UNIQLO ရဲ့ အထူးထုတ်အင်္ကျီကိုဝယ်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတဲ့ ဂျပန်လူမျိုးများ

UNIQLO

အကန့်အသတ်နဲ့ အထူးထူတ် အင်္ကျီတွေဆိုရင် အပြင်မှာ လူတွေခင်ဗျာ ညနက်ကတည်းက လာပြီး တန်းစီဝယ်ကြတဲ့ လူတွေနဲ့၊ ဆိုင်ဖွင့်တာနဲ့ အတင်းကို တိုးကြိတ် လုယက်ကြပြီး အရုပ်တွေက အင်္ကျီတွေကိုပါ ဆွဲချွတ်ပြီး ဝယ်တာမျိုးတွေတောင် ဖြစ်ခဲ့ကြတာ ဗီဒီယိုတွေ မြင်ဖူးကြတယ်မဟုတ်လား။ ဆိုင်က တံခါးတွေကိုရိုက်ချိုးတာတို့၊ မှတ်တံခါးတွေ ခွဲပစ်တာတို့အထိပေါ့။

အခုလည်း ကိုဗစ်ဖြစ်နေတာတောင်မှပဲ ဂျပန်နိုင်ငံမှာ အထူးထုတ် အင်္ကျီတွေကြောင့် ပြဿနာတွေ တက်ခဲ့ပါတယ်ဆိုပြီး Sora News 24 မှာ ဖတ်လိုက်ရပါတယ်။ အဲဒီတုန်းက အခိုက်အတန့်ပုံတွေကိုတော့ @keitoku1115 က Twitter မှာ တင်ထားခဲ့တာပါ။ ဖြစ်ပုံကတော့ ဒီလို။

 

Jil Sander နဲ့ UNIQLO ဟာ ပူးပေါင်းပြီးတော့ “+J Collection” ဆိုတဲ့ အင်္ကျီ collection ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီအင်္ကျီတွေကို website မှာ မရောင်းချဘဲနဲ့ UNIQLO ရဲ့ ဆိုင်ခွဲတွေမှာပဲ ခင်းကျင်းရောင်းချခဲ့ပါတယ်။ ဆိုတော့ ဒီ အင်္ကျီတွေကို လိုချင်တဲ့လူတွေဟာ ဆိုင်တွေမှာ တန်းစီစောင့်နေပြီးတော့ အကျုင်္ီတွေကိုလုဝယ်ရင်းနဲ့မှပဲ အခုလိုမျိုး တစ်ယောက်တစ်ပေါက်နဲ့ ရန်တွေဖြစ်ခဲ့ကြတာပါတဲ့။

READ
အရက်သမားတွေ လျော့ပါးစေဖို့ မြို့ပေါ် ကောင်းကင်ကနေ ပရိတ်ရေဖြန်းခဲ့တဲ့ ဘုန်းတော်ကြီး

 

ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တဲ့ ဆိုင်ကတော့ Ngoya Gate Twoer ဆိုင်ခွဲမှာဖြစ်ပါတယ်။ ဒီဆိုင်ဟာ Tokai ဒေသရဲ့ အကြီးဆုံးသော UNIQLO ဆိုင်ခွဲကြီးလည်းဖြစ်ပါတယ်။ ဒီလိုဘာကြောင့် တိုးဝယ်နေရသလဲဆိုရင် ကိုယ်တိုင် retail price နဲ့ ဆိုင်တွေက ဝယ်ပြီး ဆိုင်တွေမှာ stock ပြတ်သွားတဲ့အခါ internet ပေါ်မှာ resell price အနေနဲ့ ဈေးကိုအနည်းဆုံး ၂ ဆကနေပြီးတော့ တင်ရောင်းကြတာပါတဲ့။ အခုလည်း +J Collection က ယန်း ၁၅,၉၀၀ တန် ကုတ်အင်္ကျီကို webstie မှာ ယန်း ၃ သောင်းနဲ့ ပြန်ရောင်းနေပါပြီ။ ခိုက်ရန်ဖြစ်ပွားမှုကတော့ ကြီးကြီးမားများမဖြစ်ခဲ့ပါဘူး။

READ
Menthol ပါဝင်သော စီးကရက်ကို ယူကေမှာ (၂၀၂၀)နှစ်လယ်မှစတင်ပြီး ရောင်းချခွင့်မပြု
UNIQLO

penny

SHARE