၂၀၁၉ မှာ ထပ်ထွက်လာတော့မယ့် Emoji ဒီဇိုင်းအသစ်လေးများ

၂၀၁၉ ခုနှစ်မှာတော့ အသစ်အသစ်တွေ ပေါ်ပေါက်နေတဲ့အနက်ထဲကမှ လူတိုင်း ဖုန်းထဲမှာ အသုံးပြုနေကြတဲ့ emoji လေးတွေပါ အသစ်တွေ ထပ်ထွက်လာတော့မှာဖြစ်ပါတယ်။

အသစ်ထွက်လာမယ့် Unicode Emoji 12.0 ဗားရှင်းမှာဆိုရင် စက်ရုပ်လက်တွေ၊ ခြေထောက်တွေ၊ သင်္ကေတဘာသာစကားသုံးပုံတွေ၊ အကြားအာရုံထောက်ကူ ကိရိယာပုံတွေ စတဲ့ မသန်စွမ်းလူသားများကို ကိုယ်စားပြုတဲ့ emoji လေးတွေ ပါဝင်လာပါပြီ။ လူပုံ emoji တွေမှာဆိုရင်လည်း ယောက်ျားလေးချင်း၊ မိန်းကလေးချင်း လက်တွဲထားတဲ့ပုံ၊ လူမတ်တတ်ရပ်နေတဲ့ ပုံတွေကို အသားအရောင် မျိုးစုံနဲ့ ထပ်ထည့်ထားပါတယ်။

The Verge

လူပုံတွေသာမက တိရိစ္ဆာန်ပုံတွေမှာဆိုလည်း ဖျံ၊ လူဝံ၊ ကြိုးကြာ၊ ဆလော့ကောင် စတဲ့ ပုံတွေလည်း တိုးလာပါပြီ။ အစားအသောက်နဲ့ အသုံးအဆောင် ပုံတွေထဲမှာလည်း ပုံမျိုးစုံတိုးလာပါသေးတယ်။ အသည်းပုံတွေမှာဆိုရင်လည်း အရောင်ပိုစုံလာပါပြီ။ အဖြူနဲ့ အညိုရောင်ပါ ရလာပြီဖြစ်ပါတယ်။

The Verge

Emoji အသစ် ၅၉ ခုနဲ့ ရှိပြီးသား emoji တွေမှာ ပြောင်းလဲမှုပေါင်း ၁၇၁ ခု လုပ်ထားပါတယ်။ ထုံးစံအတိုင်း ဒီ emoji တွေက ချက်ချင်းတော့ ရနိုင်သေးမှာ မဟုတ်ပါဘူး။ ယခု emoji အသစ်တွေအကြောင်းကိုတော့ ကြေညာသေးရုံပဲရှိသေးပြီး Apple, Google, Samsung နဲ့ Microsoft တို့က ကုမ္ပဏီတစ်ခုစီကနေ အဲ့ဒီ emoji တွေအတွက် software ရေးသားမှု ပြုလုပ်ပြီးမှသာ အသုံးပြုသူတွေ လက်ထဲရောက်လာမှာ ဖြစ်ပါတယ်။

READ
Android ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို (၃)ဆပိုမြှင့်တင်ပေးမယ့် Snapdragon 855 ချစ်ပ်

Ref: The Verge

SHARE