သဘာဝတရားရဲ့ ထူးခြားတဲ့ ၀ိသေသတွေကို လက်ဆောင်ရထားတဲ့ အံ့ဖွယ်ကမ်းခြေများ

ခရီးထွက်ခြင်းဟာ လူကို လန်းဆန်းတက်ကြွစေပါတယ်။ ခရီးထွက်ရတာ ကြိုက်နှစ်သက်သူတွေအတွက် ကမ်းခြေတွေဟာ စိတ်အပန်းဖြေလို့ကောင်းတဲ့ နေရာတွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ သာမန်ခရီးသွားတွေကတော့ များသောအားဖြင့် ပြာလဲ့လဲ့ရေပြင်နဲ့ ဖွေးဖွေးဖြူနေတဲ့ သဲသောင်ခုံလေးတွေရှိရာ ကမ်းခြေတွေကိုပဲ အသွားများလေ့ရှိပါတယ်။ ဒါပေမယ့် သဘာဝတရားရဲ့ ပြုပြင်ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆန်းကြယ်တဲ့ ကမ်းခြေတွေကိုတော့ လူစွန့်စားတွေကသာ သွားရောက်လိုကြပါတယ်။ တကယ်လို့ စာဖတ်သူဟာ ကမ်းခြေချစ်သူ တစ်ဦးဆိုရင်တော့ အရောက်သွားသင့်တဲ့ ကမ်းခြေတွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Bowling Ball Beach, California, US

Flickr

လုံးဝိုင်းတဲ့ ဧရာမကျောက်တုံးကြီးတွေကို တွေ့နိုင်တဲ့ ကယ်လီဖိုးနီးယားက ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။ ကမ်းခြေကိုလာလည်ဖို့ အကောင်းဆုံးအချိန်ကတော့ ဒီရေကျနေတဲ့ အချိန်ပါ။ အံ့သြစရာကောင်းလောက်အောင် ဖွဲ့စည်းထားတဲ့ ကျောက်လုံးကြီးတွေကို တွေ့ရမှာပါ။

Glass Beach, California, USA

Architecture & Design/facebook

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကမ်းခြေနားမှာရှိတဲ့ ဒေသခံတွေဟာ ရေထဲကို အမှိုက်သရိုက်တွေ စွန့်ပစ်ကြပါတယ်။ အခုတွေ့နေရတဲ့ ရောင်စုံဖန်ကျောက်တုံးလေးတွေဟာ ပင်လယ်ဒီရေရဲ့ ပြုပြင်မှုကြောင့် အမှိုက်တွေကနေ အခုလို အသွင်ပြောင်းလာခဲ့တာဖြစ်ပါတယ်။

READ
ရေခဲမုန့်စားခြင်း၏ အကျိုးကျေးဇူးများ

Hidden Beach, Marieta, Mexico

The Travel Bible/facebook

လျို့ဝှက်ကမ်းခြေလို့ ခေါ်ကြပြီး အချစ်ကမ်းခြေလို့ လူသိများတဲ့ ဒီကမ်းခြေဟာ လိုဏ်တစ်ခုထဲမှာ သိုဝှက်ထားသလိုပါပဲ။ ကမ်းခြေရဲ့အပေါ်အမိုးမှာတော့ နေအလင်းရောင် ၀င်နိုင်တဲ့ အပေါက်ကြီးတစ်ပေါက်ကို တွေ့ရမှာပါ။

Glow-In-The-Dark Beach, Vaadhoo, Maldives

The Nature/facebook

အခြားကမ္ဘာမှာရှိနေတဲ့ ကမ်းခြေလို့တောင် ထင်ရပါတယ်။ ကောင်းကင်မှာ လင်းနေတဲ့ကြယ်တွေကြားထဲ လမ်းလျှောက်ရသလို ခံစားရမယ့် မော်လ်ဒိုက်ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ လင်းနေတဲ့ အရာလေးတွေကိုတော့ Bioluminescent phytoplankton လို့ ခေါ်ပါတယ်။ ၄င်းအရာတွေဟာ သက်ရှိသတ္တ၀ါလေးတွေဖြစ်ပြီး သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးလွန်းပါတယ်။

Pink Sand Beach, Bahamas

design-dautore.com/facebook

ဟန်းနီးမွန်းစုံတွဲတွေ နှစ်သက်ကြတဲ့ ပန်းရောင်ကမ်းခြေလေး တစ်ခုပါ။ ပန်းနုသွေးရောင် သန်းနေတဲ့ သဲတွေကို တွေ့နိုင်တဲ့ ကျွန်းကလေးဟာ သုခဘုံလေးသဖွယ်ပါပဲ။

READ
ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲ

Green Sand, Kourou, French Guiana

Arria Belli/Wikimedia

များသောအားဖြင့် ပုံမှန်ကမ်းခြေတွေမှာ သဲတွေကို အ၀ါရောင် မဟုတ်ရင် အဖြူရောင်အနေနဲ့ မြင်ရမှာပါ။ ဒါပေမယ့် ဒီကမ်းခြေမှာရှိတဲ့ သဲတွေကတော့ အစိမ်းရောင်တွေပါ။

The Beach of the Cathedrals, Ribadeo, Spain

Epic Travel/facebook

ခရစ်ယာန်ဘုရားကျောင်းတွေမှာ မြင်နိုင်တဲ့အမိုးတွေလို ကျောက်သားသဏ္ဍာန် အမိုးခုံးတွေကို ကမ်းခြေမှာ တွေ့ရမှာပါ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဒီရေရဲ့ အဆက်မပြတ် ရိုက်ခတ်ပုံသွင်းတဲ့ ဒဏ်ကြောင့် အခုလို လှပတဲ့အမိုးခုံးတွေကို တွေ့ရတာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE