ရွှေ ထက်ပိုအဖိုးတန်တဲ့ Cordyceps (ပိုးဆေးနွယ်ရှင်)ရဲ့ အ ကြောင်း

Image:wikicommon

Cordyceps (ရှီးပတီး သို့ ပိုး ဆေးနွယ်ရှင် )ဆိုတဲ့ အရာကိုတော့ သဘာဝ  ဆေး တွေကို စိတ်ဝင်စားသူတိုင်း ကြား ဖူးကြမှာပါ။ငှက်သိုက် တို့၊လင်ဇီးမှို တို့ လို မျိုး အရမ်းအဖိုးတန်တဲ့ အရာပါ။သူ့ကိုတော့ Ophiocordyceps  လို့ ခေါ် ပြီး Cordyceps လို့  ပိုပြီး လူသိများပါတယ်။တိဗက်မှာဆို ရင် တော့ Yartsa Gunbu လို့ ခေါ်ပြီး တရုတ်မှာဆိုရင် တော့ “summer grass, winter worm” ဆောင်းပိုး နွယ်မြက် ဆိုပြီး ခေါ် ပါတယ်။မြန်မာမှာဆိုရင် တော့ သူ့ကို  ပိုး ဆေးနွယ်ရှင် ဆိုပြီး ခေါ် ကြပါတယ်။ Cordyceps တွေ ဟာ ဘာကြောင့် ဈေးအရမ်းကြီးရတာလဲ၊သူနဲ့ ပတ်သ က်တဲ့ စိတ် ၀င်စားစရာ ကောင်းတဲ့ အ ကြောင်းတွေကို တော့ odditycentral နဲ့ Wiki မှာ ဖော်ပြထားတဲ့ အချက် အလက် တွေကို ကိုးကားပြီး ပြန်လည် ဝေမျှ ပေးလိုက်ရပါ တယ်။

Cordyceps ဆိုတာ ဘယ်လို အရာကြီးလဲ..?

Image:wikicommon

ကမ္ဘာ့ ဈေးအကြီးဆုံး ကပ် ပါး ကောင်လို့ သတ်မှတ်ခံထားရပါတယ်။ဒါပေမယ့် သူက တော့ ငှက်သိုက်လို တရိစ္ဆာန်က ရတယ်လို့ လည်း ပြောလို့ မရသလို လင်ဇီးမှို လို အပင် လို့ လည်း ပြောလို့ မရပါဘူး။ ပိုးတုံးလုံး ပေါ်မှာ တွယ်ကပ် နေတဲ့ မှို  မို့ အပင်(သို့)အ ကောင်လို့  ခွဲခြားသတ်မှတ်လို့ မရတာပါ။

ဘယ်မှာ တွေ့ရတတ်လဲ ..?

ဟိ မ၀န္တာ တောင်တန်း ဒေသ တွေ ဖြစ်တဲ့ နီ ပေါ၊ ဘူတန်၊အိန္ဒိယ၊မြန်မာ၊တိဗက် နိုင်ငံ တို့က  ပေ (11, 483) ရှိတဲ့ မြက်ခင်းပြင်ကြီး တွေ မှာ တွေ့ရတတ် တယ်လို့ Wiki မှာတော့ ဖော်ပြ ထားပါတယ်။မြန်မာ မှာတော့ ကချင်  ရေခဲ တောင် တွေ မှာလည်း တွေ့ ရတတ်တယ်လို့ ပြောတာမျိုးတွေ လည်း ကြားဖူးပါတယ်။လွယ်လွယ်နဲ့ ရှာတွေ့ လို့ ရတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။သက်စွန့် စံဖျားနဲ့ အပင်ပန်း ခံရှာရတာပါ။

READ
နှစ်(၅၀)မှာ တစ်ခါပြန်ပေါ်တယ်ဆိုတဲ့ ဗြိတိသျှတို့နစ်မြုပ်ခဲ့တဲ့ Ghost Ship သင်္ဘောကြီး

ဘယ်လောက်ထိ ဈေးကြီးလဲ..?

Image:wikicommon

ရွှေနဲ့ နှိုင်းယှဉ်ပြရင်တော့ ရွှေထက် (၃)ဆ ပိုပြီး တန်ဖိုးကြီးပါတယ်။ကမ္ဘာ့ ဈေးကွက်ထဲမှာ ဆိုရင် တော့ ငါး ဒေါ်လာ ကေ န (၁၁) ဘီလီယံလောက်အထိ သူ့ တန်ဖိုးက ရှိပါတယ်။တစ်ကီလိုဂရမ်ကို အ မေရိကန် ဒေါ်လာ ($140,000) လောက် တန် ကြေး ရှိပါတယ်။

ဘယ်နေရာတွေမှာ သုံးလဲ..?

ဆေးဝါးတစ်ခု အ နေနဲ့လည်း သူ့ကို မှီဝဲ ကြပါတယ်။တရုတ်တိုင်းရင်းဆေးတွေ မှာ သုံးကြပါတယ်။အားဖြည့်ဓါတ်စာ အနေနဲ့ လည်း သုံးကြပါတယ်။Cordyceps  ပါတဲ့ စားစရာ တို့ Tea တို့ ဆိုပြီး ရောင်းချတာမျိုးတွေ လည်း တွေ့ ဖူးပါတယ်။

သူ့ရဲ့ ကောင်းကျိုး

ကျောက်ကပ်နဲ့ အမျိုးသားကာမ အားတိုး ဆေး အဖြစ်နဲ့ သုံးကြတာများပါတယ်။ကျောက်ကပ် အစားထိုး ထားတဲ့ သူတွေ က ဒါကို ဆေး အဖြစ် မှီဝဲ ကြတယ်လို့ ဆိုပါတယ်။အသည်းကိုလည်း အားကောင်းစေသလို အားကစား သ မားတွေ  အ မောခံ သက်လုံ ကောင်း စေဖို့  အတွက် လည်းသုံး တာကို တွေ့ရ ပေမယ့် သိပ္ပံ နည်းကျ တော့ တက ယ်ပဲ အသည်းနဲ့ သက်လုံ အတွက် ကောင်း မ ကောင်း ခိုင်မာတဲ့ သက်သေ အ ထောက် အထားတော့ မရှိဘူးလို့ Wiki မှာ ဖော်ပြထားပါတယ်။အရွယ်တင်နုပျို ဆေး အ နေနဲ့ လည်း မှီဝဲကြတာမျိုးတွေရှိပါတယ်။ဆီးချို၊သွေးချိုတွေ ကို သက်သာ စေသလို ကင်ဆာ ရောဂါ အတွက်လည်း ကောင်းတယ် ဆိုပြီး ပြောကြတာ တွေလည်း ကြားဖူးပါတယ်။

READ
ဘီစကစ်မုန့်ကြွပ်တွေမှာ အပေါက်လေးတွေပါရတဲ့ အကြောင်းအရင်း

သတိထားစရာ အချက်

သဘာဝ အတိုင်း ရှိနေတဲ့  အရာပါ။ဒါပေမယ့် လည်း တန် ဆေး လွန် ဘေး ဆိုတဲ့ စကားရှိပါတယ်။တရုတ်မှာဆိုရင် ကာမ အားတိုးဆေး ဆိုပြီး အလွန်အ ကျွံ့ မှီဝဲ တာမျိုး တွေ ရှိခဲ့ပါတယ်။ သူ့မှာ ပါဝင်တဲ့ Arsenic က အရမ်းများတာ ရယ်၊တခြား Metal တွေ အရမ်း များတာ ကြောင့် အဆိပ် အ တောက် ဖြစ်သွားနိုင်တာ မို့ (၂၀၁၆)က စပြီး တရုတ် အစားအစာ နဲ့ ဆေးဝါးထုတ်လုပ်မှု ဆိုင်ရာ အဖွဲ့ အစည်း CFDA  ရဲ့  စည်းမျဉ်းတွေ နဲ့ ရောင်းချမှု တွေကို  ထိန်းချုပ် ခဲ့ပါတယ်။

တိဗက်က လူတွေ ကို သူဌေးဖြစ်စေ

တိဗက်မှာဆိုရင်တော့ Cordyceps  က သူတို့ စီးပွားရေးက အဓိက သွေး ကြော လို့ တောင် ပြော လို့ ရပါတယ်။ေ ကျးလက် နေ တိဗက် အိမ် ထောင်စု တွေရဲ့ ၀င်ငွေ  (၄၀)ရာခိုင်နှုန်း က တော့  Cordyceps   က ရတာပါ။တစ်ချို့ မိသားစု တွေဆိုရင် ၀င်ငွေ ရဲ့ တစ်ရာရာခိုင်နှုန်းလုံးက Cordyceps  က ရတာပါ။(၂၀၀၈)တုန်းက အရည်အ သွေး နိမ့်တဲ့ Cordyceps  ဆိုရင် တောင်မှ ဈေးနှုန်းက ($3,000) လောက်ရှိပါတယ်။အရည် အ သွေးသာ ကောင်း ရင် တော့ ($18,000) လောက်အထိ ရပါတယ်။တိဗက်  က နေ (၂၀၀၉)တုန်းက ဆိုရင် တန် (၈၀) က နေ (၁၇၅)တန်အ ထိ ထွက်ရှိခဲ့ပါတယ်။

#SHWEMOM

SHARE