ကင်ဂျုံအန်ရဲ့ လူသိပ်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အချက်များ

Alexander Khitrov/Shutterstock

ကင်ဂျုံအန်ဆိုတဲ့နာမည်ကိုကြားလိုက်တဲ့ မြောက်ကိုရီးယား ရဲ့ ခေါင်းဆောင် ဆိုတာ လူတိုင်း သိကြမှာပါ။တခြားနိုင်ငံတွေက ခေါင်းေ ဆာ င်တွေနဲ့ယှဉ်ရင် အသက်ကတော့ တော်တော်လေးကို ငယ်ပါတယ်။ကမ္ဘာ့အင် အားကြီးနိုင်ငံေ တွရဲ့ ခေါင်းဆောင်တွေကို ရန်စ၊စိန်ခေါ်ရဲတဲ့ မိုက်ရူးရဲဆန်သူ (သို့)ငယ် ရွယ် ပြီးလုပ်ရဲ၊ကိုင်ရဲတဲ့ စိတ်ရှိသူလို့ သတ်မှတ်လို့ရပါတယ်။နာမည်ကြီး ခေါင်းဆောင် တစ်ယောက်ဆိုတာတော့ဟုတ်ပေမယ့် နာမည်ဆိုးနဲ့ ကျော်ကြား သူလို့ ပြောရ င်တော့ ပိုမှန်ပါလိမ့်မယ်။မြောက်ကိုရီးယားနိုင်ငံမှာ လျှို့ဝှက်ချက်ေ တွနဲ့ထူးဆန်းတာတွေ များသလိုပဲ ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဘ၀ဟာလည်း လျှို့ဝှက်မှုတွေများပါတယ်။လူတွေသိပ်မသိသေးတဲ့ ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ အကြောင်းတွေကတော့…

(၁)လျှို့ဝှက်ထားတဲ့ ကင်ဂျုံအန်ရဲ့ အသက်

ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ မွေးနေ့ဟာ ဇန်န၀ါရီ(၈)ရက်နေ့ဖြစ်ပြီး အဲ့ဒီနေ့ကို ပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ထားပါတယ်။ဒါပေမယ့် သူ့ရဲ့ မွေးတဲ့ သက္ကရာဇ်အတိအကျကိုတော့ ဘယ်သူမှ မသိကြပါဘူး။(၁၉၈၃) ဒါမှမဟုတ် ၁၉၈၄ လို့ယူဆရပါတယ်။အားလုံးကတော့ သူ့ရဲ့ အသက်ဟာ (၃၀)ကျော်ဝန်း ကျင်လောက်ပဲ ရှိမယ်လို့ ခန့်မှန်းယုံကြည်ထားကြ ပါတယ်။ကင်မွေးတဲ့ခုနှစ်ဟာ (၁၉၈၄)လို့အမေရိကန် (U.S. Treasury Department) ကတော့ (၂၀၁၆) ခုနှစ်ကဖော်ပြခဲ့ဖူးပါတယ်။အဲ့ဒီခုနှစ်သာ မှန်ရင်တော့ ကင်ရဲ့ အသက် ဟာ အခုဆိုရင်တော့ (၃၃)နှစ်ပါ။အမေရိကန် (U.S. Treasury Department) ကဖော်ပြတဲ့ အသက်အရ ဆိုရင်တော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ကမ္ဘာ့အသက်အ ငယ်ဆုံး ခေါင်းဆောင်ပါ။

READ
ရည်းစားလုဖက်ရဲ့ခေါင်းကိုဖြတ်ပြီး သူ့ရဲ့ အချစ်ကို ကောင်မလေးသိအောင် ပြခဲ့တဲ့သူ
Insider/YouTube

(၂)ဇနီးဖြစ်သူကို တန်ဖိုးကြီးလက်ဆောင်ပေးလေ့ရှိ

ခေါင်းဆောင်ကင်ဂျုံအန်ဟာ Ri Sol-jun ကို (၂၀၀၉)ခုနှစ်တည်းက လက်ထပ်ထားခဲ့ပြီး၊နိုင်ငံရဲ့ ဘဏ္ဍာရန်ပုံငွေတွေကို သုံးပြီး ဇနီးဖြစ်သူကို တန်ဖိုးကြီးလက်ဆောင်တွေ ပေးလေ့ရှိပါတယ်။နာမည်ကြီး  Dior လက်ကိုင်အိတ်ကို ၀ယ်ပေးခဲ့ဖူးပါတယ်။အိတ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၁၄၅၇)ရှိတယ်လို့ သိရပါတယ်။

၃)ဘတ်စကတ်ဘောအားကစားကို ချစ်သူ

basketball ကိုအရမ်းကြိုက်ပါတယ်။သူဟာ Michael Jordan ရဲ့ ပရိ သတ် တစ်ယောက်ပါ။basketball  ကစားသမား Dennis Rodman နဲ့လည်း အေ တ်ာလေးရင်းနှီးပါတယ်။Rodman ကိုယ်တိုင်လည်း မြောက်ကိုရီးယားသို့ အကြိမ်များစွာလာလည်ခဲ့ဖူးပါတယ်။

(၄)ဒိန်ခဲကြိုက်သူ

ကင်ဂျုံအန်ဟာ ဆေးလိပ်၊၀ီစကီတို့ကို သောက်ရတာ အရမ်းကြိုက်ပါတယ်။ဒ့ါ အပြင်သူ ကြိုက်တဲ့ တခြားစားစရာက ဒိန်ခဲပါ။

(၅)ဆွစ်ဇလန်မှာ ကျောင်းတတ်

ကင်ဂျုံအန်ဟာ ဆွစ်ဇလန်မှာ ကျောင်းတတ်ခဲ့ဖူးပါတယ်။ဘယ်နှစ်နှစ်လောက် တတ်ခဲ့လဲဆိုတာကိုတော့ အတိအကျသေချာတော့ မသိပါဘူး။ဒါပေမယ့် အားလုံးက ယူဆတာကတော့ (၁၉၉၈-၂၀၀၀)ခုနှစ်အထိ တတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Astrelok/Shutterstock

(၆)စစ်ဘက်ဆိုင်ရာ အတွေ့အကြုံမရှိ

READ
လိင်ပြောင်းပြီးနောက်မှ ကိုယ်မေတ္တာရှိနေသူရဲ့အချစ်ကိုရခဲ့တဲ့ လိင်ပြောင်းအမျိုးသမီး

ကင်ဂျုံအန်မှာ ကောလိပ်ဒီဂရီနှစ်ခုရခဲ့ဖူးပါတယ်။တစ်ခုကတော့ physics နဲ့နောက်တစ်ခုကတော့  Kim Il Sung စစ်တက္ကသိုလ်မှဖြစ်ပါတယ်။ဒါပေမယ့် သူ့မှာ စစ်ဘက်ဆိုင်ရာအတွေ့အကြုံတော့ မရှိဘူးလို့ သိရပါတယ်။

(၇)ဆံပင်ညှပ်သမားတွေကို ကြောက်

ကင်ဂျုံအန်ရဲ့ဟာ ဆံပင်ညှပ်ဆရာတွေကို ကြောက်တဲ့ ရောဂါရှိပါတယ်။ဒါကြော င့် သူ့ဆံပင်ကို ပေးမညှပ်ပဲ သူ့ဆံပင်ကို သူကိုယ်တိုင်ညှပ်တယ်လို့ သိရပါတယ်။

(၈)ပလတ်စတစ်ဆာဂျရီလုပ်ဖူး

ကင်ဂျုံအန်ဟာ ပလတ်စတစ်ဆာဂျီရီလုပ်ဖူးတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူး ပါတယ်။ကင်ဟာ သူ့ရဲ့ အဖိုး Kim II-sung နဲ့ရုပ်တူချင်လို့ မျက်နှာကို ခွဲစိတ်ပြုပြင် ခဲ့ဖူးတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။

(၉)Most Sexiest Man Alive အဖြစ် သတ်မှတ်ခံခဲ့ရဖူး

(၂၀၁၂)ခုနှစ်အတွက် Most Sexiest Man Alive အဖြစ် သတ်မှတ်ခံ ခဲ့ရဖူးပါတယ်။ဒါပေမယ့် သတ်မှတ်ခဲ့တဲ့ ၀က်ဘ်ဆိုက်ကတော့ The Onion ဆိုတဲ့ ဟာသ၀က်ဘ်ဆိုက်ပါ။ဟာသသဘောနဲ့ဖော်ပြခဲ့တာဖြစ်ဖို့ များပေမယ့် မြောက်ကိုရီးယားမီဒီယာကတော့ ဒါကို တကယ်ဖြစ်လာဖို့ မျှော်လင့်ခဲ့ပါတယ်။

BusinessLive/YouTube

(၁၀)မိခင်ဆုံးပြီးနောက် အရမ်းဝလာ

ကင်ဂျုံအန်ဟာ အရင်က အခုလောက်မ၀ပဲ သူ့ရဲ့အမေ ဆုံးပြီးနောက်ပိုင်းကျမှ အရမ်းဝလာခဲ့တာပါ။ပေါင်ချိန်နှစ်ရာလောက်ဖြစ်လာခဲ့တာပါ။သူ့မှာသွေးတိုးနဲ့ဆီးချိုရောဂါရှိပါတယ်။

#ShweMoM

SHARE