ကမ္ဘာကျော် ဘောလိဝုဒ်မင်းသား Aamir Khan ရဲ့ ဘ၀အကြောင်း

ဘောလိဝုဒ်မင်းသား Aamir Khan ကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ အရမ်းကိုအောင်မြင်တဲ့ ဘောလိဝုဒ်မင်းသားကြီးပါ။ Aamir Khan ကိုတော့ (၁၉၆၅)ခုနှစ် မတ်(၁၄)မှာ မွေးဖွားခဲ့တာပါ။ ငယ်ငယ်တည်းက အနုပညာလှုပ် ရှားမှုတွေ လုပ်လာခဲ့ပြီး အခုထိလည်းအောင်မြင်တဲ့ မင်းသားတစ်ယောက် အဖြစ် ရပ်တည်နေသူပါ။ သူ့ရဲ့ သရုပ်ဆော င်ဘ၀၊သူသရုပ်ဆောင်ရမယ့် ဇာတ်ကောင်ပီပြင်ဖို့ ခန္ဓာကိုယ်ရော စိတ်ကိုပါ ရင်းနှီးပြီး သရုပ်ဆောင်တတ် သူပါ။ သူ့ရဲ့ ဘ၀အေ ကြာင်း တစ်ချို့ကို ပြန်ကောက်လိုက်ရင် သူဘာကြောင့် အခုထိအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် အဖြစ်ရပ် တည်နေ နိုင်တာလဲဆိုတာကို သိနိုင်မှာပါ။

pinterest

# သာမန်မျိုးရိုးမဟုတ်တဲ့ Aamir Khan…

pinterest

Aamir Khan ကိုတော့  Mr Perfectionist  လို့လည်း လူတွေကခေါ်ကြပါတယ်။အမြဲတမ်းကျရာဇာတ်ကောင်ကို Perfect ဖြစ်အောင် ကြိုးစားတတ်သူမို့ အခုလို ခေါ်ကြတာပါ။ Aamir ဟာ အရင်က အိန္ဒိယနိုင်ငံရဲ့ သမ္မတ ဖြစ်ခဲ့ ဖူးတဲ့Zakir Hussain နဲ့ အမျိုးတော်စပ်ပါတယ်။နာမည်အပြည့်အစုံကတော့ Mohammed Aamir Hussain Khan ပါ။

#ငယ်ငယ်တည်းက သရုပ်ဆောင်လုပ်ခဲ့ဖူး

pinterest

Aamir ကတော့ သူ့ဦးလေးရဲ့ ရုပ်ရှင်တစ်ခုမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။(၁၉၇၃)ခုနှစ်က ‘Yaadon Ki Baarat’ ဆိုတဲ့ ရုပ်ရှင်ပါ။အဲ့ဒီတုန်းက သူ့အသက်ဟာ (၈)နှစ်ပဲရှိပါသေးတယ်။

#မိဘတွေက မင်းသားဖြစ်မှာ မလိုလား

pinterest

Aamir ရဲ့မိဘတွေက သူတို့ရဲ့ သားကို မင်းသားတစ်ယောက်ဖြစ်လာမှာ မလိုလားခဲ့ကြပါဘူး။ မိဘတွေကတော့ ပညာရေးဘက်ကိုပဲ အာရုံစိုက်စေချင်ပေမယ့် Aamir ကတော့ အထက်တန်းကျောင်းအပြီးမှာ စာဆက်မသင်တော့ပဲ ကျောင်းနားခဲ့ပါတယ်။

READ
Creed II က Rocky ဇာတ်ကောင်ရဲ့ နောက်ဆုံးဇာတ်လမ်းဖြစ်ကြောင်း Stallone ကြေညာ

#အနုပညာပိုး စတင်ဝင်ရောက်ခဲ့ပုံ.

pinterest

Aamir ကတော့  Avantar လို့ခေါ်တဲ့ ရုပ်ရှင်အဖွဲ့တစ်ဖွဲ့နဲ့ လက်တွဲခဲ့ဖူးပါတယ်။အဲ့ဒီမှာ (၂)နှစ်လောက်စင် နောက်မှာ အလုပ်လုပ်ခဲ့ပါတယ်။အဲ့ဒီမှာပဲ မိဘတွေ အထူးသဖြင့် သူ့အဖေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မင်းသား လုပ်မယ် လို့ ဆုံးဖြတ်ခဲ့ပါတယ်။

#အောက်သက်ကျေခဲ့သူ

pinterest

‘Qyamat se Qyamat Tak’ ဆိုတဲ့ ရုပ်ရှင်ကားနဲ့ နာမည်ကြီးခဲ့သူပါ။ရုပ်ရှင်ကားအတွက် ချထားတဲ့ ဘတ်ဂျက်က အရမ်းနည်းလွန်းတော့ ရုပ်ရှင်ကားပိုစတာတွေကို ကိုယ်တိုင်လိုက်ကပ်ခဲ့ရပါတယ်။Aamir က တခြားအမျိုးသား တစ် ယောက်နဲ့ အတူ ဘတ်စ်ကား၊သုံးဘီးဆိုင်ကယ်တွေမှာ ရုပ်ရှင်ပိုစတာတွေကို လိုက်ပြီး ကပ်ခဲ့ပါတယ်။ကိုယ့်အနုပညာ အတွက်ကျရာနေရာကနေ အားဖြည့် ကြိုးစားခဲ့သူပါ။

#ဇာတ်ကားအောင်မြင်ပြီးနောက် သူပထမဆုံးလုပ်တဲ့အရာ

pinterest

‘Qyamat se Qyamat Tak’ ဇာတ်ကားအောင်မြင်ပြီးနောက် သူလုပ်ခဲ့တဲ့အရာကတော့ Maruti 800 ကားသစ် ၀ယ်ခဲ့ပါတယ်။မိဘတွေနဲ့ အတူနေနေတဲ့ အဆောက်အအုံမှာပဲ သူ့ကိုယ်ပိုင်တိုက်ခန်းလေးတစ်ခန်း ၀ယ်ခဲ့ပါတယ်။

#Juhi Chawla နဲ့ ကံမစပ်တဲ့ Aamir

Aamir နဲ့ Juhi Chawla တို့ကတော့ ရုပ်ရှင်ဇာတ်ကား(၇)ကားမှာ အတူတွဲသရုပ်ဆောင်ခဲ့ပါတယ်။ဒါပေမယ့် ငါးကားက မအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်လည်း Aamir က ‘Ishq’ ရိုက်ကွင်းမှာ စနောက်ပြီး Juhi နဲ့ နောက် ဘယ်တော့မှ တွဲပြီး အလုပ်မလုပ်တော့ဘူး လို့ ပြောခဲ့ပါတယ်။

READ
Fifty Shades of Greyထက် လိင်အသားပေးအခန်းပိုများလာတဲ့ Fifty Shades Darker Trailer

#ငယ်ငယ်တည်းက မိန်းကလေးတွေ ၀ိုင်းနေသူ

pinterest

Aamir ရဲ့ နာမည်ပြောင်ကတော့’Kahaiyalal’ ပါ။ဒီနာမည်ကိုတော့ သူ့ရဲ့ မိသားစုက ပေးထားတာပါ။ငယ်ငယ် တည်းက ကစားရင်အနားမှာ ကောင်မလေးတွေနဲ့ အမြဲဝန်းရံတတ်လို့ အခုလို နာမည်ပေးခဲ့တာပါ။

#Aamir Khan ရဲ့ အိမ်ထောင်ရေး…

Aamir Khan ကတော့Holi  ဇာတ်ကားမထွက်ခင် (၁၉၈၄)ခုနှစ်မှာ Reena Dutta နဲ့ တွေ့ဆုံခဲ့ပါတယ်။သူတို့ နှစ်ဦး ဟာ (၁၉၈၆)ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ဒါပေမယ့် သူတို့အိမ်ထောင်ရေးဟာ (1986–2002) အထိပဲ ကြာမြင့် ခဲ့ပြီး ကွာရှင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဒါရိုက်တာ Kiran Rao နဲ့ လက်ထပ်ခဲ့ပါတယ်။Khan မှာတော့ သားသမီး (၃)ယောက်ရှိပါတယ်။

#Kiran Rao ပြောတဲ့ Aamir  ရဲ့ လျှို့ဝှက်ချက်

pinterest

ဇနီးဖြစ်သူ  Kiran Rao ပြောတဲ့  Aamir ရဲ့ လျှို့ဝှက်ချက်တွေရှိပါတယ်။ Aamir ဟာ   eating disorder ရောဂါကို ခံစားနေရပါတယ်။ နောက်တစ်ခုကတော့ ရေချိုးရတာကို မကြိုက်တဲ့ ရေချိုးပျင်းသူ တစ်ယောက်ပါ။

#ပါကစ္စတန်မှာလည်း လူမှုရေးအလုပ်တွေ လုပ်ကိုင်

pinterest

သူဟာ အိန္ဒိယမှာတင်မဟုတ်ပဲ ပါကစ္စတန်မှာလည်း လူမှုရေးအလုပ်တွေ လုပ်ကိုင်သူပါ။Imran Khan က ပါ ကစ္စတန်မှာရှိတဲ့ Shaukat Khaanam ဆေးရုံအတွက် ရန်ပုံငွေမှာ ကူညီဖို့ အကူအညီတောင်းခံခဲ့ဖူးပါတယ်။

Source dailyhunt

SHARE