ကျန်ကျောင်း(သို့)Kenny Ho အကြောင်း သင်မသိသေးတဲ့ အချက်(၈) ချက်

Image:fbKenny Ho International Fans Club

တစ်ခေတ်တခါက TV ရှေ့မှာ ထိုင်ပြီး ထမင်းမေ့ဟင်းမေ့နဲ့ စောင့်ကြည့်ခဲ့ရတဲ့ ပေါင်ချိန် ဇာတ်လမ်းတွဲ တွေကို ပရိသ တ်တွေ မှတ်မိကြအုံးမှာပါ။ဒီနေ့လိုမျိုး အင်တာနက်တွေ ၊စမတ်ဖုန်းတွေ မရှိသေးတာမို့ TV ကနေ လာမယ့် အချိန် ကိုပဲ စောင့်မျှော်ကြည့်ရှုခဲ့ကြရတဲ့ ပြည်သူ့တရားရှင် ပေါင်ချိန် ဇာတ်လမ်းတွဲ တွေထဲမှာ ကျန်ကျောင်းကို မှတ် မိကြအုံးမှာပါ။ ကျန်ကျောင်းက ဘယ်လောက်ထိ လွှမ်းမိုးခဲ့လဲဆိုရင်တော့ ကျန်ကျောင်းအိတ်၊ကျန်ကျောင်းဓါး၊ ကျန် ကျောင်းဆောင်း တဲ့ ဦးထုပ် ဆိုပြီး ပစ္စည်းတွေ ပေါ်တဲ့ အထိ အဲ့ဒီအချိန်က ပရိသတ်တွေကို လွှမ်း မိုးနိုင်ခဲ့တာပါ။ကျန်ကျောင်း နေရာ ကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kenny Ho ရဲ့ အကြောင်းကို Shwemom စာဖတ်သူတွေ အတွက် ဖော်ပြ ပေးသွားမှာပါ။

Image:fbKenny Ho International Fans Club

(၁)Bio

Image:fbKenny Ho International Fans Club

မင်းသား  Kenny Ho  ကိုတော့ (၁၉၅၉)ခုနှစ် ဒီဇင်ဘာ (၂၉)မှာ မွေးဖွားခဲ့တာပါ။သူ့မှာတော့ အစ်ကိုကြီး တစ်ယောက် နဲ့ ညီမတစ်ယောက်ရှိပါတယ်။Ho ကတော့ Broken Family မှာ ကြီးပြင်းလာခဲ့ရသူပါ။သူ့ရဲ့ မိဘ တွေက ကွာရှင်းခဲ့ကြပါတယ်။

(၂)ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့ အိမ်မက်က…….

Image:fbKenny Ho International Fans Club

ငယ်ငယ်က ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်ဆိုတာ လူတိုင်းမှာရှိပါတယ်။ဒါပေမယ့် အဲ့ဒီတုန်းက ဖြစ်ချင်ခဲ့တာနဲ့ လက်တွေ့ မှာ ဖြစ်လာတဲ့ သူကတော့ရှားပါတယ်။အဲ့ဒီလို လူတွေထဲမှာ Kenny Ho  လည်း ပါပါတယ်။တက္ကသိုလ် မှာ တုန်းက ဘောလုံးသမားဖြစ်ချင်ခဲ့တာပါ။ဒါပေမယ့် ဖြစ်ခွင့်မရခဲ့ပါဘူး။

(၃)ပညာရေး

Image:fbKenny Ho International Fans Club

သူ့ရဲ့ ပညာရေးကတော့ ပေကျင်းတက္ကသိုလ် မှာ သရုပ်ဆောင်ပညာကို လေ့လာခဲ့တာပါ။ပြီးမှ Shaw Brothers Ltd. နဲ့ လက်တွဲခဲ့တာပါ။Shaw Brothers ကတော့ ဟောင်ကောင်ရဲ့ အကြီးဆုံး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ ပါ။

(၄)သရုပ်ဆောင်လောကထဲ ရောက်လာပုံ

Image:fbKenny Ho International Fans Club

Asia Television Limited ( ATV)  ဆိုတဲ့ ဟောင်ကောင်ရဲ့ digital media and broadcasting ကုမ္ပဏီ ရဲ့  Training သင်တန်းသား အဖြစ် (၁၉၈၂)ခုနှစ်မှာ စာရင်းသွင်း လျှောက် ထားခဲ့ပါတယ်။ကုမ္ပဏီနဲ့ စာချုပ်ချုပ် ဆိုခဲ့ ပါတယ်။အဲ့ဒီနောက်မှာတော့ ATV ရဲ့ ဒရမ်မာဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။

(၅)Kenny Ho ရဲ့ နာမည်ကြီး ဒရမ်မာဇာတ်ကားများ

Image:fbKenny Ho International Fans Club

ပါဝင်ထားတဲ့ ဇာတ်ကားတွေကတော့ အများကြီးပါ။အဲ့ဒီအထဲကမှ နာမည်ကြီး ဒရမ်မာဇာတ်ကား တွေကတော့  The Blood Sword (1990 နဲ့ 1991)  ကတော့ သူ့ရဲ့ နာမည်ကြီးဒရမ်မာကားပါ။(၁၉၈၈)မှာတော့ပထမဆုံး ထိုင်ဝမ် ရုပ်သံ စီးရီး Eight Thousand Li of Cloud and Moon  မှာ သရုပ်ဆောင်ခဲ့ပါတယ်။Justice Bao ( 1993 – 2012)  (ပေါင်ချိန် ဇာတ်လမ်းတွဲတွေ) ကတော့ အာရှပရိသတ်တွေကြားမှာပါ အရမ်းကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားေ တွပါ။ Endless Love ၊Hongchen Youai (紅塵有愛), Shaonian Zhang Sanfeng (The Young Zhang Sanfeng) ၊The Book and the Sword တို့ ကလည်း နာမည်ကြီး ဇာတ်ကား တွေပါ။

READ
မွေးနေ့မှာ မိသားစုနဲ့အတူ အလှူလုပ်ခဲ့တဲ့ ၀တ်မှုံရွှေရည်

(၆)နာမည်ကြီး ရုပ်ရှင်ကားများ

Image:fbKenny Ho International Fans Club

ရုပ်ရှင်ဇာတ်ကားတွေ အများကြီးမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Dragon in Jail ၊Family Affairs, Red Zone,  Red Wolf တို့ပါ။(၁၉၉၇)မှာတော့ ထိုင် ၀မ်ဒရမ်မာတွေ ဖြစ်တဲ့ Bodyguards series: Jade Dolls, Cryptic Crystal,  Heavenly Charm တို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။(၂၀၀၉)မှာတော့ တရုတ်ဇာတ်လမ်းတွဲ  Justice Bao၊ အဲ့ဒီနှစ်တစ်နှစ်တည်းမှာပဲ  ဟောင်ကောင်ရုပ်ရှင်  The Storm Warriors မှာ သရုပ်ဆောင် ခဲ့ပါတ ယ်။(၂၀၁၀) မှာတော့ စင်ကာပူမင်းသမီး Zoe Tay နဲ့ တွဲ ပြီး Love Cuts မှာ သရုပ်ဆောင်ခဲ့ပါတယ်။ (၂၀၁၁) မှာတော့ Treasure Inn  ရုပ်ရှင်မှာ Nicholas Tse, Charlene Choi,  Nick Cheung တို့နဲ့ အတူ သရုပ်ေ ဆာင် ခဲ့ပါတယ်။

(၇)အနုပညာလောက ကို ကျောခိုင်း

Image:fbKenny Ho International Fans Club

သရုပ်ဆောင် အလုပ်တွေ မလုပ်တော့ပဲ စီးပွားရေးဘက်ကို ခြေချ ခဲ့ပါတယ်။ စားသော က်ကုန်ကုမ္ပဏီ Jing Jia Jiong ကို ဖွင့် ခဲ့တာပါ။(၂၀၁၄)မှာေ တာ့ သူဖွင့်တဲ့ နေရာ  Huei Zhou ရဲ့ “Tourist Embassidor” ဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ စီးပွားရေးဘက်ကိုပဲ ဦးစားပေးလုပ်ခဲ့ပြီး သရုပ်ဆောင် အလုပ် တွေကို ရပ် နား ခဲ့ပါတယ်။

READ
ပြန်မလွှတ်ချင်တော့အောင် ချစ်မိသွားခဲ့တယ် ဆိုတဲ့ V (BTS)

(၈)အချစ်ရေး

Image:fbKenny Ho International Fans Club

အချစ်ရေးမှာတော့ Ro တယ်ပဲ ပြောရမလား တုံးတယ်ပဲ ပြောရမလား  ဘာပြောရမှန်းကို မသိအောင် ထူးခြားတဲ့ သူ ကြီးပါ။Ho ကတော့ ထိုင်ဝမ်မင်းသမီး May Chin နဲ့ တွဲခဲ့ဖူးပါတယ်။သူတို့နှစ်ဦးဟာ Endless Love ( 1989) ရိုက် ကွင်းမှာ ပထမဆုံး စဆုံခဲ့ကြတာပါ။(၁၉၉၀) အစပိုင်းမှာတော့ တွဲ ခဲ့ ကြပေမယ့် (၁၉၉၃) မှာတော့ လမ်း ခွဲ ခဲ့ပါတ ယ်။လက်ထပ်ဖို့ ထိ ရည်ရွယ်ထားပြီးမှ ကွဲသွားခဲ့တာပါ။လမ်းခွဲခဲ့ပေမယ့် အခုထိ မိတ်ဆွေ ကောင်းတွေ အဖြစ် ဆက်ရှိေ နတုန်းပါ။လမ်းခွဲ လိုက်ပေမယ့် ရည်းစား ဟောင်းနဲ့ သူနဲ့ ကြားမှာ ကတိတစ်ခု ရှိပါတယ်။အဲ့ဒါကတော့ အသက် (၆၀) ဖြစ်တဲ့ အချိန် နှစ်ယောက်လုံး ကလည်း Single အဖြစ် ဆက်ရှိနေကြမယ် ဆိုရင် ကျန်ရှိတဲ့ ဘ၀ကို နှစ်ယောက် အတူ ဖြတ်သန်းမယ်ဆိုပြီး ကတိထား ခဲ့ ကြတာပါ။ (၂၀၁၉)မှာတော့ အသက် (၆၀)ပြည့်မှာမို့ ဘာတွေ ဘယ်လိုဆက်ဖြစ်မ လဲ စောင့်ကြည့်ရမှာပါ။ဒါပေမယ့် May Chin နောက်မှာ တစ်ယောက်တွဲခဲ့ပါသေးတယ်။

fbKenny Ho International Fans Club
Image:fbKenny Ho International Fans Club

May Chin နဲ့ (၁၉၉၀)မှာ တွဲ (၁၉၉၃)မှာ ကွခဲ့ပါတယ်။(၆၀)ပြည့်လို့ နှစ်ယောက်လုံး Single ဆိုရင် ပြန်လက်တွဲ မယ်လို့ ကတိခံခဲ့ပေမယ့် May Chin ရဲ့ နောက်မှာ မင်းသမီးဟောင်း Anita Lee နဲ့ တွဲ ခဲ့ဖူးပါတယ်။ သူတို့ နှစ်ေ ယာက်ကတော့ (၁၉၉၈)မှာ ရိုက်ကွင်းပေါ်မှာ ဆုံရင်းနဲ့ တွေ့ခဲ့တာပါ။ဒါပေမယ့် တွဲပြီး (၄)နှစ်အကြာ (၂၀၀၁)မှာ တော့ လမ်းခွဲခဲ့ပါတယ်။Anita ဘက်က လက်ထပ်ချင်ပေမယ့် Kenny Ho  ကတော့ လက်ထပ်ဖို့ အရေးကို နှော င့်နှေး နေ၊ရှောင်နေတဲ့ အတွက် လမ်းခွဲပြတ်စဲခဲ့ရတာလို့ သတင်းတွေ တော့ ထွက်ခဲ့ဖူးပါတယ်။May Chin တစ်ေ ယာက်  တည်းကိုပဲ တကယ်ချစ်ခဲ့တာမို့ Anita Lee နဲ့ လက်ထပ်ဖို့ အရေးကို ရှောင်ခဲ့တာလား ဆိုတာကတော့ Kenny Ho မှပဲ သိပါလိမ့်မယ်။

Image:fbKenny Ho International Fans Club

#SHWEMOM(Ref;Wiki)

SHARE