နှလုံးသားရေးရာနဲ့ ပတ်သက်လို့ ပညာရှင်တွေ မမျှော်လင့်ဘဲ တွေ့ရှိမိတဲ့အချက်များ

နှလုံးသားရေးရာ အရပ်ရပ်နဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေဟာ မေးခွန်းအမျိုးမျိုးနဲ့ စူးစမ်းလေ့လာပြီးနောက်မှာ အံ့အားသင့်စရာကောင်းတဲ့ အဖြေတွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ အချစ်အကြောင်း နားလည်ချင်သူတွေအတွက် အသုံးဝင်စေမယ့် စိတ်ပညာဆိုင်ရာ လေ့လာတွေ့ရှိချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနမ်း

brightside

အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ခုထဲမှာတော့ ချစ်သူနှစ်ဦးကြားထဲက ပထမဆုံးအနမ်းဟာ ရေရှည်မှာ သင့်တော်မှု ရှိ၊မရှိဆိုတာ ပြောနိုင်တယ်လို့ ဆိုပါတယ်။ ထုံးစံတစ်ခုအနေနဲ့ အနမ်းတွေဟာ အထူးသဖြင့် အမျိုးသမီးတွေအတွက် အများကြီး အရေးပါပါတယ်။ အရင်တုန်းက သိခဲ့ရတဲ့ အနမ်းဟာ ရာဂစိတ်ကို အပြင်းအထန်နှိုးဆွပေးတယ်ဆိုတဲ့အဆိုဟာ တကယ်တမ်းတော့ မှားယွင်းကြောင်းလည်း သိရပါတယ်။

ရုပ်ရည် ဖွံ့ဖြိုးပြောင်းလဲမှု

မီရှီဂန်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ အိမ်ထောင်သည်တွေရဲ့ ရုပ်ရည်သွင်ပြင်ကို လေ့လာကြတဲ့အခါ (၂၅) နှစ်ကျော်ကြာအတူ ပေါင်းဖက်လာကြတဲ့ အိမ်ထောင်ဖက်တွေရဲ့ ရုပ်ရည်ဟာ ဖြည်းဖြည်းချင်း ဆင်တူလာတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် လင်မယားချင်းရုပ်ချင်းဆင်တူတာဟာ အိမ်ထောင်ရေးသုခ ပြည့်ဝမှုမှာ အများကြီး အထောက်အပံ့ပေးနိုင်တယ်ဆိုတာ တွေ့ရှိရပါတယ်။

READ
ချစ်သူရဲ့စိတ်တွေကိုစိုးမိုးပြီး ဝေးနေချိန်တွေမှာတောင် တသသဖြစ်စေမယ့်နည်းလမ်းများ

ပထမဆုံး လိင်မှုအတွေ့အကြုံ

တက္ကဆက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက အသက်(၁၉) နှစ် နောက်ပိုင်းမှ ပထမဆုံးလိင်မှုအတွေ့အကြုံကို ပြုလုပ်ကြသူတွေဟာ ပိုပြီးချမ်းမြေ့ပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ကြရကြောင်း ဆိုပါတယ်။ လိင်ကိစ္စစတင်မှုကို ငယ်ငယ်ရွယ်ရွယ်နဲ့ မပြုလုပ်ကြတဲ့အတွက် ရေရှည်ဆက်ဆံရေးမှာ ယုံကြည်စိတ်ချရသူတွေလို့ သတ်မှတ်နိုင်တဲ့အပြင် ထိုသူတွေဟာ ကိုယ့်အိမ်ထောင်ဖက်ကို ပိုပြီး ချစ်မြတ်နိုးသူတွေဖြစ်နိုင်ခြေရှိကြောင်းလည်း သိရပါတယ်။

အချစ်ဇာတ်ကားများ အတူကြည့်ခြင်း

brightside

(၃) နှစ်တာ လေ့လာချက်တစ်ခုအရ အချစ်ရုပ်ရှင်ဇာတ်လမ်းတွေကို အတူကြည့်ပြီး ဆွေးနွေးလေ့ရှိတဲ့ အိမ်ထောင်သည်တွေဟာ အိမ်ထောင်ကွဲနှုန်း လျော့နည်းတာကို တွေ့ရပါတယ်။ ဇာတ်လမ်းကြည့်ပြီးနောက်မှာ နှစ်ဦးစလုံးဟာ ကိုယ်ဘာမှားနေတယ်၊ ဘာလိုအပ်နေတာကို ပိုနားလည်လာတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်ကြား ပဋိပက္ခလျော့နည်းလာတဲ့အပြင် နားလည်မှုလွဲမှားတာမျိုးတွေလည်း အဖြစ်နည်းလာကြောင်း သိရပါတယ်။

ချစ်သူ့ဓာတ်ပုံ

လေ့လာချက်တစ်ခုမှာတော့ ကိုယ်ချစ်ရသူရဲ့ ဓာတ်ပုံကို ကြည့်လိုက်ရုံနဲ့ နာကျင်မှုဝေဒနာကို သက်သာစေတယ်လို့ ဆိုပါတယ်။ ၄င်းလေ့လာချက်ဟာ ချစ်သူအမျိုးသားနဲ့ အနည်းဆုံး (၆) လကြာ ဆက်ဆံရေးကောင်းမွန်နေပြီးဖြစ်တဲ့ အမျိုးသမီးတွေကို စမ်းသပ်ခဲ့တာပါ။ အမျိုးသမီးတွေဟာ စိတ်ပင်ပန်းနေတဲ့အချိန်၊ စိတ်ထဲ နာကျင်ထိခိုက်နေတဲ့အချိန်မှာ သူမတို့ချစ်သူရဲ့ ဓာတ်ပုံကို ကြည့်လိုက်ရုံနဲ့ နာကျင်မှုဝေဒနာတွေဟာ သိသိသာသာကြီး လျော့ပါးသွားပြီး စိတ်သက်သာရာရသွားတာကို တွေ့ရှိခဲ့ရပါတယ်။
လင်းလင်း (ShweMom)

Ref: brightside

READ
အိမ်ထောင်မပြုခင် ချစ်သူစုံတွဲတွေ အတူတူလုပ်ကြည့်သင့်တဲ့ အရာ(၃)မျိုး
SHARE