ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင်လေး Thylane အကြောင်း သင်မသိသေးတဲ့ အချက်များ

Image:IG/Thylane Blondeau

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်တုန်းက အသက် (၆)နှစ်အရွယ် ကလေး တစ်ယောက်ဟာ  ‘The Most Bea utiful Girl In The World’ ဆိုပြီး သတ်မှတ်ခံခဲ့ရဖူးပါတယ်။ကလေးမော်ဒယ်တွေ အများကြီးထဲကမှ သူမရဲ့ ထူးခြားတဲ့ ရုပ်ရည်အလှကြောင့်အခုလို သတ်မှတ်ခံခဲ့ရပါတယ်။သူမ အရွယ်ရောက် လာချိန်မှာတော့ tc candler  ကနေ ထုတ်ပြန်လိုက်တဲ့ (၂၀၁၈) ခုနှစ် ရဲ့ အလှဆုံး မျက်နှာပိုင်ရှင် စာရင်းရဲ့ နံပါတ်တစ်နေရာမှာ ထပ်ပြီး ဖော်ပြ ခံခဲ့ ရပါတယ်။ငယ်ငယ်တည်းက ချောလှတဲ့ သူမရဲ့ နာမည်ကတော့ Thylane Blondeau ပါ။သူမအကြောင်း သင် မသိ သေးတဲ့ အချက် တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

Image:IG/Thylane Blondeau

1.Bio

Image:IG/Thylane Blondeau

Thylane Léna-Rose Loubry Blondeau  ကတော့ သူမရဲ့ နာမည်အပြည့် အစုံပါ။(၂၀၀၁) ခုနှစ် ဧပြီ (၅) ရက်နေ့ကပြင်သစ်နိုင်ငံ Aix-en-Provence မြို့မှာ မွေးဖွားခဲ့သူပါ။ပြင်သစ်မော်ဒယ်၊မင်းသမီး၊စွန့်ဦးတီထွင်သူ တစ်ယောက် ဖြစ်သလို သူမဟာ ဒီဇိုင်နာ တစ်ယောက် အဖြစ်ပါ ရပ်တည်နေသူပါ။

2.သာမန်မိဘတွေက ဆင်းသက်လာသူမဟုတ်

Image:IG/Thylane Blondeau

သူမရဲ့ မိဘတွေက သာမန်မဟုတ်ပါဘူး။တကယ့်နာမည်ကြီးတွေပါ။သူမရဲ့ ဖေဖေ ကတော့ နာမည်ကြီး ဘောလုံး သမား ဖြစ်ပြီး သူမရဲ့ မေမေ ကတော့ ပြင်သစ်ရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ပါ။Thylane Blondeau  လေး ကတော့ မေမေ့ဆီကနေ အနုပညာအမွေကို ဆက်ခံခဲ့ပုံရပါတယ်။

3.လေးနှစ်သမီးတည်းက runway မှာ လျှောက်ခဲ့

Image:IG/Thylane Blondeau

Runway ထက်ကို သူမ လေးနှစ်သမီးတည်းက ရောက်လာခဲ့တာပါ။ငယ်ငယ်တည်းက ထူးခြားတဲ့ ရုပ်ရည်နဲ့ ပင်ကိုယ် အရည် အချင်းကို ပိုင်ဆိုင်ထားတဲ့ သူမဟာ လေးနှစ်သမီးလောက်တည်းက Runway လျှောက်ခဲ့သူပါ။ပြင် သစ် ဒီဇိုင်နာ Jean Paul Gaultier အတွက် လျှောက်ပေးခဲ့တာပါ။

4.(၇)နှစ်သမီးတည်းက ဓါတ်ပုံရိုက်ခဲ့

Image:IG/Thylane Blondeau

နာမည်ကြီးမိဘတွေဆီမှာ ကြီးပြင်းလာခဲ့ရတဲ့ သူမရဲ့ ကံတရားက သူမ ဘ၀ အတွက်တော့  အထောက် အပံ့ ကောင်း တစ်ခုလို့ ပြောလို့ရပါတယ်။အသက် (၇)နှစ်သမီး အရွယ်တည်းက photo shoot တွေ လုပ်လာခဲ့တာပါ။ပထမဆုံး Photo shoot ကို Dani Brubaker နဲ့ အတူ လုပ်ခဲ့တာပါ။ Success during  ဆိုတဲ့ ပြင်သစ်မော်ဒယ် အေဂျင်စီ  ရဲ့ ကိုယ်စားပြု တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။

READ
၁၄ နိုင်ငံက အလှတွေ ဝေစည်နေခဲ့တဲ့ Vogue မဂ္ဂဇင်းကာဗာသစ်

5.ငယ်ငယ်လေးနဲ့ အောင်မြင်ခဲ့သူ

Image:IG/Thylane Blondeau

အသက် (၆)နှစ်အရွယ် ကလေး တစ်ယောက်ဟာ  ‘The Most Bea utiful Girl In The World’ ဆိုပြီး သတ်မှတ် ခံရတဲ့ သူမရဲ့ အောင်မြင်မှု ခရီးလမ်းကတော့ တခြားသူတွေနဲ့ ယှဉ်ရင် အများကြီး ပို ဖြောင့်ဖြူး ခဲ့ပါတယ်။ ဒါပေမယ့် သူမ အသက် (၁၀)နှစ်မှာတော့ Vogue အတွက် သူမရိုက်ပေးတဲ့ ပုံတွေက လိင်ပိုင်းဆိုင်ရာ စွဲဆောင် အသား ပေးထားတဲ့ ပုံမျိုးတွေ ဖြစ်နေတယ်၊ကလေးတစ်ယောက် အတွက် မသင့်တော်တဲ့ Pose မျိုး တွေ ဆိုပြီး ဝေဖန် ခံခဲ့ရပါတယ်။(၁၃)နှစ်သမီးမှာတော့ Jalouse  မဂ္ဂဇင်းရဲ့ ကာဗာမှာ ပါဝင်နိုင်ခဲ့ပါတယ်။အသက် (၁၅)နှစ်သမီး မှာေ တာ့ Cannes Film Festival  2016 ရဲ့ ကော်ဇောနီထက်မှာ လျှောက်လှမ်းခဲ့ပါတယ်။

6.သူမရဲ့ ဆက်တိုက် လှုပ်ရှားမှုများ

Image:IG/Thylane Blondeau

(၂၀၁၅)မှာတော့ IMG Models ဆိုတဲ့ အေဂျင်စီနဲ့ စာချုပ်ချုပ် ခဲ့ပါတယ်။Dolce & Gabbana အတွက် လည်း Runway လျှောက်ပေးခဲ့ပါတယ်။(၂၀၁၇)မှာတော့ L’Oreal Paris ရဲ့ brand ambassador  ဖြစ်လာခဲ့ပါတယ်။ Dolce & Gabbana’s millennial-themed spring/summer 2017 campaign မှာတော့ အမေရိကန် မင်းသမီး Zendaya ၊ အမေရိကန်မော်ဒယ် Lucky Blue Smith ၊စူပါမော်ဒယ် Cindy Crawford ရဲ့ သား Presley Gerber တို့နဲ့ အတူ ပါဝင် ခဲ့ပါတယ်။

READ
"ပုံမတင်ရင် မချစ်ဘူးဆိုလို့.." ပုံတွေတင်လိုက်တဲ့ နွယ်နွယ်ထွန်း

7.သူမရခဲ့ဖူးတဲ့ အလှဘွဲ့ ထူး များ

Image:IG/Thylane Blondeau

အသက် (၆)နှစ်အရွယ်မှာ  ‘The Most Bea utiful Girl In The World’ပါ။(၂၀၁၈) ဒီဇင်ဘာမှာတော့ 100 Most Beautiful Faces of 2018 ဆိုပြီး ရခဲ့ပါတယ်။အခုလိုမျို စာရင်းတွေမှာ ပါဝင်ခဲ့တာဟာ (၂၀၁၄)တည်းက နေ (၂၀၁၈) အထိပါ။သူမရဲ့ အလှကြောင့် နောက်ပိုင်း တွေမှာလည်း ဒီလို စာရင်းတွေ မှာ ထပ်ပြီး ပါဝင် အုံးမှာ အသေအချာပါ။

8.ပွဲဦးထွက်ဇာတ်ကား..

သူမရဲ့ ပထမဆုံး ပွဲဦးထွက် ဇာတ်ကား ကတော့ Belle & Sebastian: The Adventure Continues ဆိုတဲ့ ဇာတ်ကားပါ။

9.နာမည်ကြီးမော်ဒယ်တစ်ယောက် နဲ့ ရုပ်ချင်းအရမ်းတူ

Image:IG/Thylane Blondeau

လူတိုင်းက သူမကို နာမည်ကြီးမော်ဒယ် Barbara Palvin နဲ့ ရုပ်ချင်းတူတယ်ဆိုပြီး ပြောကြပါတယ်။တကယ်လည်း နှစ်ယောက်က တော်တော်တူပါတယ်။

Image:IG/Thylane Blondeau

10.သူမအရမ်းကြိုက်တဲ့ အနုပညာရှင်တွေက…

Image:IG/Thylane Blondeau

သူမမှာလည်း အရမ်းကိုကြိုက်ရတဲ့ အနုပညာရှင်တွေ ရှိပါတယ်။Justin Bieber နဲ့ Gigi Hadid တို့ရဲ့ Big Fan တစ်ယောက်ပါ။

11.အချစ်ရေး

Image:IG/Thylane Blondeau

ဒီလောက်လှမှာတော့ ချစ်သူကတော့ ရှိမယ်ဆိုတာ အထူးပြောစရာတောင်မလိုဘူးထင်ပါတယ်။မင်းသား Oscar Casas နဲ့ကတော့ အချစ်ရေးသတင်းထွက်ခဲ့ဖူးပါတယ်။လက်ရှိအချစ်ရေးကတော့  DJ Milane Meritte နဲ့ တွဲ နေပါတယ်။သူမရဲ့ IG မှာတော့ ချစ်သူနဲ့ စုံတွဲ ပုံလေးတွေ တင်ထားပါတယ်။

(

 

View this post on Instagram

 

🎭

A post shared by Thylane ™️ (@thylaneblondeau) on

)

#SHWEMOM(REF:Wikipedia)

SHARE