့်အခုလိုမယ်ရော မောင်ရောအလုပ်လုပ်မှအဆင်ပြေမယ့် ခေတ်ကြီးမှာအိမ်အလုပ်ကိုလည်းမယ်ရောမောင်ရောခွဲဝေတာဝန်ယူဖို့အရေးကြီးပါတယ်။ကော်ဖီဖျော်ပေးတာ၊ပန်းကန်ကူဆေးပေးတာ၊အ၀တ်ကူလှန်းပေးတာတွေကမပင်းပန်းဘဲအချစ်ရေးကိုသာယာချမ်းမြေ့စေမယ့်နားလည်ထားဖို့လိုတဲ့အချက်လေး တွေပါ။

  • အချိန်ပေးခြင်း

ချစ်သူစုံတွဲတွေကြားမှာတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အချိန်ပေးဖို့လိုတဲ့အချက်ကတော့ရင်းနှီးမှုကိုပိုတိုးစေဖို့ပါ။ဒါပေမယ့်စုံတွဲတွေအဓိပ္ပာယ်ကောက်မလွဲဖို့က နှစ်ယောက်အတူရှိချိန်ဘယ်လောက်ကြာသလဲဆိုတဲ့အချက်မဟုတ်ဘဲအတူရှိချိန်မှာ ဘယ်လောက်ပျော်ရလဲ၊စိတ်ချမ်းသာရလဲဆိုတဲ့အချက်ဖြစ်ပါတယ်။အတူရှိချိန်တွေကို ပျော်ရွှင်စွာဖြတ်သန်းဖို့လိုပါတယ်။

  • လက်ဆောင်ပေးခြင်း

ဒါဟာ ချစ်သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်အလေးထားဂရုစိုက်လဲဆိုတာသက်သေပြလို့အကောင်း ဆုံးအရာပါပဲ။လက်ဆောင်ဆိုတဲ့နေရာမှာတန်ဖိုးကြီးအရာမှမဟုတ်ပါဘူး။ချစ်သူအတွက် စေတနာအပြည့်နဲ့စီစဉ်ပေးတဲ့ဘယ် အရာမျိုးကိုမဆိုပြီးပြည့်စုံတဲ့ချစ်သက်လက်ဆောင်အဖြစ်သတ်မှတ်နိုင်ပါတယ်။သူ့မွေးနေ့မှာသူကြိုက်တတ်တဲ့အစားအစာ လေးတွေစီစဉ်ပေးတာ ဒါမှမဟုတ်သူ့အတွက်ကလစ်တစ်ချောင်းပဲဖြစ်ဖြစ်၊ လက်ကိုင်ပ၀ါတစ်ထည်ပဲဖြစ်ဖြစ်သူ့အပေါ်ကိုယ့်ရဲ့ လးနက်မှုကိုပြသပေးဖို့လိုပါတယ်။

  • စကားလုံးအသုံးအနှုန်း

တချို့စုံတွဲတွေမှာ ဖြစ်လေ့ရှိတာက ချစ်သူဘ၀မှာတစ်ယောက်နဲ့တစ်ယောက်နူးနူးညံ့ညံ့ခေါ်ပြောခဲ့တဲ့အသုံးအနှုန်းလေးတွေ ကို အိမ်ထောင်ကျသွားတဲ့အခါ ဆက်မသုံးတော့တာမျိုးပါ။တကယ်တော့ ချစ်သူတွေကြားမှာ အခေါ်အဝေါ်စကားလုံးအသုံး အနှုန်းလေးတွေကအစ ဂရုစိုက်ဖို့လိုပါတယ်။နူးညံ့မှုနဲ့ပြောနေတဲ့သူကို ကြမ်းကြမ်းတမ်းတမ်းစကားလုံးတွေနဲ့တုန့်ပြန်ဖို့ ဆိုတာ တော်ရုံလျစ်လျူရှုနိုင်တဲ့သူတွေပဲလုပ်နိုင်မှာပါ။ချစ်သူတွေကြားမှာတော့ နူးညံ့တဲ့စကားလုံးလေးတစ်လုံးက အရာအားလုံးကိုပြီးပြည့်စုံသွားစေနိုင်ပါတယ်။

ChoChoThan(Shwemom)

ref:lifehack.org

SHARE