အတွင်းခံအသားနဲ့ Face Mask ကြောင့် ကုမ္ပဏီရဲ့ website ပျက်မလိုဖြစ်ခဲ့ရတဲ့ Uniqlo

Twitter- @reiwachan_co_jp

Uniqlo ဆိုတာ ကမ္ဘာအနှံ့အောင်မြင်ကျော်ကြားတဲ့ အဝတ်အထည်ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ အဝတ်အထည်မှန်သမျှ အကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တာကြောင့် အခုလိုကပ်ရောဂါဘေးကြုံတွေ့နေရတဲ့အချိန်မှာ mask တွေကို ထုတ်လုပ်ခဲ့ပါပြွီ။

ပြန်လျှော်သုံးလို့ရတဲ့ face mask တွေဖြစ်တာကြောင့် လူတွေအနေနဲ့ စိတ်ဝင်စားလျက်ရှိနေပြီး မရောင်းခင်ကတည်းက လူတွေစိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ ဒီလိုနဲ့ တကယ်လည်းရောင်းတဲ့ နေ့လည်းရောက်ရော လူတွေက အလုအယက်ဝယ်ကြပါတော့တယ်။

 

Twitter- @reiwachan_co_jp

Face mask ကို Japan website မှာပါရောင်းတဲ့အတွက်ကြောင့် လူတိုင်း website ကနေပဲ လုဝယ်တဲ့အတွက် ရောင်းရပြီး နာရီအနည်းငယ်အတွင်းမှာပဲ website ကြီးတစ်ခုလုံး ပျက်မလိုဖြစ်သွားခဲ့ပါတော့တယ်။ Website crush ဖြစ်သွားခဲ့တာပါ။ ဝယ်ဖို့နေနေသာသာ site ထဲဝင်လို့တောင် မရတော့တာပါတဲ့။

ဒီအပြင် ဂျပန်နိုင်ငံရဲ့ Uniqlo ဆိုင်ခွဲတွေမှာလည်း mask ကိုရောင်းတဲ့အတွက်ကြောင့် website မှာ ဝယ်မရတဲ့လူတွေ၊ မဝယ်ချင်တဲ့လူတွေအနေနဲ့ကျပြန်တော့လည်း ဆိုင်ခွဲတွေမှာ ဝယ်ကြတာဆိုတော့ တန်းစီနေတဲ့လူစုကြီးဟာ တော်တော်လေးကို များပြားသွားခဲ့တာပါ။

READ
ဈေးဝယ်သူရဲ့ အပြုအမူဆန်းကြောင့် ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့တဲ့ ဆိုင်ဝန်ထမ်း

Mask ရဲ့အသားကိုတော့ Uniqlo ဟာ သူတို့ရဲ့ အတွင်းခံလုပ်တဲ့အသားနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် လေဝင်လေထွက်ကောင်းပြီး အသက်ရှူမကြပ်စေဘူး၊ မပူဘူး၊ သက်တောင့်သက်သာဖြစ်စေတယ်ဆိုပြီး ပြောထားပါတယ်။ ဒီအပြင် Uniqlo mask တွေဟာ ဘတ်တီးရီးယားတွေနဲ့ နေလောင်ဒဏ်ကို ကာကွယ်ပေးပါတယ်တဲ့။

Penny

SHARE