Billie Fan မှန်ရင် ဝယ်ကိုဝယ်စုသင့်တဲ့ Uniqlo နဲ့ Billie Eilish ရဲ့ T-shirt Collection

Instagram- @billieeilish, @takashipom, Uniqlo

အနုပညာလောကလဲဝင်ခဲ့ပြီး ၂ နှစ်လောက်အကြာမှာပဲ အရွယ်စုံ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး Grammy ဆုတွေ အများကြီး သိမ်းပိုက်နိုင်ခဲ့တဲ့ pop အဆိုတော်မလေး Billie Eilish ကိုတော့ သဘောမကျတဲ့လူ မရှိလောက်ဘူးလို့တောင် ဆိုရမှာပါပဲ။

အနုပညာရှင်တစ်ယောက်ကို ကြိုက်ပြီဆိုရင် သူတို့ ထုတ်သမျှ၊ သူတို့နဲ့ collaboration လုပ်ထားတဲ့ ပစ္စည်းမှန်သမျှ ဝယ်စုချင်တတ်ကြတာ ပရိတ်သတ်တိုင်းရဲ့သဘာဝပါပဲ။ ဒါကြောင့်အခုလည်း Billie Eilish ရဲ့ မကြာခင် ထွက်ရှိလာတော့မယ့် အင်္ကျီ collection တစ်ခုအကြောင်းကို မျှဝေပေးချင်ပါတယ်။

Uniqlo

Billie ဟာ နာမည်ကျော် contemporary artist တစ်ယောက်ဖြစ်တဲ့ Takashi Murakami နဲ့ ပူးပေါင်းပြီး collection တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Uniqlo မှ ဒီ collection ကို ထုတ်လုပ်သွားမှာဖြစ်ပြီး စတင်ရောင်းချမယ့်ရက်တော့ အခုလာမယ့် မေလ ၂၅ ရက်နေ့နဲ့ ၂၉ ရက်နေ့တို့မှာပါ။ တချို့သော Uniqlo ဆိုင်ခွဲတွေဖွင့်တဲ့နိုင်ငံတွေမှာတော့ ၂၉ ရက်နေ့မှ ကိုယ်တိုင်ကိုယ်ကျ သွားဝယ်လို့ရမှာဖြစ်ပေမယ့် COVID-19 ကြောင့် retail ဆိုင်တွေ ပိတ်ထားတဲ့ ဒေသတွေမှာတော့ ၂၅ ရက်နေ့ကတည်းက online မှ မှာယူနိုင်မှာပဲဖြစ်ပါတယ်။

READ
ချစ်သူစိတ်ဆိုးမပြေမချင်း၊ လုံးဝမရပ်နားဘဲစန္ဒယားတီးရွှေနားတော်သွင်းမယ့် အမျိုးသား
Uniqlo

Design ပိုင်းကိုပြောရအောင်။ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်နဲ့ ကလေးဝတ်ဆိုပြီး သုံးမျိုးရှိပါတယ်။ တစ်မျိုးစီကို ၆ ထည်စီနဲ့ စုစုပေါင်း design ၁၈ မျိုး ပါဝင်သွားမှာဖြစ်ပြီး Collection တစ်ခုလုံး T-shirt တွေချည်းပါပဲ။

လူကြိုက်များနေတဲ့ design တွေကတော့ women’s wear ထဲက အဖြူရောင်တီရှပ်လေးကိုမှ Takashi Murakami ရဲ့ signature pattern လေးတွေဖြစ်တဲ့ ရောင်စုံပန်းပွင့်လေးတွေနဲ့ “Billie Eilish” နာမည်ရေးထားတဲ့ design က လူကြိုက်များနေပြီး

Uniqlo

Men’s wear ထဲမှာဆိုရင်တော့ Billie ရဲ့ အရောင်လို့တောင်ပြောရမယ့် neon green T-shirt လေးကို လူကြိုက်များနေကြပါတယ်။

READ
မူးယစ်ဆေးဝါးမှုနဲ့ ဖိလစ်ပိုင်ရဲတပ်ဖွဲရဲ့ အသေဖမ်းဆီးမှုကို ခံခဲ့ရတဲ့ အိုဇာမစ်မြို့တော်ဝန်
Uniqlo

Uniqlo ရဲ့ official website အရ ဈေးနှုန်းတွေကတော့ ကလေးဝတ်ကို ၉.၉၀ ဒေါ်လာနဲ့ လူကြီးဝတ်တွေကိုတော့ ၁၄.၉၀ဒေါ်လာနဲ့ ရောင်းချသွားမှာမလို့ မြန်မာနိုင်ငံအရောက်ကိုတော့ တချို့ ၄၊ ၅ သောင်းလောက်အထိ ယူကြပါတယ်။ ကျန်တဲ့ design တွေကို ကြည့်ချင်ရင်တော့ Billie Eilish x Takashi Murakami ကိုနှိပ်ပြီး ဝင်ကြည့်လို့ရပါပြီ။

Uniqlo
Uniqlo

တချို့သော design တွေနဲ့အရောင်တွေဟာ Takashi နဲ့ Billie တစ်ယောက် ကိုယ်တိုင်ပူးပေါင်းပြီး ဖန်တီးထားတာဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ တစ်ထည်လောက်တော့ လုံးဝဝယ်သင့်တဲ့ထဲ ပါဝင်နေပါတယ်။

Penny

SHARE