အခုအဖြစ်လေးကတော့ အွန်လိုင်းပေါ်ကနေ ကိတ်မုန့်မှာတဲ့သူတိုင်း သတိထားသင့်တဲ့အဖြစ်လေးတစ်ခုပါ။ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးဖြစ်တဲ့ Windez Tay ဟာ ဇူလိုင်လ ၁၀ ရက် ၂၀၂၀ခုနှစ်တုန်းက စင်ကာပူမှာ အွန်လိုင်းကနေ ပထမဆုံးကိတ်မုန့်ဝယ်ခဲ့တဲ့ သူမရဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
သူမက “ချစ်ခင်ရပါသော The Pine Garden.. ကျွန်မမောင်လေးရဲ့မွေးနေ့ပွဲအတွေ့အကြုံကို အမှတ်တရဖြစ်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကိတ်မုန့်ပေါ်ရေးမယ့်စာထဲမှာ နာမည်အစား Will be collected by Albert လို့ရေးပြီး ကျွန်မပို့လိုက်မိတယ်။” လို့ ပြောပြပါတယ်။


သိရတာက Windez ဟာ အခုမှ ပထမဆုံးအကြိမ် ကိတ်မှာဖူးတာဖြစ်ပါတယ်။ ကိတ်မု့န်မှာရင်း အော်ဒါဖြည့်တော့ Message ပိုင်းဟာ ဆိုင်အတွက်မှာစရာရှိတဲ့စာလို့ယူဆပြီး Windez က သူပြောချင်တဲ့ message ပြောထားခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီ Message ဟာ ကိတ်မုန့်ပေါ်မှာရေးသားပေးမယ့်စာပဲ ဖြစ်ပါတယ်။ Windez တို့ကတော့ ပြောစရာမလိုလောက်အောင်ပဲ တခြားသူတွေနဲ့မတူတဲ့ မွေးနေ့ကိုဖန်တီးခွင့်ရခဲ့တာဖြစ်ကြောင်း worldofbuzz သတင်းစာမျက်နှာအရ သိရပါတယ်။
Dear The Pine Garden, thank you for a very memorable birthday experience for my brother. I ordered a cake a few days…
Posted by Windez Tay on Friday, 10 July 2020
ShweMom