Bipolar Disorder အကြောင်း သင်လုံးဝသိဦးမှာ မဟုတ်တဲ့ စိတ်ဝင်စားဖွယ် (၅) ချက်

Freepik- alexkoral

Bipolar Disorder ဆိုတာ စိတ်အတက် အကျအရမ်းမြန်တဲ့ ရောဂါတစ်မျိုးပါ။ စိတ်အတက်အကျကို ကိုယ့်စိတ်ကိုယ်ကိုတောင် ထိန်းချုပ်မရတော့တာမျိုးပါ။ ဒီ bipolar disorder နဲ့ပတ်သက်ပြီးတော့ လူတချို့မသိသေးတဲ့ အကြောင်းအရာလေး (၅) မျိုးကို Mindful Urgent Care မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

(၁) မသိတာမျိုး

မိမိကိုယ်မိမိတောင် bipolar disorder ဖြစ်မှန်းမသိဘဲ လူတစ်ယောက်ဟာ နှစ်နဲ့ချီနေနိုင်ပါတယ်တဲ့။ ဖြစ်ပွားမှုနှုန်းရဲ့ ၃% လောက်သာ သိနိုင်ကြတာပါ။ သူတို့ဟာ မျိုးရိုးလိုက်တာ၊ စိတ်ဖိဆီးမှုများတာ၊ အရက်နဲ့မူးယစ်ဆေးဝါးကြောင့် ဒါမှမဟုတ် နှိပ်စက်ခံရမှုတွေကြောင့် ဖြစ်တတ်ပါတယ်။

Freepik- cubacuba31

(၂) တခြားစိတ်ရောဂါတွေနဲ့ ရောပြီးခံစားရနိုင်တယ်

Bipolar disorder ရလာတဲ့အခါ တခြားသော စိတ်ဖိဆီးမှုတွေ၊ စိတ်လွတ်မှုတွေ စတဲ့ စိတ်ရောဂါတွေကိုလည်း တစ်ချိန်ထဲမှာ ခံစားရနိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆသင့်ပါဘူး။

READ
ကလေးအလိုလိုက်ပြီး ဖုန်းအလွန်အကျွံပေးသုံးတဲ့အခါ ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးများ

(၃) အမျိုးအစား ၃ မျိုးအကြောင်း

Bipolar I Disorder, Bipolar II Disorder, Cyclothymic Disorder ဆိုပြီး သုံးမျိုးရှိပါတယ်။ လက္ခဏာတွေက ဆင်သယောင်ယောင်နဲ့ မတူပါဘူး။

Freepik- bimbimkha

(၄) ကုဖို့မလွယ်ပါဘူး

Bipolar disorder ဟာ နှစ်ရှည်လများဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ပျောက်ကင်းအောင် ဆေးဝါးနဲ့ကုသဖို့ မလွယ်ပါဘူး။

(၅) ကြိုးစားထိန်းချုပ်လို့ရပါတယ်

စိတ်ရောဂါဖြစ်ပေမယ့်လည်း bipolar disorder ဟာ manageable ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်ရယ်၊ ဆေးဝါးအကူအညီရယ်အပြင်ကိုမှ ကိုယ့်စိတ်နဲ့လည်း ကြိုးစားရင်တော့ အလွန်အကျွံမဖြစ်အောင် ထိန်းချုပ်ဖို့ရနိုင်ပါတယ်။

penny

SHARE