ပရိသတ်တွေဆီက မထင်မှတ်ထားတဲ့ လက်ဆောင်တွေရခဲ့တဲ့ အနုပညာရှင်များ

Instagram/jaredleto Instagram/jessiej Instagram/jonasbrothers

ကိုယ်အရမ်းစွဲလန်းမိတဲ့ အနုပညာရှင်တွေကို တွေ့မြင်ရတဲ့အခါ ပရိသတ်အများစုဟာ ကယောင်ခြောက်ခြားဖြစ်လေ့ရှိပါတယ်။ ပရိသတ်တွေဆိုတာကလည်း လူတန်းစားအမျိုးမျိုးရှိနိုင်တာကြောင့် စိတ်သဘောထားအမျိုးမျိုးပါပဲ။ အခုဖော်ပြပေးမှာကတော့ အနုပညာရှင်တွေကို်ယ်တိုင်တောင် အံ့အားသင့်မှင်သက်သွားရတဲ့ ပရိသတ်တွေဆီကရတဲ့ လက်ဆောင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေဟာ ဒီပစ္စည်းတွေကို သူတို့ချစ်ခင်တဲ့ အနုပညာရှင်တွေဆီ ဘယ်လိုသဘောထားမျိုးနဲ့ ပေးတာလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေတာကို Insider ကနေ အခုလို သိရပါတယ်။

ဖြူကောင်နဲ့တူတယ်လို့ အပြောခံခဲ့ရတဲ့ Matt Smith

“Doctor Who” နဲ့ “The Crown” သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ Matt Smith ဟာ ပရိသတ်တစ်ယောက်ရဲ့ ထူးခြားတဲ့ နှုတ်ဆက်စကားနဲ့ ကြုံခဲ့ရပါတယ်။ အဆိုပါပရိသတ်က Matt ဟာ သူမရဲ့ အိမ်မွေးတိရစ္ဆာန်ဖြူကောင်နဲ့ ချွတ်စွပ်တူကြောင်း ပြောပြီး နမ်းသွားခဲ့ကြောင်း သိရပါတယ်။

Jared Leto နဲ့ နားရွက်ပြတ်

(၂၀၁၃) ခုနှစ်မှာ ပရိသတ်တစ်ဦးက Jared Leto ဆီကို နားရွက်ပြတ်တစ်ခု ပို့ခဲ့တယ်လို့ သိရပါတယ်။ နားရွက်ပြတ်နဲ့အတူ “မင်း နားထောင်နေရဲ့လား…” ဆိုတဲ့ စာသားတစ်ကြောင်းလည်း ပါပါသေးတယ်။ ပေးပို့သူ အမည်ကိုတော့ မသိရပါဘူး။

READ
ရေထဲမှာ ပျော်ပျော်ပါးပါးဆော့နေကြတဲ့ ခေတ်နဲ့ သစ်

ဆီလီကွန်ရင်သားအတုနဲ့ Norman Reedus

The Walking Dead သရုပ်ဆောင် Reedus က (၂၀၁၄) ခုနှစ်မှာ အမျိုးသမီးတစ်ဦးက သူ့ကို ထူးဆန်းတဲ့လက်ဆောင်တစ်ခု ပေးပို့ခဲ့ကြောင်း ပြောပြပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေ ရင်သားထဲ အစားထိုးထည့်သွင်းရတဲ့ ဆီလီကွန်ရင်သားတုပဲ ဖြစ်ပါတယ်။ ဒီဆီလီကွန်ရင်သားတုဟာ တကယ်လို့ Reedus စိတ်ညစ်နေတဲ့အခါတွေကျရင် အသုံးဝင်မှာပါလို့လည်း သူမက ပြောထားပါသေးတယ်။

Jessie J

(၂၀၁၁) ခုနှစ်မှာ Jessie J ဟာ ပါဖောမန့်အတွက် လေ့ကျင့်ရင်းနဲ့ ခြေထောက်ကျိုးသွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူမဟာ ဆယ်ကျော်သက်ပရိသတ်တစ်ယောက်ဆီကနေ စာတစ်စောင်လက်ခံရရှိခဲ့ပါတယ်။ ၄င်းဆယ်ကျော်သက်ဟာ သူမရဲ့ ဒဏ်ရာရနေတဲ့ ခြေထောက်ဓာတ်ပုံတွေ Jessie ဆီကို ပေးပို့ခဲ့ပြီး Jessie နဲ့တူဖို့ ဘာမဆိုပြုလုပ်မည်ဖြစ်ကြောင်း ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

READ
သူငယ်ချင်းတွေပါဆိုတဲ့ Justin Bieber နဲ့ Kendall Jenner တို့ တွဲနေကြပြီလား.?

Mrs. Kanye West အဖြစ် နာမည်ပြောင်းလိုက်တဲ့ အမျိုးသမီး

View this post on Instagram

😤. #kanyewest

A post shared by Kanye West (@kanyew.est) on

(၂၀၁၂) ခုနှစ်မှာ Kanye West ရဲ့ စူပါပရိသတ်တစ်ဦးဖြစ်တဲ့ Linda Resa ဟာ သူမနာမည်ကို Mrs. Kanye West အဖြစ် ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။ Linda Resa အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ သူမရဲ့ လက်မောင်းနဲ့ ကျောဘက်တွေမှာ Kanye West ရဲ့ နာမည်ကိုရေးထိုးခဲ့ပြီး ရက်ပါကြီးရဲ့ သတိပြုမိမှုကို ပိုပြီးလိုချင်တာကြောင့် အခုလို နာမည်ပြောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ငါးမန်းတစ်ကောင်ရရှိခဲ့တဲ့ Jonas Brothers

View this post on Instagram

💥 @hitsdd

A post shared by Jonas Brothers (@jonasbrothers) on

အမေရိကန်ပေါ့ပ်-ရော့ခ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Jonas Brothers တေးဂီတအဖွဲ့က သူတို့ဟာ (၂၀၀၉) ခုနှစ်မှာ ပရိသတ်တစ်ဦးဆီက ငါးမန်းသေတစ်ကောင်လက်ဆောင်ရခဲ့ဖူးကြောင်း ပြောပြပါတယ်။ ငါးမန်းက အကြီးကြီးတော့မဟုတ်ပဲ အကောင်ပေါက်လေးတစ်ကောင်သာ ဖြစ်ပါတယ်။ ငါးမန်းပေါက်လေးကို ဘယ်ပုံဘယ်နည်းနဲ့ ရခဲ့ကြောင်းမသိရပဲ သူတို့ဆီကို လက်ဆောင်လာပေးလို့ အရမ်းအံ့သြခဲ့ရကြောင်း အဖွဲ့ကဆိုပါတယ်။

လင်းလင်း (ShweMom)

SHARE