မမျှော်လင့်တဲ့အရာလေးကနေ ဖိုတိုရှော့လုပ်တာလူမိသွားခဲ့တဲ့ influencer တစ်ဦး

Instagram/@tupisaravia

ဓာတ်ပုံတစ်ပုံရိုက်ပြီးတိုင်း edit မလုပ်၊ retouch မလုပ်ဘဲ အမြဲတမ်းတင်တဲ့သူဆိုတာ မရှိသလောက်ရှားမယ်ထင်ပါတယ်နော်။ ဒါပေမဲ့လည်း ဓာတ်ပုံတွေကိုပြင်တဲ့အခါမှာ သဘာဝကျကျလေးမဟုတ်ဘဲနဲ့ လွန်လွန်ကျူးကျူးပြင်မိမယ်ဆိုရင်တော့ ကိုယ့်ဟာကိုယ်ဓာတ်ပုံရိုက်၊ ကိုယ့် account မှာကိုယ်တင်တာတောင်မှပဲ  လူအများရဲ့ကဲ့ရဲ့ခြင်းကို ခံရမှာ မလွဲမသွေပါပဲ။ အခု Instagram influencer မလေးတစ်ယောက်ဟာလည်း ဓာတ်ပုံပြင်တာများသွားလို့ဆိုပြီး မီဒီယာတွေအထိပါ နာမည်ကြီးသွားကာ အဝေဖန်ခံနေခဲ့ရပါတော့တယ်။

ခရီးသွားဘလော့ဂါတစ်ယောက်ဖြစ်တဲ့ Tupi Saravia ဆိုတဲ့ အမျိုးသမီးလေးဟာ အမြဲတမ်းလိုလို သူမရဲ့ follower ၃ သိန်းကျော်ရှိနေတဲ့ Instagram account မှာ ခပ်မိုက်မိုက်ဓာတ်ပုံတွေကို အဆက်မပြတ်တင်လေ့ရှိသူလေးပါ။

ရုတ်တရက် တစ်ယောက်ကနေပြီး သူမရဲ့ပုံလန်းလန်းလေးတွေတိုင်းမှာ ပါနေတဲ့ တိမ်တိုက်တွေကို သတိထားမိခဲ့ပါတော့တယ်။ အဲဒီအကြောင်းကို Twitter user တစ်ယောက်ဖြစ်တ့ Bruno Zupan ကနေပြီး Twitter ပေါ် “သိပ်နာမည်ကြီးတဲ့ influencer ဖြစ်နေတော့လည်း တိမ်တွေတောင် ကိုယ်ဘယ်သွားသွား လိုက်လာတဲ့အခါ” ဆိုပြီး တင်မိခဲ့ရာမှစပြီး အုပ်အောသောင်းနင်းဖြစ်သွားကြတော့တာပဲ။

READ
လက်ဆေးဖို့အတွက် အကနဲ့ သတိပေးခဲ့ကြတဲ့ ရဲ(၆)ယောက်ရဲ့ ဗီဒီယိုနာမည်ကြီးနေ
Twitter/@komacore

သူမဖက်ကတော့ တိမ်တူနေတာနဲ့ပတ်သက်ပြီး ဓာတ်ပုံတိုင်းကို edit တာ၊ retouch လုပ်တာမျိုးတွေ လုပ်တယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြလိုက်ပါတော့တယ်။ ဒီအတွက် အမှန်တွေအပြောခံနေရလို့လည်း ဘာမှမဖြစ်ဘူးဆိုပြီးပေါ့။ ဒီတော့ Influencer မလေးရဲ့ တိမ်တူတဲ့ပုံလေးတွေကို တင်ပေးလိုက်တယ်နော်။

Instagram/@tupisaravia

Penny

SHARE