Deepika Padukone အကြောင်း သင်မသိသေးတဲ့ အချက် ( ၇) ချက်

Image:IG/Deepika Padukone

Deepika Padukone  ဆိုတာနဲ့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးဆိုတာကို မသိတဲ့ သူ မရှိပါဘူး။သရုပ်ဆောင် ပိုင်းမှာ တင်မကပဲ ဖက်ရှင်ပိုင်းမှာ ပရိသတ် ရဲ့ အသိအမှတ်ပြု ခြင်းကို ခံထားရတဲ့ မင်းသမီးပါ။ဟောလိဝုဒ် ထိ  အောင်မြင်မှုကို ချဲ့ ထွင် နိုင်ခဲ့တဲ့ ဘောလိဝုဒ်မင်းသမီး Deepika Padukone ရဲ့ စိတ်ဝင်စားစရာ ဘ၀ အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။

Bio

 

View this post on Instagram

 

A post shared by Malti (@deepikapadukone) on

Padukone ကိုတော့ (၁၉၈၆)ခုနှစ် ဇန်န၀ါရီ (၅)ရက်နေ့က ဒိန်းမတ်နိုင်ငံ  Copenhag en ဆိုတဲ့ မြို့မှာ မွေး ခဲ့တာပါ။သူမရဲ့ အဖေ Prakash Padukone ကတော့ Badminton ကစားသမား ဟောင်းပါ။သူမရဲ့ မေ မေ ကတော့ Travel Agent ပါ။ညီ မလေး တစ်ယောက်ရှိပါတယ်။Anisha ကတော့ ဂေါက်အားကစားမယ်ပါ။သူမ တစ်နှစ် သမီး အရွယ်မှာတော့ ဒိန်းမတ်ကတော့ အိန္ဒိယနိုင်ငံ Bangalore ကို ပြောင်းရွှေ့ လာခဲ့တာပါ။Bangalore ရဲ့ Sophia အထက်တန်းကျောင်း ကနေ ကျောင်းပြီးခဲ့တာပါ။Pre School University ကိုတော့ Mount Carmel ကောလိပ် ကနေ ပြီးခဲ့ပါတယ်။  မော် ဒယ် လောကထဲ ရောက်လာချိန်မှာတော့ တက္ကသိုလ် ဆက်မတက်တော့ပဲ ကျောင်းထွက်ခဲ့ပါတယ်။

အပေါင်းအသင်းနည်းပြီး Badminton အားကစားကိုပဲ အာရုံစိုက်ခဲ့

Image:IG/Deepika Padukone

သူမရဲ့ ငယ်ဘ၀ ကတော့အ ရမ်းကို ရိုးရှင်းပါတယ်။အပေါင်းအသင်း အများကြီးမရှိပဲ တဲ့ ကလေး တစ်ယောက်ဖြစ်ခဲ့သူပါ။သူမရဲ့ငယ် ဘ၀မှာ Badminton အားကစားကိုပဲ အာရုံ စိုက် ခဲ့ပါတယ်။ငယ်ဘ၀  အကြောင်းအင်တာဗျူး တစ်ခုမှာတော့ ” မနက်ကို ငါးနာရီ အိပ်ယာ ထတယ်။မနက်ကျ တော့ Training ဆင်းတယ်။ကျောင်းသွားတယ်။ပြန်လာတော့ Badminton ကစားတယ်။ပြီးတော့ အိမ်စာလုပ်တယ်၊အိပ်တယ်..” ဆိုပြီး ဖြေခဲ့ဖူးပါတယ်။

အနုပညာ လောကထဲ ၀င်ရောက်လာပုံ

Image:IG/Deepika Padukone

Grade (10) ကိုေ ရာက်တဲ့ အချိန်မှာတော့ ဖက်ရှင်မော်ဒယ် လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဖခင် ဖြစ်သူက Badminton  ကစားသမားဟောင်းမို့ သူမလည်း ဒီအားကစားကို ကစားဖြစ် နေရင်းနဲ့ Badminton ကို စွန့်လွှတ်ရင် စိတ်မကောင်းဖြစ်မှာလား ဆိုပြီး ဖခင်ကို မေးခဲ့ပါတယ်။ဖခင်ဖြစ်သူက ရတယ်၊အဆင်ပြေတယ်ဆိုတော့မှ မော်ဒယ် အလုပ်ကို  လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မော်ဒယ် ဘ၀ အစမှာ အရမ်းရုန်းကန်ခဲ့ရ

Image:IG/Deepika Padukone

မော်ဒယ်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူမဟာ ဒီလောထဲ ၀င်ခါစမှာ အရမ်းခက်ခဲ ခဲ့ပါတယ်။Full Time မော်ဒယ်ဖြစ်ဖို့ ကိုတောင်မှ လေးနှစ် လောက် အချိန်ယူခဲ့ရပါတယ်။(၂၀၀၄)မှာတော့ ဆပ်ပြာ ကြော်ငြာ တစ်ခု မှာ ပါဝင် ရင်းနဲ့ နာမည်ကြီး လူသိများခဲ့ပါတယ်။အဲ့ဒီ ကြော်ငြာက သူမကို အနုပညာလောကမှာ အောင်မြင်ဖို့ လမ်းစ ဖြစ်ခဲ့ပါတယ်။(၂၀၀၅)မှာ တော့ Lakme Fashion Week မှာလည်း ပါဝင် ခွင့်ရခဲ့ပြီး Kingfisher Model of the Year ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ ကြော်ငြာတွေ၊Show တွေ မှာ ပါဝင် ခွင့် ရခဲ့ပြီး Himesh Reshammiya ရဲ့ “Naam Hai Tera” MV မှာ ပါဝင်ပြီး ပို လူသိများခဲ့ပါတယ်။အဲ့ဒီ MV ကိုတော့ သူမရဲ့ သရုပ်ဆောင်လောက ထဲ ၀င်လာနိုင်အောင် တွန်း ပို့ ပေးခဲ့ ပါတယ်။ဒီလိုနဲ့ပဲ သူမကို ဇာတ်ကားတွေ မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

READ
ကျစ်လစ်သွယ်လျတဲ့ ဘော်ဒီလေးကြောင့် ဘာဝတ်ဝတ်လှနေတဲ့ အိချောပို

သရုပ်ဆောင် ဘ၀ အစ

Image:IG/Deepika Padukone

သရုပ်ဆောင် ဘ၀မှာတော့ အ တွေ့ အကြုံ မရှိတဲ့ အတွက်  အခက်အခဲ တွေနဲ့ ကြုံ ခဲ့ ရပါတယ်။ ဒါရိုက်တာ Far ah Khan က  Reshammiya ရဲ့ MV ထဲက သူမကို သ လေဘာကျ ပြီး  Happy New Year ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။  အတွေ့ အကြုံ နုတဲ့ သူမဟာ ဒါရိုက်တာ Farah Khan  ဆီ ကနေ အဆူ ဟောက် တွေ တော် တော်လေး ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ သရုပ်ဆောင် ပညာကို ပိုတိုးတက်အောင်  Anup am Kher’ ရဲ့ သရုပ်ဆောင်သင်တန်းကျောင်းကို တက်ခဲ့ပါတယ်။”Bachna Aae Haseeno”  ဇာတ်ကားမှာတော့ သရုပ်ဆောင် ညံ့လို့ ဆိုပြီး တော်တော် လေး ပြောဆို ဝေဖန် ခံခဲ့ရပါတယ်။နောက်ပိုင်း Love Aaj Kal ဆိုတဲ့ ဇာတ်ကား မှာတော့ သရုပ်ဆောင် တော် လာပြီ ဆိုပြီး ချီးကျူး ခံခဲ့ရပါတယ်။

(၂၀၁၃)မှာတော့ ဘောလိဝုဒ်ရဲ့ အောင်မြင်တဲ့ မင်းသမီးဖြစ်လာခဲ့

Image:IG/Deepika Padukone

(၂၀၁၃)ကတော့ သူမရဲ့  အောင်မြင်မှုတွေ သရဖူဆောင်းတဲ့နှစ်ပါ။သူမပါဝင် သရုပ်ဆောင် ထားတဲ့ ဇာတ်ကား တွေက Box Office မှာ ၀င်ငွေ ကောင်းခဲ့ပါတယ်။Yeh Jawani Hai Deewani, Chennai Express တို့ ကတော့ အဲ့ဒီနှစ်ရဲ့ ၀င်ငွေ အကောင်းဆုံး ဇာတ်ကားတွေ ဖြစ်လာခဲ့ပါတယ်။

Deepika Padukone နဲ့ သူမရဲ့ အချစ်ဟောင်းများ (Nihar Pandya)

Image:deccanchronicle

Nihar Pandya ဆိုတဲ့ မော်ဒယ်  ကတော့ သူမရဲ့ ပထမဆုံး ချစ်သူ ပါ။သူမက မွန်ဘိုင်းကို ပြောင်းလာတဲ့ အချိန်မှာ ချစ်သူတွေ ဖြစ်ခဲ့တာပါ။(၂၀၀၆)တုန်းက မွန်ဘိုင်းမှာ သရုပ်ဆောင် သင်တန်း တက်ခဲ့ဖူးတဲ့  သင်တန်းတူတွေ ပါ။သုံး နှစ်လောက်တွဲ ခဲ့ပါတယ်။(၂၀၀၈)မှာတော့ လမ်းခွဲ ခဲ့ပါတယ်။လမ်းခွဲပြီးနောက်မှာလည်း မိတ် ဆွေ တွေ အဖြစ် ဆက်ရှိ နေတုန်းပါလို့ Nihar က အင်တာဗျူးဖြေခဲ့ဖူးပါတယ်။

M .S Dhoni

သူ က တော့cricketer ပါ။Om Shanti Om ဇာတ်ကားထဲမှာ Deepika Padukone နဲ့ အတူ သရုပ်ဆောင် ခဲ့တဲ့ Shah Rukh Khan ကို Deepika နဲ့ မိတ်ဆက်ပေးဖို့ ပြောခဲ့တာပါ။အဲ့ဒီအချိန်တုန်းက M .S Dhoni ဟာ အ ရမ်းအောင်မြင်တဲ့ Cricket ကစားသမားပါ။Propose လုပ်ခဲ့ဖူးတယ်လို့ တောင် သတင်းထွက်ခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာတော့ တခြား Cricket ကစားသမား Yuvraj Singh နဲ့ အချစ်ရေး သတင်းထွက်ခဲ့ပါတယ်။Dhoni တစ်ယောက် အသည်းတွေ ကွဲခဲ့ရပါတယ်။(၂၀၀၈)မှာတော့ သြစ တြေးလျ အထိ တောင်လိုက်ပြီး Yuvraj Singh ရဲ့ မွေးနေ့ပွဲကို ကျင်းပခဲ့ပါတယ်။သူတို့နှစ်ယောက် အဆင်ပြေရင် လက်ထပ်တဲ့ အထိ တောင်ဖြစ်သွားနိုင်တယ်ဆိုပြီး  Yuvraj Singh  ရဲ့ မိဘ တွေဘက်က  ပြောတယ်ဆိုတဲ့ သတင်းပါ ထွက်ခဲ့ပါတယ်။ဒါပေမယ့် နောက်ဆုံးမှာ လမ်းခွဲခဲ့ပါတယ်။တိတ်တိတ်လေး စေ့စပ်ခဲ့တယ်ဆိုတဲ့ သတင်းလည်းထွက်ဖူးပါတယ်။

READ
အမေရိကားမှာ အနုပညာခြေလှမ်းသစ်စတော့မယ့် ဥက္ကာမင်းမောင်

Ranbir Kapoor

Image:twitter/@bestofdp_ru

နောက်တစ်ယောက်ကတော့ Ranbi ပါ။သူမရဲ့ လည်ပင်းမှာ Ranbir  Kapoor ရဲ့ နာမည် အတိုကောက်  RK  ကို  တောင် တက်တူးထိုးခဲ့ဖူးပါတယ်။မိတ်ကပ် Artist Doris က တစ်ဆင့် သိကျွမ်းခဲ့တာပါ။(၂၀၀၇) ဇူလိုင်မှာ ပထမဆုံး ဒိတ် စပြီး နှစ်နှစ်အကြာ (၂၀၀၉)မှာ လမ်းခွဲခဲ့ပါတယ်။Ranbir  Kapoor  ရဲ့ ခြေရှုပ်မှုတွေ ကြောင့် လမ်းခွဲ ခဲ့တာပါ။အဲ့ဒီတုန်းက ဆိုရင် Deepika တစ်ယောက် အသည်းတွေ အရမ်းကွဲပြီး ဆောက် တည်ရာမ ရတဲ့အ ထိ ခံစားခဲ့ရပါတယ်။အသည်းကွဲ ဝေဒနာ ကနေ ကျော်လွှားနိုင်ဖို့ အတွက်စိတ်ပိုင်းဆိုင်ရာမ ကျန်းမမာ ဖြစ်ခဲ့ ရတဲ့   အကြောင်းတွေကို မီဒီယာတွေကိုပါ ရင်ဖွင့်တဲ့အထိ ဖြစ်ခဲ့တာပါ။

Sidhartha Vijay Mallya & Muzammil Ibrahim

Image:twitter/Bollywoodlife

Ranbi  နဲ့ ပြတ်ပြီးနောက် (၂၀၁၁)မှာတော့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် နိုင်ငံရေးသမား Vijay Mallya ရဲ့ သား Sidhartha နဲ့ တွဲခဲ့ပါတယ်။သူနဲ့ ပြတ်ပြီးနောက်မှာတော့ Muzammil Ibrahim နဲ့ ခဏ တွဲ ခဲ့ပါတယ်။Yeh Jawaani Hai Deewani ဆိုတဲ့ ဇာတ်ကားမှာ မင်းသမီးက Deepika ဖြစ်နေတဲ့ အတွက် ex နဲ့ ဇာတ်ကားအ တူ သရုပ် မဆောင်ချင်လို့ Ibrahim က ကမ်းလှမ်းချက်ကို ငြင်းခဲ့ပါတယ်။

နောက်ဆုံးအချစ် Ranveer Singh

Image:IG/Ranveer Singh

Ranveer Singh  ကတော့ သူမရဲ့ နောက်ဆုံးအချစ်ပါ။(၂၀၁၃)မှာတော့  Ranveer က Deepika ရဲ့ ဒူဘိုင်းက Happy New Year ရိုက်ကွင်းကို တိတ်တိတ် လေးနဲ့ လိုက်တွေ့ခဲ့ပါတယ်။Ranveer Singh  နဲ့  Deepika  တို့ ကတော့ (၂၀၁၈) နိုဝင်ဘာ (၁၄)မှာ လက်ထပ်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Ranveer Singh (@ranveersingh) on

Source:Wiki/

SHARE