“The Eternals” ရိုက်ကွင်းမှာ ဗုံးတစ်လုံးတွေ့ရှိခဲ့တာကြောင့် သရုပ်ဆောင်တွေခေတ္တရှောင်နေရ

soompi

နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ အမေရိကားနဲ့ ဗြိတိန်မီဒီယာတော်တော်များများက “The Eternals”  ရိုက်ကူးနေတဲ့ Canary ကျွန်းမှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို တွေ့ရှိခဲ့တဲ့အကြောင်းကို ဖေါ်ပြခဲ့ပါတယ်။ Angelina Jolie, Richard Madden နဲ့ အခြားသော ရိုက်ကူးရေးအဖွဲ့ဝင်တွေကတော့ ဗုံးရှာတွေ့တာကို သိသိပြီးချင်းမှာပဲ အနီးနားက ကျွန်းတစ်ခုကို တိမ်းရှောင်သွားခဲ့ကြပါတယ်။

ရိုက်ကူးရေးနေရာမှာ Ma Dong Seok တော့ရှိမနေခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ဗုံးကို အန္တရာယ်ကင်းကင်းဖယ်ထုတ်နိုင်ဖို့အတွက် ကျွမ်းကျင်သူတွေရောက်လာခဲ့ပြီး ဗုံးတွေထပ်ရှိ/မရှိကို စစ်ဆေးခဲ့ကြပါတယ်။ သတင်းမီဒီယာတွေကတော့ အဲဒီဗုံးဟာ ဒုတိယကမ္ဘာစစ်မှာကျန်ခဲ့တဲ့ ဗုံးဖြစ်နိုင်ချေများပြီး အကြမ်းဖက်တွေရဲ့ လက်ချက်တော့မဟုတ်ပါဘူးတဲ့။

soompi

“The Eternals”  ရုပ်ရှင်ကားကတော့ ထူးခြားတဲ့ လူသားမျိုးနွယ်တွေဖြစ်တဲ့ the Eternalsရဲ့ အကြောင်းဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ ၂၀၂၀ ခုနှစ်မှာ ပြသမှာဖြစ်ပါတယ်။

READ
မင်္ဂလာရက် ကြေညာလိုက်တဲ့ Deepika နဲ့ Ranveer Singh

SOurce: Soompi

SHARE