သင်မသိသေးတဲ့ ဆောင်းဟေကိုရဲ့ဘ၀အစိတ်အပိုင်းအချို့

IG/@kyo1122

ဆောင်းဟေကို ကတော့ မြန်မာပရိသတ်တွေကြားမှာ အွန်စော ဆိုတဲ့ ဇာတ်ကောင် နဲ့ နာမည်ကြီး ခဲ့သူလေး ပါ။ တစ်ချို့ ပရိသတ်တွေကဆို သူမကို အခုထိ အွန်စော လို့ပဲ ခေါ် နေကြတုန်းပါ။သူမတူတဲ့ အလှတရားကို ပိုင်ဆိုင်ထား တဲ့ သူမဟာ အာရှရဲ့ နတ်မိမယ်လေး ဆိုပြီး တင်စားခံခဲ့ရသူပါ။နာမည်ကျော်မင်းသမီးတစ်ယောက် ဆိုပေမယ့် လည်း ပရိသတ်တစ်ချို့ သိပ်မသိကြတဲ့ သူမရဲ့ အကြောင်းလေးတွေရှိပါတယ်။အဲ့ဒါတွေကတော့….

1#မွေးခါစတုန်းကသူမကို အသက်ရှင်မယ်လို့ တောင် မထင်ခဲ့

IG/Song Hye Kyo

ဆောင်းဟေကိုကတော့ မွေးတည်းက ထူးခြားတဲ့ သူတစ်ယောက်ပါ။မွေးခါစတုန်းက ကျန်းမာရေး မကောင်းလို့ ဆရာဝန်တွေ ကရော သူမရဲ့ မိဘတွေကပါ သူမကို အသက်ရှင်လိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။ကျန်းမာရေး မကောင်း တော့ အားလုံးက သေလိမ့်မယ်လို့ ပဲ ထင်ခဲ့ကြတာပါ။ဒါကြောင့် မိဘတွက မွေးစာရင်းတောင်မှ မဖြည့်သေးပဲ သူမရဲ့ ကျန်းမာရေးကို စောင့်ကြည့်ခဲ့ကြပါတယ်။တကယ်မွေးတည်းက (၁၉၈၁)ခုနှစ် နိုဝင်ဘာ (၂၂) ပါ။ဒါပေမယ့် ကျန်းမာ ရေးကို စောင့်ကြည့်ပြီး အခြေအနေကောင်းမှ မွေးစာရင်းထည့်ခဲ့တာမို့ မွေးစာရင်းထဲမှာတော့ သူမရဲ့ မွေး နေ့က (၁၉၈၂) ခုနှစ် ဖေဖော်ဝါရီ (၂၆) ဆိုပြီး ဖြည့်ထားပါတယ်။

2#Broken Family မှာ ကြီးပြင်းခဲ့ရသူ

သူမနဲ့ ဆောင်ဂျွန်ကီတို့ ကွာရှင်းသတင်းနဲ့ ပတ်သက်ပြီး ဆောင်းဟေကို ပြောတဲ့ အထဲမှာ အကျင့်စရိုက်မတူတာ တွေ အရမ်းများလာတဲ့ အတွက် ကြောင့်ညှိမရပဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောထားပါတယ်။ဒီအချက်က ဖြစ်နိုင်ပါတယ်။ သူတို့ နှစ်ယောက်ကြီးပြင်းလာခဲ့ရတဲ့ ဘ၀ပုံစံက တော်တော်ကွာခြားပါတယ်။ဆောင်ဂျွန်ကီက နွေးထွေး တဲ့ မိသားစု မေတ္တာတွေနဲ့ ကြီးပြင်းလာခဲ့ရသူပါ။ ဒါပေမယ့် ဆောင်းဟေကိုကတော့ အဲ့လို မဟုတ်ပါဘူး။ သူမအသက် ငယ်ငယ်လေး မှာပဲ မိဘနှစ်ပါးက ကွာရှင်းခဲ့ပါတယ်။ သူမကတော့  မိခင်ဖြစ်သူနဲ့ အတူ လိုက်နေရင်း အမေဖြစ်သူရဲ့ စောင့် ရှောက် မှု အောက်မှာ ကြီးပြင်းခဲ့ရသူပါ။ကွာရှင်းပြီးနောက်မှာတော့ ဆောင်းဟေကိုနဲ့ သူမရဲ့ မိခင်ဟာ (ဆောင်းဟေကို ကို မွေးဖွားရာ) Daegu မြို့ ကနေ ဆိုးလ်မြို့ Gangnam အရပ်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။မွေးခါစမှာ ကျန်းမာရေး ချူခြာခဲ့တဲ့ သူမဟာ အသက်နည်းနည်းကြီးလာတော့လည်း မိဘတွေက ကွာရှင်းခဲ့ကြပါတယ်။

3#ငယ်ငယ်တည်းက တစ်ယောက်တည်း သီးသန့် နေတတ်တဲ့ Type မျိုး

ဆောင်းဟေကို ကို ကြည့်လိုက်မယ်ဆိုရင် ပုံမှန်အချိန်တွေမှာဆိုရင် အရယ်အပြုံးနည်းပြီး အေးစက်စက် ပုံစံ မျိုး ဖြစ် နေတာကို တွေ့ရမှာပါ။ငယ်ငယ်တည်းက သူမရဲ့ ပုံစံက အဲ့လိုပါလို့ ဆောင်းဟေကိုက ထုတ်ပြောခဲ့ပါတယ်။ဆိုးလ် ကို ရောက်တော့ မူလတန်းတုန်းက စကိတ်စီးအားကစားမယ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် Grade 8 ကို ရောက် တော့ ဆက် မလုပ်တော့ပဲ ထွက်ခဲ့ပါတယ်။သူမရဲ့ Type က အရှက်ကြီးပြီး တစ်ယောက်တည်း သီးသန့် နေတတ်တဲ့ Type မျိုးလို့ ပြောခဲ့ပါတယ်။ဒါပေမယ့် သူမရဲ့ အထက်တန်းကျောင်းက ဆရာကတော့ ဆောင်းဟေကိုရဲ့ ပုံစံဟာ ရွှင်လန်း တက်ကြွတဲ့ ပုံစံမျိုးလို့ ချီးကျူးခဲ့ဖူးပါတယ်။ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်ပါ။ဆောင်းဟေကိုဟာ Sejong တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။သူမဟာ အဲ့ဒီမှာ Film Arts မေဂျာကို ယူခဲ့ ပါတယ်။

4#၁၄ နှစ်သမီးတည်းက မော်ဒယ်လုပ်ခဲ့

 

View this post on Instagram

 

@voguekorea November issue

A post shared by Hyekyo Song (@kyo1122) on

မင်းသမီး အဖြစ်နဲ့ အနုပညာ လောကထဲ ၀င်လာ တာ မဟုတ်ပါဘူး။(၁၄) နှစ်သမီးတည်းက မော်ဒယ် လုပ်လာခဲ့ သူပါ။(၁၉၉၆) ကနေ စပြီး မော်ဒယ်လုပ်ခဲ့တာပါ။SunKyung Smart Model ပြိုင်ပွဲမှာ အနိုင်ရခဲ့တာပါ။အဲ့ဒီနောက် မှာတော့ေ ကျာင်းယူနီဖောင်း ကုမ္ပဏီတစ်ခု အတွက် မော်ဒယ် လုပ်ပေး ခဲ့ပါတယ်။

5#ပထမဆုံး ပွဲဦီးထွက်ဇာတ်ကား

ကျောင်းနီဖောင်းကုမ္ပဏီတစ်ခု အတွက် မော်ဒယ် လုပပေးခဲ့တဲ့ သူမဟာ နောက်ပိုင်းမှာတော့ ဇာတ်ကားတစ်ကားမှာ ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။သူမရဲ့ ပထမဆုံး TV ဒရမ်မာ ဇာတ်ကားကတော့ First Love ပါ။အဲ့ဒီမှာ Minor Role အခန်းအနည်းငယ် ပါခွင့်ရခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဒရမ်မာကားတွေ၊ Sitcoms တွေ မှာ ပါဝင် ခဲ့ပါတယ်။ Soonpoong Clinicကတော့ သူမကို နည်းနည်း နာမည်ရလာစေခဲ့ပါတယ်။

 6#သူမကို နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကား

 

View this post on Instagram

 

@suecommabonnie

A post shared by Hyekyo Song (@kyo1122) on

ဒါကတော့ မသိတဲ့ ပရိသတ်မရှိလောက်ပါဘူး။ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဆိုပြီး Tv မှာ ပြသခဲ့တဲ့  KBS drama Autumn in My Heart ( 2000) က တော့ သူမကို အရမ်းကို အောင်မြင်စေခဲ့တဲ့ ဇာတ်ကား ပါ။ ဒီကား မှာတော့ Song Seung-heon ၊ Won Bin  တို့နဲ့ အတူ သရုပ်ဆောင်ခဲ့ပါတယ်။အာရှတစ်ခွင်မှာ လျှမ်းလျှ မ်း တောက် အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ။

7#အောင်မြင်မှုတွေ ဆက်တိုက်ရစေခဲ့တဲ့ ဇာတ်ကားတွေ..

READ
ဒုန်းကျည်သတိပေးသံကြားပြီးချိန်မှာ ဟာဝိုင်အီမှ Pornhubကြည့်ရှုသူ ၅၀%မြင့်တက်သွားခဲ့

(၂၀၀၃)မှာတော့ သူမကို အောင်မြင်မှု ဆင့်ကဲ ရစေခဲ့တဲ့ နောက်ထပ် ဇာတ်ကားတစ်ကားရှိပါတယ်။အဲ့ဒါကတော့  လီ ဗြောင်ဟွန်းနဲ့ အတူ သရုပ်ဆောင်တဲ့ All In ဆိုတဲ့ ဇာတ်ကားပါ။အဲ့ဒီနောက်မှာတော့ Rain နဲ့ အတူ သရုပ်ဆောင် တဲ့ Full House ..ဇာတ်ကားတို့ ကလည်း သူမကိုအောင်မြင်မှုတွေ ဆင့်ကဲ ရစေခဲ့တဲ့ ဇာတ်ကားကောင်းတွေ ဖြစ်စေခဲ့ ပါတယ်။

8#English စာကို လေ့လာဖို့ အမေရိကန်ကို သွားခဲ့

အောင်မြင်မှုတွေ ဆက်တိုက် ရပြီးနောက်မှာတော့ သူမကိုယ်သူမ recharge ပြန်လုပ်တဲ့ အနေနဲ့ (၂၀၀၅)ခုနှစ် အစောပိုင်းမှာတော့ အေ မရိကန် San Francisco ကိုသွားပြီး အင်္ဂလိပ်စာကို လေ့လာ ခဲ့ပါတယ်။ အဲ့ဒီနောက် မှာေ တာ့  အမေရိကန် ၀ါရှင်တန်က Seattle မြို့ ကို သွားခဲ့ပါတယ်။(၂၀၀၅) မတ် (၅) မှာတော့ ပြန်လာခဲ့ပါတယ်။

9#”Hwang Jin Yi.” ဇာတ်ကားအတွက် သူမရဲ့ ပုံစံကို ပြောင်းလဲခဲ့

“My Girl and I” နဲ့ “Hwang Jin Yi.” တို့ကလည်း သူမရဲ့ နာမည်ကြီး  ရုပ်ရှင်ကားတွေပါ။Hwang Jin Yi ဆိုတဲ့ ဇာတ်ကားမှာဆိုရင်တော့ အစပိုင်းတုန်းက ထုတ်လုပ်သူတွေက ဆောင်းဟေကိုရဲ့ ရုပ်က Cute ပုံစံ မျိုးမို့ ဇာတ်ကောင် နဲ့ မလိုက်ဘူးလို့ တွေးခဲ့ပါတယ်။ဒါကြောင့်လည်း Jun Ji-hyun နဲ့  Soo Ae ကို ရွေးချယ် ခဲ့ပေမယ့် အဆင်မပြေခဲ့ ပါဘူး။နောက်ဆုံးမှာတော့ ဆောင်းဟေကို ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ဒီဇာတ်ကားအတွက် ပြင်းပြင်းထန်ထန်ကို Diet လုပ် ခဲ့ပါတယ်။ထုတ်လုပ်သူတွေကပါ အံ့အားသင့်ရတဲ့ အထိ သူမရဲ့ ဇာတ်ကောင် အတွက် ပြောင်း လဲ ပြခဲ့ပါတယ်။

10#ပလတ်စတစ်ဆာဂျရီ လုပ်ထားလား..?

topbeautifulwomen.com

ပလတ်စတစ် ဆာဂျရီလုပ်ခဲ့ လား ဆိုတဲ့ အမေးကိုတော့ သူမက လုံးဝ မလုပ်ခဲ့ ပါဘူးလို့ ဖြေခဲ့ပါတယ်။ဒါပေမယ့် အရေပြားဆရာဝန်ဆီကိုတော့ သွားပြီး အေ ရပြား treatment လုပ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။အသားအရေ ကို ဂရုစိုက်ပေမယ့် အသက်ကြီးပြီး ရုပ်ပျက်သွားမှာကို အရမ်းကြီး စိတ်မပူ ဘူးလို့ ဆိုပါတယ်။”ကျွန်မရဲ့ အသက်ကို ကျွန်မ ဂရုမစိုက်ပါဘူး။ကျွန်မ အတွက်တော့ အသက်ဆိုတာ အရေးမကြီးပါဘူး” လို့ ဖြေခဲ့ပါတယ်။

11#Big Bang ရဲ့ fan ၊ ကိုယ်ခံ ပညာတတ် ၊သူမရဲ့ ၀ါသနာ

ဆောင်းဟေကို Big Bang ကို အရမ်းကြိုက်ပါတယ်။Big Bang ရဲ့ Fan ပါ။သူတို့သီချင်းတွေကို နားထောင် ရတာ သူမအတွက် ခွန်အားဖြစ်စေလို့ ကြိုက်တာပါ။တရုတ်ဇာတ်ကား The Grandmaster  မှာ သရုပ်ဆောင်ဖို့ Cant onese ဘာသာစာကားနဲ့ကိုယ်ခံပညာကိုလည်း သင်ယူခဲ့ဖူးပါတယ်။ကိုယ်ခံ ပညာကို နည်းနည်း(ကျွမ်းကျင် အဆင့် မဟုတ်ပေမယ့်) တက်မြောက်ထားသူပါ။ခရီးသွားရတာ၊စကိတ်စီးရတာ၊ရေကူးရတာကို ကြိုက်သူပါ။shopping ထွက်ရတာ၊ရုပ်ရှင်ကြည့်ရတာ၊သိုးမွေး ထိုးရတာ၊ရေမွှေးတွေ စုဆောင်း တာ တွေကတော့ သူမရဲ့ဝါသနာ တွေပါ။

12# နာမည်ကြီး ဒရမ်မာနဲ့ ရုပ်ရှင်ဇာတ်ကားများ

READ
လူတစ်ယောက်ကဲ့သို့ အသိဥာဏ်ရှိစွာ လှောင်အိမ်မှန်ကို ရိုက်ခွဲခဲ့တဲ့ မျောက်ကလေး

Autumn in My Heart (2000), All In (2003), Full House (2004), That Winter, the Wind Blows (2013), Descendants of the Sun (2016) ၊ Encounter (2018) တို့ကတော့  သူမရဲ့ နာမည်ကြီး ဒရမ်မာဇာတ်ကားလေးပါ။သူမရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေကတော့  Hwang Jin Yi (2007), The Grandmaster (2013), My Brilliant Life (2014) ၊The Queens (2015).. ပါ။(2017) မှာတော့ Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ Korea Power Celebrity စာရင်းရဲ့  နံပါတ်(၇) နေရာမှာ ရှိခဲ့ပါတယ်။သူမ ဒရမ်မာ ဇာတ်ကားရဲ့ အောင်မြင်မှု အတွက် Hallyu star အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

13#သူမရဲ့ အချစ်ရေး(လီဗြောင်ဟွန်း)

kdramalove.com

ဆောင်းဟေကိုကတော့ နာမည်ကြီးမင်းသားတွေနဲ့ တွဲခဲ့ဖူးပါတယ်။ All In ဇာတ်ကားမှာ လီဗြောင်ဟွန်းနဲ့ အတူ သရုပ် ဆောင်ရင်း ချစ်ခဲ့ဖူးပါတယ်။သူတို့စုံတွဲဟာ တစ်နှစ်လောက် တွဲခဲ့ကြပြီး (၂၀၀၄)မှာတော့ လမ်းခွဲ ခဲ့ကြပါတယ်။ ဆောင်းဟေကိုနဲ့ လီဗြောင်ဟွန်း တို့ ချစ်သူနှစ်ဦးလမ်းခွဲခဲ့တဲ့ သတင်းဟာ အဲ့ဒီတုန်းက ကိုရီးယား အနုပညာ လောကရဲ့ နာမည်ကြီး သတင်းတစ်ပုဒ် ဖြစ်ခဲ့ဖူးပါတယ်။

#Hyun Bin 

kdramalove.com

နောက်တစ်ယောက်ကတော့ Hyun Bin ပါ။Worlds Within ( 2008 ) မှာ သရုပ်ဆောင်ရင်းရင်းနဲ့ ချစ်သွားခဲ့ တာ ပါ။နှစ်နှစ်လောက်တွဲခဲ့ကြပြီးနောက်မှာတော့ လမ်းခွဲခဲ့ပါတယ်။စစ်မှုထမ်းသွားပြီး နောက်တစ်ရက်မှာပဲ ဆောင်းဟေကိုနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာခဲ့တာပါ။ဒါပေမယ့် အဲ့ဒီိလို တရားဝင် ထုတ်မပြော ခင်တည်းက အချစ်ရေး အဆင်မပြေဘူး လို့ သတင်းတွေ ထွက် နေခဲ့တာတော့ ကြာပါပြီ။ ။Hyun Bin က SBS Drama Awards  ပွဲမှာတုန်းက ပြောတဲ့ ကျေးဇူး တင်စကားမှာ ဆောင်းဟေကို ကို ထည့်မပြောပဲ ချန်ထားခဲ့တည်းက အားလုံးက အဆင်မပြေကြမှန်း ရိပ် မိ နေခဲ့တာပါ။Jo In Sung နဲ့ လည်း Fan တွေ က သဘောတူပေမယ့် သူတို့ ကတော့ သူငယ်ချင်းမိတ်ဆွေ ဆက်ဆံ ရေးပါပဲ။

#ဆောင်ဂျွန်ကီ

IG/Song Hye Kyo

ဧပြီ (၂၀၁၅)မှာတော့ ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီ တို့ကတော့ ‘Descendants of the Sun’ ဇာတ်ကားမှာ အတူ တွဲ သရုပ် ဆောင် ဖို့ အတည်ပြုခဲ့ကြတာပါ။စာရေးဆရာမ Kim Eunsook ရဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ကတော့ ဆောင်းဟေကို နဲ့ ဆောင်ဂျွန်ကီ တို့ ပထမဆုံးအကြိမ် စုံတွဲ သရုပ်ဆောင်တဲ့ ဇာတ်ကားပါ။မတ်(၂၀၁၆) မှာတော့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ တွဲနေကြပြီဆိုတဲ့ ကောလာဟလ သတင်းတွေ အများကြီးထွက်ပေါ် ခဲ့ပါတယ်။အေဂျင်စီတွေ ဘက်ကတော့ လုပ်ဖော်ကိုင်ဖက် စီနီယာဂျူနီယာဆက်ဆံရေးပါ ဆိုပြီး အစပိုင်းမှာ ငြင်း ခဲ့ပါတယ်။(၂၀၁၇) ဇူလိုင် မှာတော့ ဆောင်းဟေကို နဲ့ ဆောင်ဂျွန်ကီ တို့ ရဲ့ မင်္ဂလာသတင်းကို ကြေညာခဲ့ပါ တယ်။သူတို့ နှစ်ယောက် အောက်တို ဘာ (၃၁) မှာ လက်ထပ်မယ်လို့ ကြေညာခဲ့ပါတယ်။

IG/Song Hye Kyo

(၂၀၁၇) အောက်တိုဘာ (၃၁)မှာေ တာ့ လက်ထပ်ခဲ့ကြပါတယ်။(၂၀၁၉) မေ (၂၈) တုန်းက  ‘Arthdal Chronic les’ ဇာတ်ကားရဲ့ သတင်း စာရှ င်းလင်းပွဲမှာ ဆောင်ဂျွန်ကီက ” လက်ထပ်ပြီးတော့ စိတ်တည်ငြိမ်မှု ပိုရလာတယ်၊ကျ တော့် ဇနီးက ကျ တော့်ရဲ့ အလုပ်(ရိုက်ကူးရေးတွေ)ကို ပိုပြီး အာရုံစိုက်နိုင်အောင် ခွန်အားတွေ ပေးခဲ့တယ်။အခုလို ရိုက်ကူးရေး ကောင်း ကောင်း ပြီးသွားတဲ့ အတွက် သူမကို ကျေးဇူးတင်ပါတယ်..” လို့ ပြောခဲ့ပါသေးတယ်။ဒါပေမယ့် (၂၀၁၉) ဇွန် (၂၇)မှာေ တာ့ ဆောင်ဂျွန်ကီရဲ့ ဘက်ကနေ ဆောင်းဟေကို နဲ့ကွာရှင်းတော့မယ့် အကြောင်းကို အရင်စ ကြေညာခဲ့ပါတယ်။ဆောင်း ဟေကိုရဲ့ ဘက်ကနေလည်း စရိုက်မတူတာတွေ များလာလို့ နောက်ဆုံးမှာ ကွာရှင်းဖို့ အထိ ဖြစ်ခဲ့တာဆိုပြီး ကွာရှင်းရ တဲ့ အကြောင်း အရင်းကိုပါ ထုတ်ပြောခဲ့ပါတယ်။

#SHWEMOM(wikipedia/kdramastars)

SHARE