မူလတန်းကျောင်းသားရဲ့ တီရှပ်ဒီဇိုင်းကို တရားဝင်ကျောင်းဝတ်စုံအဖြစ် သတ်မှတ်ခဲ့တဲ့ တက္ကသိုလ်

facebook/Laura Snyder

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက မူလတန်းကျောင်းသားလေးတစ်ဦးဟာ ကျောင်းက လှုပ်ရှားတဲ့ ကောလိပ်ကျောင်းများနေ့မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ၄င်းနေ့မှာတော့ ကျောင်းသားကျောင်းသူတွေဟာ မိမိနှစ်သက်တဲ့ တက္ကသိုလ်ကျောင်းတွေကို ကိုယ်စားပြုတဲ့ အရောင်ကို ကျောင်းကို ၀တ်ဆင်လာရမှာပဲ ဖြစ်ပါတယ်။ ဒီတော့ ကောင်လေးက ကောလိပ်ကျောင်းများနေ့ရောက်တဲ့အခါ လိမ္မော်ရောင် အင်္ကျီလေးနဲ့ ကျောင်းကိုလာပါတယ်။

လိမ္မော်ရောင် ရွေးချယ်လာရတာကတော့ သူဟာ တန်နက်ဆီတက္ကသိုလ်ဘောလုံးအသင်းရဲ့ ပရိတ်သတ်လေးတစ်ယောက် ဖြစ်တာကြောင့်ပါ။ တန်နက်ဆီတက္ကသိုလ်ဘောလုံးအသင်းရဲ့ တရားဝင်သတ်မှတ်ထားတဲ့အရောင်ကလည်း လိမ္မော်ရောင်ပဲ ဖြစ်ပါတယ်။ ကောင်လေးဟာ ကျောင်းကို လိမ္မော်ရောင်အင်္ကျီဝတ်သွားရုံတင်မကပဲ တန်နက်ဆီတက္ကသိုလ် စာအတိုကောက်ကို သူ့ဘာသာသူ လိုဂိုလုပ်၊ စာရွက်ပေါ်မှာ ရေးပြီး သူ့အင်္ကျီပေါ်မှာလည်း ကပ်လာခဲ့ပါသေးတယ်။

9/5/19 at 9:15pm – I don’t even know where to begin. I am so incredibly amazed at the outpouring of love and support…

Posted by Laura Snyder on Wednesday, September 4, 2019

ဒါကို အတန်းဘေးစားပွဲမှာထိုင်တဲ့ သူငယ်ချင်းတွေက မြင်တော့ သူ့ကို အမျိုးမျိုး စိတ်အနှောင့်အယှက်ဖြစ်အောင် ၀ိုင်းပြီး လှောင်ပြောင်ကြပါတယ်။ ကောင်လေးက မခံနိုင်တော့ သူ့စာကြည့်စားပွဲပေါ်မှာ ခေါင်းငိုက်စိုက်ချပြီး ငိုနေခဲ့ရာက ကျောင်းဆရာမတစ်ဦးက မြင်သွားခဲ့တာ ဖြစ်ပါတယ်။

READ
ခွဲခန်းဝင်ရမှာ ကြောက်နေတဲ့ကလေးကို ကြင်နာစွာနှစ်သိမ့်ပေးခဲ့တဲ့ သူနာပြုဆရာမလေး

ဆရာမက “ကလေးတွေထဲမှာ ဒီလို အနိုင်ကျင့်တာမျိုးဆိုတာက ရှိတာပဲ။ ကောင်လေးက ကောလိပ်ကျောင်းများနေ့ကို တော်တော်လေးတက်ကြွနေတာ။ ကျွန်မက သူတို့အတန်းဝင်နေရတော့ အဲ့ဒီကလေးက ကျွန်မဆီ အမြဲစကားလာပြောဖြစ်တယ်။ အဲ့ဒီနေ့ရောက်ရင် သူကတော့ လိမ္မော်ရောင်လေးဝတ်မှာ၊ အင်္ကျီမှာတပ်ဖို့ တံဆိပ်လေးတောင် သူ့ဘာသာသူ ဆွဲထားပြီးပြီလို့ ကျွန်မကို လာပြောပြပါတယ်…”

“…ဒါနဲ့ ကောလိပ်ကျောင်းများနေ့လည်းရောက်ရော သူဝတ်ဖို့အားခဲထားတဲ့ အင်္ကျီလေးကို ၀တ်ပြီးကျောင်းကို လာတဲ့အခါ အခုလို အနိုင်ကျင့်ခံရတာပဲ။ သူ့ဖန်တီးမှုလေးနဲ့သူ စိတ်အားထက်သန်နေတဲ့ သူတစ်ယောက်ရဲ့ဆန္ဒကို ရိုက်ချိုးတာမျိုးဟာ မဖြစ်သင့်ပါဘူး။ သူ့ကို လှောင်တဲ့ ကလေးတွေက သူတို့လည်း ကောလိပ်ကျောင်းများနေ့မှာ ပါဝင်ဆင်နွှဲကြတာမဟုတ်ပါဘူး။ သူတို့လည်း မလုပ်နိုင်ပဲ သူများကိုကြည့်ပြီး ဝေဖန်လှောင်ပြောင်ခဲ့ကြတာပါ…” လို့ ပြောပြပါတယ်။

The box arrived!

Posted by Laura Snyder on Friday, September 6, 2019

ထို့နောက်မှာတော့ ဆရာမဟာ ဖြစ်ရပ်အလုံးစုံကို ဆိုရှယ်မီဒီယာပေါ်က ပို့စ်ရေးသားတင်ခဲ့ရာမှ တန်နက်ဆီတက္ကသိုလ်ကနေ သိသွားခဲ့ပါတယ်။ အခြားသူတွေရဲ့ လှောင်ပြောင်စကားကြောင့် စိတ်ဓာတ်ကျနေတဲ့ ကောင်လေးရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးလိုတာရယ်၊ ကျောင်းသားချင်း အနိုင်ကျင့်တဲ့လုပ်ရပ်ကို ဟန့်တားတဲ့အနေနဲ့ရော တန်နက်ဆီတက္ကသိုလ်က အဆိုပါမူလတန်းကျောင်းသားလေး ရေးဆွဲထားတဲ့ လိုဂိုကို ဘောလုံးအသင်းရဲ့ တရားဝင်တီရှပ်အဖြစ် အသုံးပြုမည်လို့ ကြေညာခဲ့ကြောင်းလည်း သိရပါတယ်။

READ
မတွေ့တာ နှစ်ချီတဲ့အလား ကြည်နူးဖွယ် ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတဲ့ သူငယ်ချင်းလေး(၂) ဦး

 

လင်းလင်း (ShweMom)

SHARE