သန်း ၄၀ တန်ထီပေါက်ခဲ့ပေမယ့် ထီလက်မှတ်ပိုင်ရှင်ကို ရှာမတွေ့သေးတဲ့သြဇီကအဖြစ်

Herman/pixabay

ထီပေါက်ပြီး ထီလက်မှတ်ပိုင်ရှင်ရှာမရတဲ့အဖြစ်ပျက်ကလည်း မရှိလောက်ပါဘူးလို့ ထင်ရပေမယ့်လို့ ထူးဆန်းစွာနဲ့ပဲ တကယ်ရှိတတ်ပါတယ်နော်။ မြန်မာမှာလည်းမကြာသေးခင်တုန်းက ထီပေါက်ပြီး လူရှာမရလို့ဆိုကာ ဆိုင်ရှေ့မှာကျောက်သင်ပုန်းကြီးထုတ်ကြေငြာထားတာ သိကြတယ်မလား။ ဒီလိုအဖြစ်အပျက်နဲ့ထပ်တူပဲ၊ သြဇီမှာလည်း ထီထိုးပြီးပေါက်သွားခဲ့ပေမယ့်လို့ ထီလက်မှတ်ပိုင်ရှင်ကို ရှာမတွေ့ခဲ့ပါဘူးတဲ့။

News.AU မှာ ဖော်ပြချက်အရ Oz Lotto ကနေပြီး သြဇီဒေါ်လာ သန်း ၄၀ တန်ထီလက်မှတ်ပိုင်ရှင်ကို ရှာနေတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်ခဲ့ရပါတယ်။ သြဇီဒေါ်လာ သန်း ၄၀ ဆိုတော့ မြန်မာငွေနဲ့ဆို သိန်းပေါင်း ၄ သောင်းလောက်ရှိနေပါပြီ။ ထီအဖွဲ့အစည်းရဲ့ပြောရေးဆိုခွင့်ရှိသူ Lauren Conney ကတော့ ဒီထီလက်မှတ်ဟာ သြဇီက Blacktown မှာ ရှိလောက်မှာ သေချာလောက်တယ်ဆိုပြီး ပြောထားခဲ့ပါသေးတယ်။

jackmac34/pixabay

ကြည့်ရတာအခုအချိန်အထိ Blacktown မှာနေသူတစ်ယောက်က သန်း ၄၀ တောင်ထပ်ချမ်းသာနေပြီဆိုတာ မသိသေးပုံပါပဲ။ ဒါကြောင့်ပဲ သြဇီသတင်းဌာနတွေကနေတစ်ဆင့် Oz Lotto မှာ ထီထိုးထားတဲ့ နံပါတ်တွေကို တိုက်ကြည့်ကြပါဆိုပြီး အသည်းအသန်ကြေငြာနေကြပါတယ်။ သူတို့ထီလက်မှတ်က ဒီမှာလိုမဟုတ်ဘဲ ကဏန်းလေးတွေကို အကွက်လိုက် ၉ ကွက်ကိုက်ညီပါမှ ဆုကြေးတစ်ခုရတတ်တာပါ။ ပျမ်းမျှအားဖြင့်ပေါ့။ အခုပေါက်တဲ့နံပါတ်တွေကတော့ ၁၃၊ ၃၂၊ ၁၉၊ ၄၅၊ ၃၇၊ ၂၄ နဲ့ ၁၅ တို့ဖြစ်ပြီး ဖြည့်စွက်နံပါတ်နှစ်လုံးက ၂၃ နဲ့ ၂၈ တို့ပဲဖြစ်ပါတယ်။

READ
Tattooထိုးစဉ်က ရေမချိုးဖို့သတိပေးပေမယ့် မလိုက်နာလို့ အနာပေါက်ပြီးသေဆုံးခဲ့ရသူ

Penny

SHARE