သင့်ဦးနှောက်ကို ပျက်စီးစေနိုင်မယ့် နေ့စဉ်လုပ်နေကျ အကျင့်စရိုက်များအကြောင်း

Freepik- kues1

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်က လုပ်ဆောင်မှုတွေအကုန်လုံးဟာ ဦးနှောက်က ခိုင်းစေမှုတွေကြောင့်သာ ပုံစံမှန်မှန်၊ နည်းစနစ်ကျကျနဲ့ လည်ပတ်နိုင်နေတာပါ။ လူ့ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ဦးနှောက်ကို ကျွန်တော်တို့အနေနဲ့ ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒီတော့ ဒီတစ်ခေါက်မှာ သင့်ရဲ့ဦးနှောက်တစ်ရှူးတွေကို ပျက်စီးစေနိုင်မယ့်အလေ့အကျင့် (၆) မျိုးကို ဖော်ပြပေးချင်ပါတယ်။

Freepik- dimaberlin

(၁) အမှောင်ထဲမှာ အချိန်ကြာကြာနေခြင်း

သင်ဟာ အမှောင်ထဲမှာ နေရတာ၊ ဖုန်းသုံးရတာ၊ ရုပ်ရှင်ကြည့်ရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင် ဒီအကျင့်ဆိုးကြီးကို ဖျောက်ဖျက်ပစ်ဖို့ ချက်ချင်းလုပ်ဆောင်ပါ။ ညဖက်မှာ သိပ်ကိစ္စမရှိပေမယ့်လို့ မနက်ပိုင်း နေ့အလင်းရောင်ရှိနေတာတောင်မှပဲ အခန်းကိုအမှောင်ချပြီးနေခြင်းဟာ စိတ်ညစ်စရာကိစ္စရှိမနေရင်တောင်မှပဲ သင့်ရဲ့ မသိစိတ်မှာ စိတ်ဓာတ်ကျရောဂါကို ခံစားစေနိုင်ပါတယ်။ အလင်းရောင်ဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို စည်းချက်မှန်စေနိုင်ပါတယ်။

(၂) သတင်းဆိုးတွေ ဆက်တိုက်ကြားနေတာမျိုး

READ
အမှီခိုကင်းတဲ့ဘ၀နဲ့ ရပ်တည်နိုင်ဖို့နည်းလမ်းများ

ခံစားချက်ဆိုတာ ဦးနှောက်ကနေပြီး အကြောင်းအရာတစ်ခုပေါ်မှာ ခွဲခြားစိတ်ဖြာကာ မကောင်းတဲ့အရာလား၊ ကောင်းတဲ့အရာလားနဲ့ ဆက်စပ်ပြီးတော့ ထုတ်ပေးတဲ့အရာမျိုးပါ။ အကယ်၍ သင်ဟာ မကောင်းတဲ့သတင်းတွေပဲ ဆက်တိုက်ကြားနေရမယ်ဆိုရင် ဦးနှောက်က မကောင်းတဲ့ခံစားချက်တွေကိုပဲ ဆက်တိုက်ထုတ်လွှင့်ပေးနေရတဲ့အတွက် သင့်ရဲ့ဦးနှောက်တစ်ရှူးတွေကို ပျက်စီးစေတဲ့အပြင်ကိုမှ ကိုယ်ဟန်အမူအရာတွေကိုလည်း ကြမ်းတမ်းစေတာ သို့မဟုတ် စသိတ်မပါလက်မပါဖြစ်စေနိုင်ပါတယ်။

Freepik- lookstudio

(၃) သီချင်းအကျယ်ကြီး နားထောင်တာ

ပတ်ဝန်းကျင်ကိုမေ့လောက်အောင် နားကြပ်တပ်ပြီး သီချင်းနားထောင်ခြင်းဟာ စိတ်အပမ်းပြေစေတယ်လို့ ဆိုပေမယ့်လို့ အချိန်အရမ်းကြာလာတဲ့အခါ လူတစ်ယောက် ခံသာတဲ့ကျယ်လောင်မှုထက် ပိုပြီးနားနဲ့ ဦးနှောက်က လက်ခံနေရတဲ့အတွက်ကြောင့် ဦးနှောက်သွေးကြောတွေကို ထိခိုက်လာနိုင်ပါတယ်။ အခန့်မသင့်ရဲ့ မှတ်ဥာဏ်ပိုင်းမှာပါ ထိခိုက်လာနိုင်ပါတယ်။

(၄) တစ်ယောက်တည်းနေခြင်း

လူရယ်လို့ဖြစ်လာရင် အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်နဲ့နေထိုင်ရမှာပါ။ ဒါ လူ့သဘာဝပဲလေ။ ဒါကို သင့်အနေနဲ့ ဘယ်သူနဲ့မှ အချိန်လည်းမဖြုန်း၊ စကားတောင်မပြောဘဲ တစ်ယောက်တည်းဘဝကို ဖြတ်သန်းနေမယ်ဆိုရင်တော့ depression ဝင်လာနိုင်ပြီး အဲဒီကနေမှတစ်ဆင့် အတက်ရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်။

Freepik- wayhomestudio

(၅) Screentime အရမ်းများခြင်း

READ
ဝမ်းချုပ်နေတာတွေကိုရပ်တန့်ဖို့ အလွယ်ကူဆုံးလုပ်လို့ရမယ့် နည်းလမ်း(၆)မျိုး

ဖုန်း ဒါမှမဟုတ် တီဗီ ဒါမှမဟုတ် laptop တွေကို ကြည့်တဲ့အချိန် အရမ်းများနေခဲ့မယ်ဆိုရင် ဦးနှောက်ရဲ့ အရှေ့ပိုင်းကို ထိခိုက်လာစေနိုင်ပါတယ်။ ဒီအပိုင်းဟာ စဉ်းစားတဲ့ကဏ္ဍမှာ အသုံးချတဲ့အပိုင်းဖြစ်တာကြောင့် မစဉ်းစားနိုင်တာမျိုး၊ ဆုံးဖြတ်ချက်မမှန်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

(၆) အချိုအရမ်းစားခြင်း

အချိုတောင့်တတာဟာ သင့်အနေနဲ့ စိတ်ညစ်တာတွေအရမ်းများလို့ဖြစ်နိုင်သလို အချိုစားခြင်းဟာလည်း သင့်ရဲ့ စိတ်ပင်ပမ်းမှုတွေကို ပြေပျောက်စေနိုင်တယ်ဆိုတာ မှန်ပေမယ့်လို့ ခန္ဓာကိုယ်ကလိုအပ်တဲ့ အချိုဓာတ်ထက် ပိုလာတဲ့အခါမှာတော့ ဦးနှောက်ကျန်းမာရေးကို ထောင့်ပေါင်းစုံကနေ ထိခိုက်လာနိုင်ပါတယ်။ 

Penny

SHARE