Robert Pattinson အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အချက် (၇) ချက်

Warner Bros

Robert Pattinson ဆိုရင် ပရိတ်သတ်တွေတော်တော်များများက Twilight မင်းသားလေး Edward Cullen အဖြစ်သာ သိထားခဲ့ကြတာပါ။ ဒါဆိုရင် Robert Pattinson ရဲ့ လူမသိသေးတဲ့ စိတ်ဝင်စားဖွယ်အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Harry Potter ဟာ သူ့ရဲ့ပထမဆုံးရုပ်ရှင်ပါ

၂၀၀၅ ခုနှစ်တုန်းက Harry Potter ထဲမှာ Pattinson ထဲထဲဝင်ဝင် major role အဖြစ် သရုပ်ဆောင်ခဲ့တာဟာ ပထမဆုံးရုပ်ရှင်ပါတဲ့။ Cedric Diggory အနေနဲ့ သရုပ်ဆောင်ခဲ့တာပါ။

(၂) Harry Potter ရိုက်ဖို့ကို ပညာရေးပါ အထိခိုက်ခံခဲ့

အဲဒီအချိန်တုန်းက Pattinson ဟာ အသက် ၁၇ နှစ်။ Cedric Diggory အဖြစ် အရွေးလည်း ခံခဲ့ရရော သူဟာ တက္ကသလိုလ်ကို ရပ်နားခဲ့ပါတယ်။

READ
နှစ်အတော်ကြာပြီးမှ ပထမဆုံးအကြိမ် Live Performance ပြန်ဖျော်ဖြေခဲ့တဲ့ JB
Warner Bros

(၃) အထက်တန်းကျောင်းတုန်းက အပြာပုံတွေရောင်းခဲ့

The Howard Stern Show အင်တာဗျူးမှာတုန်းက ဖြေခဲ့တာပါ။ ကျောင်းတုန်းက ခိုးတယ်၊ နောက် pornographic magazine တွေရောင်းခဲ့တဲ့အတွက် ကျောင်းတောင် အထုတ်ခံခဲ့ရဖူးပါတယ်။ ဒီကိစ္စတွေကို ပြန်ပြင်လို့ရရင် ပြင်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။

(၄) Twilight Sound Track ကို ဖန်တီးတဲ့သူ

Pattinson ဟာ သရုပ်ဆောင်ကျွမ်းကျင်ရုံတင်မကဘဲ ဂီတပိုင်းမှာလည်း တော်တော်လေးကို ထူးချွန်ပါတယ်။ စန္ဒယားတို့ ဂီတာတို့ ကျွမ်းကျင်တဲ့အပြင်ကိုမှ Twilight ရဲ့ sound track နှစ်ခုဖြစ်တဲ့ Never Think နဲ့ Let Me Sign ကိုလည်း ဖန်တီးခဲ့သူပါ။ နောက် ၂၀၁၉ ခုနှစ်တုန်းက High Life ရုပ်ရှင်မှာလည်း သူ့သီချင်းကို နားထောင်နိုင်ပါတယ်။

Warner Bros

(၅) ကားမောင်းကျွမ်းကျင်မှု

Ellen DeGeneres ကို သူဟာ ကားသိပ်မမောင်းတတ်ဘူး၊ ကြောက်တယ်ဆိုပြီး ဝန်ခံခဲ့ပါတယ်။

READ
ပုရိသတွေရဲ့ အသဲကို လှုပ်ကိုင်ထားတဲ့ ပိုလန်သူလေး Maja Strojek

(၆) Best Kisser ဆုရခဲ့သူ

Pattinson နဲ့ Kristen Stewart တို့ဟာ ၂ နှစ်ဆက်တိုက်ကို MTV Movie and TV Award for Best Kiss အဖြစ် ၄ ကြိမ်တောင်ရခဲ့တာပါ။

Warner Bros

(၇) Twilight ရိုက်တုန်းက အလုပ်ထုတ်ခံရမလိုတောင်ဖြစ်ခဲ့

Edward Cullen ဇာတ်ကောင်ဟာ ပေါ့ပေါ့ပါးပါးမျက်နှာဘေးနဲ့သရုပ်ဆောင်ရမှာဖြစ်ပေမယ်လို့ Pattinson ဟာ အရမ်းစိတ်အနှစ်လွန်သွားပြီး လေးနက်သွားတာကြောင့် ဒါရိုက်တာက စိတ်တိုင်းမကျတွေဖြစ်ပြီး ပြသနာတက်ခဲ့ပါတယ်တဲ့။

penny

SHARE