Jeff Bezos အကြောင်း သင်မသိသေးတဲ့အချက် (၁၁)ချက်

Image :IG/Jeff Bezos

Jeffrey Preston Bezos  ကတော့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ပါ။Amazon ရဲ့ founder, CEO တစ်ေ ယာက်ပါ။အမေရိကန်ဒေါ်လာ (၁၃၈.၂)ဘီလီယံ ချမ်းသာပါတယ်။ကိုယ်တွေလို သာမန်လူတွေ စိတ်ကူးကြည့် ရုံ တာ ထက် တောင် အဆ ပေါင်းများစွာ ချမ်းသာနေတဲ့ Jeff Bezos ရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ဘ၀ အ ကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။

Jeff Bezos ရဲ့ ချမ်းသာမှုကို  စိတ်ကူးနဲ့ ခန့်မှန်းကြည့်မယ်ဆိုရင်..

 

သူဘယ် လောက်ထိ ချမ်းသာလဲဆိုတာကို မျက် စိထဲမှာ မြင်လာ အောင်ပုံဖော်ပြ ရမယ်ဆိုရင်တော့ တစ်စက္ကန့်ကို အမေရိ ကန် ဒေါ်လာ (၂၄၈၉) ၀င်ငွေ ရ နေတဲ့သူ ပါ။ဒါက သူ့ရဲ့ တစ်စက္ကန့်တိုင်းမှာ ရ နေတဲ့ ၀င်ငွေ ပါ။ငယ်ငယ် တည်းက ရေဇွန်းကိုက်ေ မွးပြီး အိမ်ဖြူ တော်ထက် တောင် အဆ များစွာ ခမ်းနားတဲ့ နန်းတော်ထဲမှာ နေ နေတဲ့ ဗြိတိန် တော်ဝင်မိသားစုထက် (၃၆)ရာခိုင်နှုန်း ပို ချမ်း သာပါတယ်။Iceland ၊Luxembourg နဲ့ Cyprus ဆိုတဲ့ နိုင်ငံ (၃)နိုင်ငံ ပေါင်းရဲ့ GDP က ဒေါ်လာ (၁၂၀) ဘီလီ ယံပဲရှိပါတယ်။Bezos က အဲ့နိုင်ငံ (၃)နိုင်ငံရဲ့ GDP ထက် တောင်မှ အများကြီး ပိုများပါတယ်။ဒီ့ထက် ပိုပြီး မြင်သာ အောင် ပြောရမယ်ဆိုရင်တော့ အမေရိကန်မှာ သာမန်ဘွဲ့ရ တစ်ယောက်က တစ်သက်လုံးရှာမှ  ဒေါ်လာ (၂.၂) သန်း ပဲရှာနိုင်ပါတယ်။အဲ့ဒီလို သာမန် အ မေရိကန် ဘွဲ့ရ တစ်ယောက်ရှာနိုင်တဲ့ (၂.၂)သန်းဆိုတာဟာ Bezos အတွက် တော့ (၁၅)မိနစ် လောက်နဲ့ အေးဆေးရ နေတဲ့ ၀င်ငွေ ပမာဏပါ။

အထက်တန်းကျောင်းသူတစ်ယောက်ရဲ့သား

 

View this post on Instagram

 

Any day is a good day when you get to fly a kite. #ThankYouIndia

A post shared by Jeff Bezos (@jeffbezos) on

Jeff Bezos က တော့ Broken Family က နေ ဆင်းသက်လာတာပါ။တစ်ချို့က ဒီလို မိသားစုက ဆင်းသက်လာ ရင် လမ်းကြောင်းမှားကို ရောက်နိုင်တယ်၊ဘာ တွေ ညာတွေ ဖြစ် နေ ပေမယ့် သူ ကတော့ ကမ္ဘာ့ အချမ်းသာဆုံး ဘ၀ ကို တောင် ရောက်နိုင်ခဲ့ပါတယ်။New Mexico ၊Albuquerque မြို့မှာ (၁၉၆၄)ခုနှစ် ဇန်န၀ါရီ (၁၂) ရက်နေ့က မွေး ခဲ့တာပါ။သူ့ကို မွေးတဲ့ အချိန်မှာ သူ့ အ မေရဲ့ အသက်က (၁၇)နှစ်ပဲရှိပါသေးတယ်။အထက် တန်း ကျောင်းသူ တစ်ေ ယာက်က မွေးလိုက်တဲ့ သားပါ။အ ဖေ က တော့ စက်ဘီးဆိုင် ပိုင်ရှင်ပါ။

Broken Family က နေ ဆင်းသက်လာခဲ့

 

 

View this post on Instagram

 

I love Dwayne Johnson @therock. Still working on my smolder. Copy paste: https://youtu.be/gJN7-jC7x8w?t=173

A post shared by Jeff Bezos (@jeffbezos) on

အထက်တန်း ကျောင်းသူ တစ်ယောက် ရဲ့ အိမ် ထောင်ရေး ကတော့ (၁၇)လ ပဲ ခံလိုက်ပါတယ်။Jeff Bezos တစ်နှစ်မှာပဲ မိဘ နှစ်ပါး ကွာရှင်းခဲ့ပါတယ်။သူ့ ရဲ့ အဖေ အရင်းက ဆိုရင် သားရဲ့ နာမည်ကိုတောင် မမှတ်မိ တော့တဲ့ အထိ အ ဖေနဲ့ သား ဆက်ဆံ ရေးက အလှမ်းေ ၀းခဲ့တာပါ။အ မေ ဖြစ်သူက နောက်ပိုင်းမှာတော့ ကျူးဘား ရွှေ့ပြော င်းလုပ်သား တစ်ယောက်နဲ့ နောက် အိမ် ထောင်ပြု ခဲ့ပါတယ်။အ ဖေ ရင်းဖြစ်သူက တော့ သူ့သားဆိုတာ လောကမှာ အသက်ရှိမှန်း မသိခဲ့သလို နာမည် ဘယ်သူ ဆိုတာပါ မမှတ်မိ တော့ပေမယ့် နောက်ပိုင်းမှာတော့ သားဖြစ်သူနဲ့ တွေ့ ချင်ခဲ့ပါတယ်။ဒါပေမယ့် Jeff Bezo က တော့ အ ဖေရင်းနဲ့ မ တွေ့ ခဲ့ဘူးလို့ သတင်းထွက်ခဲ့ပါတယ်။

READ
အိမ်ရာမဲ့တစ်ဦးနဲ့ မေတ္တာနဲ့ဖေးမပေးသူ ရဲအရာရှိတို့ကြားက နွေးထွေးတဲ့ ဖြစ်ရပ်လေး

စီးပွားရေး အသိပညာကို အဖိုးဆီက ရခဲ့

 

စီးပွားရေးနဲ့ ပတ်သက်တဲ့ အ ခြေခံ အသိ တွေ နဲ့ ပညာတွေကိုတော့ အဖိုးဆီက အ မွေ ရခဲ့တာပါ။Jeff Bezos  (၁၆) နှစ်သား အထိ  နွေရာသီ တွေ ကျရင် အဖိုးဖြစ်သူနဲ့ အတူတူ နေပြီး အချိန်ကုန် ဆုံးလေ့ရှိပါတယ်။အဖိုး ဖြစ်သူက သူ့ အပေါ်မှာေ တ်ာတော် လေးလွှမ်းမိုးနိုင်ခဲ့ပါတယ်။

McDonald မှာ အလုပ်လုပ်ခဲ့ဖူး

သူ့ အသက် (၁၆)နှစ်တုန်းက လုပ်ခဲ့တာပါ။Pressure တွေ အောက်မှာ ဘယ်လို အလုပ်လုပ် ရမလဲ ဆိုတဲ့ သင် ခန်းစာ တွေ ကို McDonald မှာ အလုပ်လုပ်ရင်းနဲ့ ပညာရ ခဲ့တယ်လို့ ဆိုပါတယ်။customer service ဆိုတာ ဘာလဲ ဆိုတာကိုပါ ပညာတွေ ရခဲ့တယ်လို့ Jeff Bezos  က ပြောခဲ့ပါတယ်။

ဖူးစာရှင်နဲ့ ကုမ္ပဏီတစ်ခုတည်းမှာ လုပ်ရင်းဆုံခဲ့

 

 

View this post on Instagram

 

Kirk or Picard? Picard! #FinalFrontier #GoBoldly

A post shared by Jeff Bezos (@jeffbezos) on

ဖူးစာရှင်နဲ့ ကတော့ ကုမ္ပဏီ တစ်ခု တည်းမှာ အလုပ်လုပ်ရင်းဆုံခဲ့တာပါ။အရမ်းလိုက်ဖက် တဲ့ စုံတွဲ ဖြစ်ပေမယ့်လည်း အခု တော့ ကွာရှင်း သွားပါပြီ။D.E.Shaw ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုမှာ (၁၉၉၂)ခုနှစ်က အလုပ်လုပ်ခဲ့ပါ တယ်။အဲ့ဒီ ကုမ္ပဏီ တစ်ခု တည်းမှာ ပဲ အတူ လုပ်နေတဲ့ MacKenzie Tuttle နဲ့ ဆုံခဲ့တာပါ။တစ်နှစ်အကြာမှာတော့ လက်ထပ်ခဲ့ပါတယ်။နောက် တစ်နှစ် မှာတော့ Seattle မြို့ကို ပြောင်းခဲ့ပြီး Amazon ကို ထူထောင်ခဲ့တာပါ။သား (၃)ယောက်၊သမီး တစ်ယောက်ရှိပါတယ်။သမီးကိုတော့ တရုတ်က နေ မွေးစားခဲ့တာပါ။(၂၀၁၉)မှာတော့ ကွာရှင်း ခဲ့ပါတယ်။

READ
ပရိတ်သတ်တွေကို ဟာခနဲဖြစ်အောင်ပုံစံအသစ်ကိုချပြခဲ့တဲ့ plus size မော်ဒယ်မလေး

online bookstore က နေ စခဲ့

အသက် (၂၉)မှာ အလုပ်ထွက်ပြီး အွန်လိုင်း Book Store စခဲ့ပါတယ်။အစပိုင်းမှာတော့ “Relentless”  ဆိုပြီး နာမည် ပေးဖို့ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ “Amazon.” လို့ ပေးခဲ့တာပါ။

(၁၉၉၇)ခုနှစ်မှာ မီလီယံနာ ဖြစ်ခဲ့

(၁၉၉၇)ခုနှစ်မှာ တော့ မီလီယံနာ ဖြစ်လာခဲ့ပါတယ်။(၁၉၉၈)မှာတော့ “Google.” ရဲ့ ပထမဆုံး ရင်းနှီးမြှုပ်နှံသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။(၁၉၉၉)မှာတော့ ဘီလီယံနာ စ ဖြစ်ခဲ့တာပါ။

အာကာသာနဲ့ မီဒီယာလုပ်ငန်းတွေလည်းရှိ

 

 

View this post on Instagram

 

Happy Father’s Day. You’re there for me always, and I feel it. I love you, Dad.

A post shared by Jeff Bezos (@jeffbezos) on

(၂၀၀၀)ခုနှစ်မှာတော့ Blue Origin ဆိုတဲ့ အာကာယာဉ် ကုမ္ပဏီကို ထူထောင် ခဲ့ပါတယ်။ SpaceX ထက် တောင်မှ (၆)လ စောပြီး အာကာအနီးကို ဒုံးယာဉ် လွှတ် ခဲ့ပါတယ်။ Washington Post ကို တော့ (၂၀၁၃)မှာ ၀ယ်ခဲ့ပါတယ်။ ပုံနှိပ် Print Media အဖြစ်နဲ့ တင် မဟုတ်ပဲ နည်းပညာ တိုးတက်မှု ကို ကြိုမြင် နေတာ ကြောင့် digital media  နဲ့ mobile platforms အဖြစ် ဆန်းသစ် ခဲ့ပါတယ်။

ဇာတ်ကားမှာ သရုပ်ဆောင် ခဲ့ဖူး

Star Trek Beyond ဆိုတဲ့ ဇာတ်ကားမှာ ဂြိုလ်သား နေရာက နေ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

ဒေါ်လာ သန်း (၄၀)ကျော် အကုန်ခံပြီး နာရီ ဆောက်ထား

နှစ်တစ်သောင်းနာရီ ကို ဒေါ်လာ (၄၂)သန်း အကုန်ခံ ပြီး ဆောက်ထားပါတယ်။အ မေရိကန် တက္ကဆက် ပြည်နယ် က တောင်တန်းတစ်ခုမှာ ဆောက်ထားတာပါ။Jeff Bezos ကတော့ 10,000-Year Clock ဆိုပြီး ခေါ် ပါတယ်။သူ ပိုင် တဲ့ တောင်တစ်လုံးမှာ ဆောက်ထားတာပါ။

#SHWEMOM(Ref;Wiki)

SHARE