သင်မသိသေးတဲ့ ဆောင်ဂျွန်ကီရဲ့ဘ၀အစိတ်အပိုင်းအချို့

ig/song joong ki

တောင်ကိုရီးယားမင်းသားချော ဆောင်ဂျွန်ကီကတော့ ကိုရီးယားမှာတင်မကပဲ အာရှမှာပါ အရမ်းကို နာမည်ကြီးတဲ့ မင်း သား ချောပါ။ Cute ဖြစ်တဲ့ ပုံစံမျိုးနဲ့ ဆောင်ဂျွန်ကီကတော့ Descendants of the Sun ဒရမ်မာဇာတ်လမ်းတွဲ နဲ့ ပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံအားပေးမှုကို ရခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ အတူတွဲသရုပ်ဆောင် တဲ့ မင်းသမီး ဆောင်းဟေကိုနဲ့ ပဲ လက်ထပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ထောင်ရေးဟာ အိမ်ထောင်သက် နှစ်နှစ် မပြည့်ခင် (၂၀၁၉) မှာပဲ အဆုံးသတ်ခဲ့ပါတယ်။ မင်းသားဆောင်ဂျွန်ကီရဲ့ ပရိသတ်တွေအတွက် သူနဲ့ ပတ်သက်တဲ့ အချက် အလက် တချို့ကို ဖော်ပြပေးချင်ပါတယ်။

#Bio

Image:Fb/Song Joong Ki 송중기 fan page

ဆောင်ဂျွန်ကီကိုတော့ ကိုရီးယားနိုင်ငံ Daejeon မြို့မှာ (၁၉၈၅)ခုနှစ် စက်တင်ဘာ (၁၉)ရက်နေ့က မွေးဖွား ခဲ့တာပါ။ မွေးချင်း (၃)ယောက်ရှိပါတယ်။တစ်ယောက်ကတော့ သူ့ထက်ကြီးတဲ့ အစ်ကိုဖြစ်ပြီး နောက်တစ်ယောက် ကတော့ သူ့ထက် အသက် (၇)နှစ်လောက်ငယ်တဲ့ ညီမ Song Seul-ki ပါ။ငယ်ငယ်တုန်းက အရမ်းကို ရှက် တတ်တဲ့ ကလေးလေးပါ။ မိဘတွေက ဒါကို သတိထားမိပြီးရဲရင့်သွက်လက်လာအောင် လူမှုရေး လုပ်ငန်း လှုပ်ရှားမှုတွေ မှာ ပါဝင်ခိုင်းခဲ့ပါတယ်။ နောက်ဆုံး သရုပ်ဆောင်သင်တန်းကိုပါ တတ်ခိုင်းခဲ့ပါတယ်။

#ငယ်ငယ်က စကိတ်စီးကျွမ်း

ငယ်ငယ်တုန်းက စကိတ်စီးတာ အရမ်းကို ကျွမ်းကျင်လို့ Daejeon မြို့ရဲ့ ကိုယ်စားပြု စကိတ်စီးအားကစား သမား အထိ ဖြစ်ခဲ့တာပါ။ TV series Triple မှာ စကိတ်စီးသမားအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူအထက် တန်းကျောင်းပထမနှစ်မှာတော့ ဒဏ်ရာရပြီး အဲ့ဒီဒဏ်ရာကြောင့်ပါ စကိတ်စီးတာကို စွန့် လွှတ် ခဲ့ရပါတယ်။

#ပညာရေးမှာ ထူးချွန်

Image:Fb/Song Joong Ki 송중기 fan page

ဆောင်ဂျွန်ကီက စာတော်တဲ့ သူတစ်ယောက်ပါ။ သူ့အထက်တန်းကျောင်းတုန်းကဆိုရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မှာ အမှတ် (၄၀၀)မှာ (၃၈၀) အထိ ရခဲ့တာပါ။ Sungkyunkwan တက္ကသိုလ် ၀င်ခွင့် ရခဲ့ပါတယ်။ဝင်ခွင့် Test အတွက် ဆိုးလ်မှာ ပြင်ဆင်နေချိန်မှာပဲ မြေအောက်ရထားဘူတာရုံမှာ Agent တစ်ခုကနေ သူ့ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ချက် ချင်းကြီး အနုပညာလောကထဲ မ၀င်ခဲ့ပဲ ၊အနုပညာလောကထဲ ၀င်သင့်၊မ၀င်သင့် စိတ်ဒွိဟ ဖြစ်ခဲ့ ပါတယ်။ အထ က် တန်းဘ၀ မှာတုန်းကဆိုရင် A တွေပဲရတယ်၊ကျောင်းခေါ်ချိန်ပြည့်တဲ့ စံပြကျောင်းသားတစ်ယောက် ဖြစ်ခဲ့ သူပါ။

#ဆောင်ဂျွန်ကီရဲ့ အနုပညာဘ၀အစ

အနုပညာလောကထဲ ၀င်သင့်၊မ၀င်သင့် တွေဝေရတဲ့ အထဲမှာ သူ့ရဲ့ မိသားစုကြောင့်လည်း ပါပါတယ်။ဖခင်ဖြစ်သူက သူမင်းသားလုပ်မှာကို ဆန့်ကျင်ကန့်ကွက်ခဲ့တာကြောင့်ပါ။ အစပိုင်းမှာတော့ part-time လေ့လာကြည့်ပြီး နောက်ပိုင်း သူတက္ကသိုလ် တတိယနှစ်ရောက်မှ အနုပညာလောကထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အနုပညာအလုပ်နဲ့ ကျောင်းစာ တွဲ လုပ်ရပေမယ့်လည်း (၂၀၁၂)မှာတော့ Business Administration နဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲ့ဒီနောက် ပိုင်း မှာတော့ KBS’s Quiz Korea TV show မှာ ပြိုင်ပွဲဝင် တစ်ယောက် အဖြစ် ပါဝင်ခဲ့ပါတယ်။ စီနီယာဖြစ်သူက နေမကောင်းလို့ လူစားဝင် ပေးခဲ့ရတာပါ။ ဆောင်ဂျွန်ကီက အဲ့မှာ ဒုတိယဆုရခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ လူစိတ်ဝင်စားမှုကို ရခဲ့ပြီး တက္က သိုလ်မဂ္ဂဇင်းရဲ့ ကာဗာမော်ဒယ်ဖြစ်လာခဲ့ပါတယ်။

#သရုပ်ဆောင်ဘ၀ပွဲဦးထွက်ဇာတ်ကား

ဆောင်ဂျွန်ကီရဲ့ သရုပ်ဆောင်ဘ၀ ပွဲဦးထွက်ဇာတ်ကားကတော့ A Frozen Flower (2008) ပါ။ဒီဇာတ်ကား ကတော့ Jo In-sung, Joo Jin-mo နဲ့  Song Ji-hyo တို့ သရုပ်ဆောင်ထားပြီး (၁၈)နှစ်မပြည့် သေးရင် မကြည့် သင့်တဲ့ ဇာတ်ကားပါ။ KBS Friday music program Music Bank  မှာတေ့ (၂၀၀၉-၂၀၁၀) မှာ ပါဝင် ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ OB/GYN Doctors ဆိုတဲ့ ဆရာဝန်ကား နဲ့  Hearty Paws 2 မှာ ပါဝင်ခဲ့ပါတယ်။ Sungkyunkwan Scandal ကတော့ သူ့ကို နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကားပါ။(2011)မှာတော့ Penny Pinchers ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ဝေဖန်သူတွေ တောင်မှ သူ့ရဲ့ သရုပ်ဆောင်ပညာကို ချီးကျူး ခဲ့ပါတယ်။Deep Rooted Tree (2011) မှာတော့ ဘုရင်အဖြစ်သရုပ်ဆောင်ပြီး 2011 SBS Drama Awards  မှာ PD Award  ဆုရခဲ့ပါတယ်။

#Running Man အဖွဲ့ဝင်ဟောင်း

RM ရဲ့ အမာခံပရိသတ်တွေကတော့ ဒီအကြောင်းကို သိကြမှာပါ။ဆောင်ဂျွန်ကီဟာ (၂၀၁၀-၂၀၁၁) အထိ Running Man မှာ ပါဝင်ခဲ့ဖူးပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာတော့ သရုပ်ဆောင်ဘက်ကို ပိုပြီးအာရုံစိုက်ချင် လို့ RM ကနေ ထွက် ခွာခဲ့တာပါ။

READ
သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ချယ်လ်ဆီးနဲ့မန်စီးတီး ကစားသမားဟောင်း George Weah

#မိတ်ဆွေသူငယ်ချင်းတွေ အပေါ် အရမ်းကောင်းသူ၊စစ်မှုထမ်းတဲ့ ရက်

Image:Fb/Song Joong Ki 송중기 fan page

ဆောင်ဂျွန်ကီကတော့ မိတ်ဆွေသူငယ်ချင်းတွေ အပေါ်မှာ တကယ်ကောင်းတဲ့ လူတစ်ယောက်ပါ။Kim Jong-kook ရဲ့ Men Are All Like That  နဲ့ Tei ရဲ့ Poisonous Tong MV တို့ မှာ ပါဝင်ခဲ့ဖူးပါတယ်။ Jong Kook ရဲ့ MV မှာတော့ အလကား သရုပ်ဆောင်ပေးခဲ့တာပါ။RM ညီနောင်တွေမို့ အခမဲ့ မေတ္တာနဲ့ ကူညီပေးခဲ့တာပါ။ဒါတင် မက သေးပါဘူး။စစ်မှုထမ်းနေတုန်း ရတဲ့ ခွင့်ရက်လေးမှာတောင်မှ Kwang-soo ညီမရဲ့ မင်္ဂလာ ဆောင် ကို အရောက် သွားပေးခဲ့တဲ့ သူပါ။Lee Kwang-soo နဲ့က အရမ်းကို ခင်တဲ့ သူငယ်ချင်းတွေပါ။ဆောင်ဂျွန်ကီကတော့ (၂၀၁၃) သြဂုတ် (၂၇)မှာ စစ်မှုထမ်းခဲ့ပြီး (၂၀၁၅)မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တာပါ။

#စစ်မှုထမ်းပြန်လာပြီးနောက် အောင်မြင်မှုတွေရခဲ့

Image:IG/Song Hye Kyo

အရင်သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေနဲ့က နာမည်ကြီးခဲ့တယ်ဆိုပေမယ့် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ်လို့ တော့ ပြောလို့ မရသေးပါဘူး။စစ်မှုထမ်းပြန်လာပြီးနောက် ရိုက်ခဲ့တဲ့ ဇာတ်ကားတွေ နဲ့ အရမ်းအောင်မြင်ခဲ့ တာပါ။ Descend ants of the Sun (2016) က ဆောင်ဂျွန်ကီကို အရမ်းအောင်မြင်စေခဲ့တာပါ။(၂၀၁၃) တုန်းက Forbes Korea Power Celebrity စာရင်းရဲ့ နံပါတ် (၇)နေရာမှာရှိခဲ့ပေမယ့် (၂၀၁၇)မှာတော့ နံပါတ်နှစ်နေရာကို ရခဲ့ပါတယ်။ Descendants of the Sun ဇာတ်ကားက ဆောင်ဂျွန်ကီရဲ့ အောင်မြင်မှုကြောင့် သူ့မိဘ တွေရဲ့ အိမ်ဟာ Tourist Attraction တစ်ခု ဖြစ်လာခဲ့ပါတယ်။

#ဆောင်ဂျွန်ကီရဲ့ ပထမဆုံးအနမ်းက….

ဆောင်ဂျွန်ကီရဲ့ ပထမဆုံး အနမ်းကတော့ သူဂျူနီယာအထက်တန်းကျောင်းသားဘ၀တုန်းက ရ ခဲ့တာပါ။ဘတ်စ် ကား မှတ်တိုင်မှာ ည(၁၁)နာရီလောက်က ရခဲ့တာပါ။(ဆောင်ဂျွန်ကီတို့ အတိအကျကို မှတ်မိနေတာ 😛 )

#ချစ်တဲ့ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်

Image:Fb/Song Joong Ki 송중기 fan page

ဆောင်ဂျွန်ကီကတော့ စွံတဲ့ ယောက်ျားထဲမှာ ပါပါတယ်။သူ့ကို ကြိုက် တဲ့ မိန်းကလေးတွေ အများကြီးရှိပါတယ်။အဲ့ဒီအ ထဲမှာ ကိုရီးယားဆယ်လီ မိန်းကလေးတွေ လည်း ပါပါတယ်။After Shool’s Nana, Brown Eyed Girls’ Ga In, Sistar’s Bora, IU, နဲ့  SNSD’s Sunny တို့ဟာ ဆောင်ဂျွန်ကီရဲ့ Fangirl တွေ ပါ။Ga In က ဆိုရင် ဆောင်ဂျွန်ကီရဲ့ အရာအားလုံးကို ကြိုက်တယ်ဆိုပြီးတော့တောင် ထုတ်ပြောဖူးပါတယ်။

READ
အိုင်ယာလန် တိရိစ္ဆာန်ဆေးရုံတစ်ခုကခေါ်နေတဲ့ ထူးဆန်းတဲ့ အလုပ်တစ်ခု

#A Werewolf Boy ဇာတ်ကားက သူ့ အတွက်ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့

Image:Fb/Song Joong Ki 송중기 fan page

A Werewolf Boy ကတော့ သူ့ အတွက်ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုလို့ ဆောင်ဂျွန်ကီ က ပြောပါတယ်။ဒီဇာ တ်ကောင် အတွက် လက်ခံပြီးနောက်မှာတော့ သူ့ရဲ့ ကောင်ကလေးဆောင်ဂျွန်ကီ ဆိုတဲ့ Image ကို လက်ပြ နှုတ် ဆက်ဖို့ အတွေးရခဲ့ပါတယ်။ယောက်ျားတစ်ယောက်ဖြစ်လာဖို့ အချိန်ကျပြီ လို့ ခံစား မိခဲ့တယ်လို့ ဆိုပါတယ်။

#အရက်မသောက်နိုင်

ဆောင်ဂျွန်ကီကတော့ အရက်အများကြီးသောက်နိုင်တဲ့ သူတွေထဲမှာ မပါပါဘူး။အယ်လ် ကိုဟော များများ မသောက် နိုင်ပါဘူး။

#ဆောင်ဂျွန်ကီရဲ့ စံပြပုဂ္ဂိုလ်

ဆောင်ဂျွန်ကီက သူ့ဘ၀ရဲ့ စံပြပုဂ္ဂိုလ် အကြောင်းထုတ်ပြောခဲ့ပါတယ်။Leonardo di Caprio က သူ့ရဲ့ စံပြ ပုဂ္ဂိုလ် လို့ ဆိုပါတယ်။

#မိန်းကလေးတစ်ယောက်ကို မြင်ရင် ဘယ်နေရာကို အရင်ကြည့်လဲ….

(2012) တုန်းက အင်တာဗျူးတစ်ခုမှာ ဖြေခဲ့တာပါ။မိန်းကလေးတစ်ယောက်ကို မြင်ရင် ဘယ်နေရာကို အရင် ကြည့် လဲဆိုတာကို ထုတ်ပြောခဲ့တာပါ။မျက်လုံးကိုအရင်ကြည့် တယ်လို့ ဖြေခဲ့ ပါတယ်။မျက်ဝန်းက တစ်ဆင့် လူတစ် ယောက် ရဲ့ စရိုက်လက္ခဏာကို သိနိုင်တဲ့ အတွက် မျက်လုံးကို ကြည့်ပြီး အဲ့ဒီမိန်းကလေးရဲ့ ပင်ကိုယ်စရိုက်သဘာဝကို အကဲ ခတ်တယ်လို့ ဆိုပါတယ်။

#သူကြိုက်တဲ့ မိန်းကလေးပုံစံ နဲ့ အတိတ်က အချစ်ရေး(ဆောင်းဟေကိုနဲ့ လက်မထပ်ခင်က ဖြေထား)

ဆောင်းဟေကိုနဲ့ လက်မထပ်ခင်တုန်းက ဖြေထားခဲ့တာပါ။ခြေထောက်ရှည်၊ဆံပင်ရှည်တဲ့ မိန်းကလေး မျိုးကို သဘော ကျတယ်လို့ ဖြေခဲ့ပါတယ်။အချစ်နဲ့ ပတ်သက်ရင်တော့ သူ့ရဲ့ အတိတ်က ချစ်သူ အကြောင်းကို Public ကို ထုတ် ပြောဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ရည်းစားဟောင်းနဲ့ မကွဲခင် (၂၀၁၀) အစောပိုင်းလောက်တုန်းက အဲ့ဒီ မိန်း ကလေး နဲ့ သူ့နဲ့ဟာ တွဲလာတာကြာတဲ့ long-term relationship  လို့ ပြောခဲ့ပါတယ်။အတိတ်က ချစ်သူ အကြောင်းကိုတော့ ထုတ်မပြောချင်ဘူးလို့ ပြောခဲ့ပါတယ်။

#အိမ်ထောင်ရေး

Image:IG/Song Hye Kyo

ဆောင်ဂျွန်ကီရဲ့ အိမ်ထောင်ရေးကတော့ ပရိသတ်တွေ အားလုံးသိကြမှာပါ။Descendants of the Sun  ဇာတ် ကား မှာ အတူသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဆောင်းဟေကိုနဲ့ (၂၀၁၇)အောက်တိုဘာ (၃၁) ရက်နေ့က လက်ထပ် ခဲ့ပါတယ်။ ဆိုးလ်မှာရှိတဲ့ Shilla  ဟိုတယ်၊ Yeong Bin Gwan ခန်းမကြီးမှာ ကျင်းပခဲ့တာပါ။Private မင်္ဂလာပွဲ ဆို ပေမယ့် မီဒီယာသမားတွေက ဒရုန်းတွေကိုပါ သုံးပြီး မှတ်တမ်းတင် ဗီဒီယို၊ဓါတ်ပုံတွေ မရမက ရိုက်ကူး ခဲ့ပါတယ်။ စံပြစုံတွဲ ဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ (၂၀၁၉) ဇွန်လ (၂၇)ရက်နေ့မှာတော့ ကွာရှင်းတော့မယ့် အကြောင်းကို နှစ်ဖက် လုံးကနေ ထုတ်ပြောခဲ့ပါတယ်။ဆောင်ဂျွန်ကီရဲ့ ရှေ့နေက တော့ ကွာရှင်းခွင့် တင်ထားတင်ထားဆိုပြီး ပြောခဲ့တာပါ။ေ ဆာင်ဂျွန်ကီကတော့ ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး၊ကွာရှင်းတဲ့ ကိစ္စကိုအေးဆေးဆေးဆေးလေးပဲ ပြီး ဖို့ မျှော်လ င့်ကြောင်း ပြောခဲ့ပါတယ်။ဆောင်းဟေကိုရဲ့ ဘက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက် မတူ တာတွေ များပြားကြောင်း၊စရိုက်မတူ သဘောထားမတိုက်ဆိုင်မှုတွေ များလာတော့ နောက်ဆုံးမှာ လမ်းခွဲ ဖို့ ဆုံးဖြတ် လိုက်တာလို့ ပြောခဲ့ပါတယ်။

#Shwemom(wiki/channel-korea/soompi)

SHARE