အမေရိကန်သမ္မတရဲ့သား Barron Trump အကြောင်း သင်မသိသေးတဲ့ အချက်များ

Instagram- @flotus

အမေရိကန်သမ္မတ Donald Trump ဟာ တရားဝင်အိမ်ထောင် သုံးဆက်ရှိကာ ကလေးကတော့ ၅ ယောက်ထွန်းကားခဲ့ပါတယ်။ အဲဒီအထဲ အငယ်ဆုံးလေးကတော့ Melania နဲ့ရတဲ့ သားလေး Barron Trump ပါပဲ။ Barron လေးဟာ မိခင်ဖြစ်တဲ့ Melania ရဲ့လည်း သည်းသည်းလှုပ်ချစ်ခြင်းကို ခံနေရသလိုပဲ Trump ရဲ့ ဦးစားပေးခြင်းကိုလည်း ခံရတဲ့ ကလေးတစ်ယောက်အဖြစ် လူတိုင်းကသိထားကြပါတယ်။

 

View this post on Instagram

 

Happy 10th birthday to my little brother! 🎂🎉

A post shared by Tiffany Ariana Trump (@tiffanytrump) on

၂၀၀၆ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် အသက် ၁၄ နှစ်သာသာရှိနေပါပြီ။ Barron လေးရဲ့ လူတွေ သိပ်မသိသေးတဲ့ အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

READ
ပြည်တွင်းမှာသာမက ပြည်ပမှာပါအောင်မြင်နေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်များ

Barron ဟာ ဖခင်ဖြစ်သူ သမ္မတဖြစ်ပြီးပြီးချင်းပဲ မိခင်နဲ့အတူတူ အိမ်ဖြူတော်ထဲကို ပြောင်းလာခဲ့ပါတယ်။ နယူးယောက်မှာရှိတဲ့ Columbia Grammar and Preparatory School မှ academic year ကို သင်ယူပြီးဆုံးစေခဲ့ပါတယ်။ နောက်မှာတော့ Trump Tower ကို ၆ လအကြာမှာတော့ ပြန်ပြောင်းနေခဲ့ပြီးတော့ တစ်ခါတစ်လေကျရင် ဖခင်ဆီကို ပိတ်ရက်တွေမှာ ကိုယ်ပိုင်လေယာဉ်နဲ့ကူးလူသွားလာလုပ်နေခဲ့ပါတယ်။

Barron ဟာ Slovene လိုလည်း ပြောတတ်ပါတယ်။

READ
သစ်ရိပ် ၀ါးရိပ်အောက်က သင်ဇာဝင့်ကျော်ရဲ့ အလှ

https://www.instagram.com/p/B58FZY8HGZa/?utm_source=ig_embed

John F. Kennedy ရဲ့ သားလေးပြီးရင် Barron ဟာ အိမ်ဖြူတော်မှာ လိုက်နေခွင့်ရှိတဲ့ ဒုတိယမြောက်သားပဲဖြစ်ပါတယ်။

အသက် ၁၂ နှစ်အောက် DC United အသင်းမှာကစားနေပြီး အခုဆိုရင်တော့ အသက် ၁၄ နှစ်အောက် Arlington Soccer Association မှာလည်း ဝင်ရောက်စကားနေတဲ့ ဘောလုံးအားကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Barron ဟာ မိခင် Melania ရဲ့ အုပ်ထိန်းမှုအောက်မှာ အပြည့်အဝရှိနေပြီး social media account လည်း တစ်ခုမှမရှိပါဘူးတဲ့။ ဒါပေမဲ့ တချို့ပြောတာကျတော့ Barron မှာ ဂိမ်းဆော့ဖို့အတွက် တိတ်တိတ်လေး ဖွင့်ထားတဲ့ အကောင့်တစ်ခုရှိနေပြီး K-Pop နဲ့ anime တွေကိုလ်း အသည်းဆွဲကြိုက်တဲ့ လူငယ်လေးတစ်ယောက်ပါတဲ့။

Penny

SHARE