အရှေ့တောင်အာရှတစ်ခွင်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ခရီးသွားနေရာလေးများ

Instagram / Tripadvisor

သင်က အရှေ့တောင်အာရှ နိုင်ငံတွေဆီ ခရီးသွားဖို့ စိတ်ကူးနေတယ်ဆိုရင် ဒီအချက်လေးတွေကို ဝေမျှပေးပါရစေ။ ဒီနေရာတွေက ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို သိပ်ပြီး မခံရသေးပေမယ့် အရမ်းလှတဲ့နေရာတွေဖြစ်ပြီး၊ တချို့ကတော့ ထူးဆန်းတဲ့ ခံစားမှုမျိုးကိုပေးနိုင်လိမ့်မယ်လို့ ခရီးသွားဝက်ဆိုက်တွေက ညွှန်းဆိုပေးထားတာပါ။

(၁)။ ဗီယက်နမ်ရဲ့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီး

ဗီယက်နမ်နိုင်ငံ၊ Phong Nha-ke Bang Nation Park မှာရှိတဲ့ Son Doong ဆိုတဲ့ လှိုဂ်ဂူကြီးကတော့ ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီးပဲဖြစ်ပြီး Trekking သမားတွေနဲ့ ဓာတ်ပုံသမားတွေ သွားသင့်တဲ့နေရာတစ်ခုပါ။ သူ့ရဲ့အလင်းရောင်ရမှု၊ သဘာဝဆန်မှုတွေက ရောက်ရှိလာသူတွေကို အံ့အားသင့်သွားစေပါတယ်တဲ့။

 

(၂)။ သေမင်းတမန်မီးရထားလမ်း

ခရီးသွားသူတွေပြောကြတာကတော့ ထိုင်းနဲ့မြန်မာနယ်စပ်က သေမင်းတမန်မီးရထားလမ်းဟာ တစ်ခေါက်လောက်အရောက်သွားပြီး ကြည့်သင့်တဲ့နေရာတစ်ခုပါတဲ့။ နာနတ်ပင်တွေ၊ စပါးခင်းတွေကိုဖြတ်ပြီးမြင်ရတဲ့ ရထားပေါ်က ရှုခင်းဟာ အသက်ဝင်လှပြီး ဒီရထားလမ်းရဲ့နောက်ကွယ်က ဇာတ်လမ်းတွေကိုလည်း ခံစားနိုင်တယ်လို့ ဆိုပါတယ်။

(၃)။ ကမ္ဘာဒီးယားရဲ့လိမ်မာတဲ့လင်းပိုင်တွေ

READ
ခရီးသွားတွေ သဘောကျနေတဲ့ သြစတြီးယားနိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေခဲလှိုဏ်ဂူ

ကမ္ဘာဒီးယားနိုင်ငံ၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာတော့ လိမ်မာပြီး ချစ်စရာကောင်းတဲ့ လင်းပိုင်တွေနဲ့အတူ နေ၀င်ချိန်ကို ခံစားရတာ အဓိပ္ပာယ်တစ်ခု ပါပဲတဲ့။ သူတို့ကတော့ အဲဒီလင်းပိုင်တွေကို ဧရာဝတီလင်းပိုင် တွေလို့ခေါ်ကြပြီး ခရီးသွားတွေဟာ မြစ်တစ်လျှောက် လင်းပိုင်တွေကို ကြည့်လို့ရတဲ့ အစီအစဉ်တွေမှာ ပါဝင်နေကြပါပြီ။

(၄)။ ဖိလစ်ပိုင်ရဲ့ဥရောပဆန်တဲ့နေရာလေး

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ဗီဂန် ဆိုတဲ့ မြို့ငယ်လေးကတော့ သူ့ရဲ့ဥရောပဆန်မှုကြောင့် နာမည်ကြီးနေခဲ့တာပါ။  လမ်းဘေးမှာရှိတဲ့ ဆိုင်ငယ်လေးတွေ၊ မြို့ထဲမှာ ဖြတ်သွားနေကြတဲ့ ရထားလုံးတွေ၊ စတဲ့ ဥရောပဆန်မှုတွေကြောင့် ဗီဂန် ဟာ နိုင်ငံခြားဧည့်သည်တွေအလာများတဲ့နေရာတစ်ခု ဖြစ်လာခဲ့တာပါ။

(၅)။ လာအိုရဲ့ Don Daeng ကမ်းခြေ

READ
ကြက်သီးထဖွယ်ရာရှုခင်းတွေနဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်ကြီး ၇ ခုအကြောင်း

လာအိုဟာ ကမ်းခြေနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့နေရာတစ်ခုလို့ သင်စိတ်ကူးမိမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လာအိုက ကုန်းတွင်းပိတ်တိုင်းပြည်တစ်ခုမို့ပါ။ ဒါပေမယ့် လာအိုနိုင်ငံတွင်းမှာရှိတဲ့

Don Daeng ကျွန်းရဲ့ကမ်းခြေကတော့ တကယ့်ကိုအရိုင်းဆန်ပြီး လှပတဲ့နေရာဖြစ်တယ်လို့ ခရီးသွားတွေက မှတ်ချက်ပေးထားကြပါတယ်။

 

View this post on Instagram

 

#Dondaeng

A post shared by 🌹Ing_Ik🌹 (@inging_ik) on

(၆)။ မလေးရှားရဲ့စတော်ဘယ်ရီစိုက်ခင်းတွေ

မလေးရှားနိုင်ငံကိုရောက်ရင် ပါဟန်းမှာရှိတဲ့ စတော်ဘယ်ရီ စိုက်ခင်းတွေဆီ ရောက်အောင်သွားကြည့်ပါတဲ့။ တောင်ပေါ်ဒေသစိုက်ခင်းတွေမို့လို့ အေးစက်နေတဲ့ ရာသီဥတုနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လတ်ဆတ်တဲ့စတော်ဘယ်ရီသီးတွေကိုတော့ နေရာမှာတင် ခူးဆွတ်စားသောက်နိုင်ကြပါသတဲ့။ အဲဒီမှာ စတော်ဘယ်ရီက ဘယ်လောက်အလုပ်ဖြစ်သလဲဆိုရင် စတော်ဘယ်ရီကော်ဖီ ဆိုတာကိုတောင် တွေ့နိုင်တယ်ဆိုပဲ။

Linn

SHARE