Kylie Jenner နဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၁၁) ချက်

Kylie Jenner ကတော့ ဒီနှစ်ထဲမှာ Top ဖြစ်နေတဲ့ အမျိုးသမီးဆယ်လီတွေထဲက တစ်ယောက်ပါ။သူမဟာ ကိုယ့်ဒူး ကိုယ်ချွန်ချမ်းသာတဲ့ အမျိုးသမီးတွေထဲက တစ်ယောက် အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။အခုဆိုရင်တော့ သူမဟာ For bes  ကနေ ထုတ်ပြန်တဲ့ (၂၀၁၉)ဘီလီယံနာစာရင်းမှာ ပါဝင်ခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီ ယံနာ ဖြစ်လာခဲ့ပါပြီ။အရင်တုန်းက ကမ္ဘာ့အသက်အငယ်ဆုံးဘီလီယံနာ အဖြစ် သတ်မှတ်ခံခဲ့ရသူက Facebook ထူထောင် သူ Mark Zuckerberg  ပါ။ Zuckerberg  က သူ့အသက် (၂၃)မှာ ဘီလီယံ နာ  ဖြစ်ခဲ့တာပါ။ ဒါပေ မယ့် အခု Kylie Jenner က (၂၁)နှစ်နဲ့ ဘီလီယံနာ ဖြစ်ခဲ့တာမို့ Zuckerberg ကို ကျော်ပြီး ကမ္ဘာ့အသက် အငယ် ဆုံး ဘီလီ ယံနာ ဖြစ်လာခဲ့တာပါ။ပရိသတ်တွေ မသိလောက်သေးတဲ့ သူမရဲ့ အကြောင်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

pinterest

#1 Kylie Jenner ရဲ့ ဘ၀အကျဉ်းချုပ်

IG

နာမည်ရင်းကတော့ Kylie Kristen Jenner ပါ။အမေရိကန် reality television personality ၊ model ၊ စွန့်ဦးတီထွင်သူတစ်ယောက်ပါ။သူမဟာ Keeping Up with the Kardashians  မှာ (၂၀၀၇)ခုနှစ်မှာ စပြီး ပါဝင် ခဲ့တာပါ။သူမဟာ Kylie Cosmetics ရဲ့ Founder ပါ။သူမကိုတော့ (၁၉၉၇)ခုနှစ် သြဂုတ် (၁၀) ရက်နေ့က အမေ ရိကန် ကယ်လီဖိုးနီးယားပြည်နယ်၊လော့အိန်ဂျလိစ်မှာ မွေးဖွားခဲ့တာပါ။(၂၀၁၂)ခုနှစ် သူမရဲ့ အသက် (၁၄) နှစ် တည်း က အစ်မဖြစ်သူ Kendall Jenner နဲ့ အတူ PacSun ဆိုတဲ့ အ၀တ်အစား Brand နဲ့ လက်တွဲပြီး “Kendall & Kylie”. ဆိုတဲ့ clothing line ကို ဖန်တီးခဲ့ပါတယ်။(၂၀၁၅)မှာတော့ Kylie Lip Kits နောက်ပိုင်းမှာတော့ Kylie Cosmetics  လို့ နာမည်ပြောင်းခဲ့တဲ့ ကိုယ်ပိုင် cosmetics line ကို ဖန်တီးထူထောင်ခဲ့ပါတယ်။

#2 သူမရဲ့ အောင်မြင်မှုတွေ…….

IG

(2014) နဲ့ (2015) တို့မှာတော့ Time magazine ကနေ Jenner ညီအစ်မတွေကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆယ်ေ ကျာ်သက် တွေ ကို အလွှမ်းမိုးနိုင်ဆုံး most influential teens in the world ဆိုပြီး ဖော်ပြခံခဲ့ရပါတယ်။(၂၀၁၈) မှာတော့ သူမရဲ့ အကောင့်မှာ Follower (၁၂၂)သန်းအထိ ရှိခဲ့ပါတယ်။သူမဟာ Instagram မှာ Followers အများဆုံး Top 10 ထဲမှာ ပါဝင်ခဲ့ပါတယ်။(၂၀၁၇)မှာတော့ Forbes Celebrity 100 list မှာ ပါဝင် ခဲ့ကာ သူမဟာ ဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ အသက်အငယ်ဆုံးပါ။(၂၀၁၈) နိုဝင်ဘာမှာတော့ သူမကို ဖက်ရှင် လောကမှာ အလွှမ်းမိုးနိုင်ဆုံး ဆယ်လီ အဖြစ် New York Post ကနေ ဖော်ပြခံခဲ့ရပါတယ်။Forbes magazine ရဲ့ ဖော်ပြချက်အရ အသက် (၂၁) မှာတော့ သူမရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ (၂၀၁၉) မတ်မှာတော့  ကမ္ဘာ့ အသက် အငယ်ဆုံး ကိုယ့်ဒူးကိုယ်ချွန်ဘီလီယံနာ ဖြစ်လာခဲ့ပါတယ်။

#3 နာမည်ကြီးချင်ခဲ့တာ မဟုတ်၊လူရှေ့မှာ စကားပြောရတာကို မကြိုက်

IG

သူမဟာ အခုလက်ရှိဘ၀လို အောင်မြင်နေတဲ့ နာမည်ကြီးတဲ့ ဘ၀မျိုးကို လိုချင်ခဲ့သူတော့ မဟုတ်ပါဘူး။သူမဟာ tv ကင်မရာရှေ့၊လူထုမျက်လုံးတွေရှေ့မှာ ပေါ်ထွက်နေရတာမျိုးကို မကြိုက်သူပါ။(၂၀၁၇)ခုနှစ် Life of Kylie အပိုင်း မှာတော့ သူမဟာ အောင်မြင်တဲ့ ဘ၀မျိုးကို လိုချင်ခဲ့တာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။” Keeping Up With The Kardashians  ကို ရိုက်တုန်းက ကျမအသက် (၉)နှစ်ပဲ ရှိသေးတယ်။ဒီနည်းက လူတွေက ကျမကို သိလာ စေတယ် ဆိုတာ ကျမ မသိခဲ့ဘူး။လူတွေက ကျမ ဘယ်သူ ဆိုတာ မသိတာ၊ ကားထဲကနေထွက်လိုက်တာနဲ့ လူကြည့်ခံရတာ မျိုးမရှိတဲ့ သာမန်ဘ၀မျိုးက ဘယ်လိုမျိုးလဲ ဆိုတာ ကျမသိဘူး။ကျမကိုယ်ကျမ ကင်မရာရှေ့မှာပဲ ကြီးပြင်းလာရတယ် လို့ ခံစား ရတယ်…” လို့ ပြောခဲ့ပါတယ်။နာမည်ကြီး ကျော်ကြားမှုတွေကနေ ပြေးထွက် သွား ချင်တဲ့ စိတ် မျိုး လည်း ဖြစ် ခဲ့ ဖူးတယ်လို့ ဆိုပါတယ်။ဒါတင်မကသေးပါဘူး။လူတွေ အများကြီးရှေ့မှာ စကားပြောရတာမျိုးကိုလည်း မကြိုက် ဘူးလို့ သိရပါတယ်။

READ
ပုံအလန်းလေးတွေ တင်လိုက်တဲ့ လုလုအောင်

# 4 အစ်မတွေဆီက အ၀တ်တွေကို ခိုးဝတ်ခဲ့ဖူး

W Magazine

ဒီလို နာမည်ကြီးမိသားစုကနေ မွေးဖွားလာတဲ့ Kylie Jenner အတွက်တော့ သူမရဲ့ မိသားစုတွေက သူမ အတွက် လေးစား အားကျအတုယူစရာတွေ ဖြစ်နေမှာသေချာပါတယ်။ဒါကြောင့်လည်း သူမဟာ အကြီးတွေဆီကနေ အ၀တ် တွေ ခိုးခဲ့ဖူးတယ်လို့ ၀န်ခံခဲ့ဖူးပါတယ်။အများဆုံး ခိုးတာကတော့ Kim နဲ့ Kendall ဆီက လို့ ဆိုပါတယ်။

#5 နှုတ်ခမ်းပြုပြင်ခဲ့ရတဲ့ အကြောင်းအရင်း

pinterest

သူမအသက် (၁၅) နှစ်လောက်က သူမရဲ့ နှုတ်ခမ်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ် ။နှုတ်ခမ်းက ပါးပါးသေးသေးလေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။Kylie ရဲ့ Crush သူမရဲ့ ပထမ ဆုံး အနမ်း ကို ရလိုက်တဲ့ ကောင်လေးက“နင့်မှာ ဒီလိုနှုတ်ခမ်းသေးသေးလေးတွေ ကြောင့် နင်ကတော့ ဘယ်တော့မှ good kisser ဖြစ်လာမှာမဟုတ်ဘူး” ဆိုပြီး ပြော ဆိုတာကို ခံခဲ့ရပါတယ်။ကိုယ်ကြိုက်တဲ့ ကောင်လေး တစ်ယောက် ဆီက ဒီလို ပြောတာကိုခံလိုက် ရတာကြောင့် တကယ်ပဲ ထိခိုက်ခံစားခဲ့ရကြောင်း၊ကိုယ့် ကို ကိုယ် လှတယ်လို့ကို မခံစားရတော့တဲ့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။‘ကျွန်မ တကယ်ပဲ နှုတ်ခမ်းထူထူကို ရချင်ခဲ့တယ်။နှုတ်ခမ်းကို ပိုကြီးတယ် ထင် ရအောင် lip liner နဲ့လုပ်ခဲ့ တယ်။နောက်ဆုံးတော့ ကျွန်မလိုချင်တာမျိုး ကိုရခဲ့ ပါပြီ” ဆိုပြီး နှုတ်ခမ်းပြုပြင်ရတဲ့ အကြောင်းအရင်းကို ထုတ် ပြောခဲ့ပါ တယ်။

#6 နာမည်မကြီးခဲ့ရင် အခုချိန်ဘာလုပ်မှာလဲ…

IG

သူမသာ အခုလို နာမည်ကြီးတစ်ယောက် ဖြစ်မလာခဲ့ဘူးဆိုရင်တော့ သူမဟာ Makeup Artist တစ်ယောက် အဖြစ် နဲ့ပဲ ဘ၀ကို ရှင်သန်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။မိတ်ကပ်က သူမရဲ့ဘ၀ပါလို့ Kylie က ပြောပါတယ်။

#7 သူမရဲ့ ဟိုးအရင်တုန်းက ကလေး Plan

IG

အရင်တုန်းကတော့ သူမရဲ့ ကလေးယူမယ့် Plan က အခုလို မဟုတ်ပါဘူး။အသက် (၃၀) လောက်ကျ မှ ကလေးယူ မယ်ဆိုပြီး စီစဉ်ထားခဲ့တာပါ။ဒါပေမယ့်လည်း သူမရဲ့ ပထမဆုံးရင်သွေးဖြစ်တဲ့ သမီးလေး Stormi  ကိုတော့ (2018) ဖေဖော်ဝါရီ (၁)ရက်နေ့မှာမွေးဖွားခဲ့တာပါ။သူမရဲ့ အသက် (၂၀)မှာရခဲ့တာပါ။ကလေးရဲ့ အဖေကတော့ Travis Scott ပါ။

# 8 Kylie ရဲ့ ပထမဆုံး များ

IG

Kylie ရဲ့ ပထမဆုံးခွေးလေးရဲ့ နာမည်ကတော့   Norman ပါ။သူမရဲ့ အရင်ရည်းစားဟောင်း Tyga ဆီကနေ ခရစ် စမတ်လက်ဆောင်အဖြစ်ရခဲ့တာပါ။သူမရဲ့ ပထမဆုံးဖုန်းကတော့  LG Chocolate အဖြူရောင်ပါ။သူမရဲ့ ပထမဆုံး အနမ်းအပြီးမှာတော့ တစ်ဖက်ကောင်လေးရဲ့ Comment ကြောင့် နှုတ်ခမ်းပြုပြင်မှု လုပ်ခဲ့ရတာလို့ ဆိုထားတဲ့ အတွ က် ပထမဆုံးအနမ်းကိုတော့ အသက် (၁၅) နှစ်မှာ သူမ ကြွေနေတဲ့ Crush ဆီကနေ ရခဲ့တာပါ။

READ
ဖြစ်ရပ်မှန်သရဲဇာတ်လမ်းများကို ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင် (၅)ကား

# 9 Kylie နဲ့ Tyga ရဲ့ အချစ်ဇာတ်လမ်း

Kylie နဲ့ Tyga တို့က အရမ်းကို ချစ်ခဲ့ကြတဲ့ ချစ်သူတွေ ဖြစ်ခဲ့ဖူးပါတယ်။သူတို့စုံတွဲကိုတော့ မသိတဲ့ သူ မရှိသလောက် ပါ။Kendall ရဲ့ (၁၆)နှစ်ပြည့်မွေးနေ့ပွဲကို Tyga ကလာရောက်ဖျော်ဖြေရာကနေ သူတို့ဇာတ်လမ်းစခဲ့တာပါ။အစပိုင်း ကတော့ သူငယ်ချင်း နောက်ပိုင်းမှာတော့ တွဲဖြစ်သွားတာပါ။Tyga က Kylie ထထက် (၈)နှစ်ကြီးပါတယ်။(၂၀၁၄) ခုနှစ်က စပြီး Kylie ရဲ့ IG မှာ Tyga ပေါ်လာခဲ့တာပါ။Tyga က သူ့ရဲ့ သမီးလောင်း Blac Chyna နဲ့ လမ်းခွဲတာ ဟာ Kylie ကြောင့်ဆိုပြီး သတင်းထွက်ခဲ့ဖူးပါတယ်။ဒီသတင်းမဟုတ်ပါဘူးလို့ Tyga ဘက်နေအစပိုင်းမှာတော့ ငြင်း ခဲ့ပါတယ်။နောက်ပိုင်းသူတို့နှစ်ယောက် တပူးပူးတတွဲတွဲဖြစ်နေချိန်မှာလည်း သူငယ်ချင်းပါ တွဲနေတာ မဟုတ်ပါဘူး လို့ ဆက်တိုက် ငြင်းခဲ့ပါတယ်။

Us Weekly

ဒါပေမယ့် နောက်ဆုံးမှာတော့ Tyga  က သူရဲ့ IG မှာ Kylie ပုံတင်ပြီး “Your beauty never goes unnoticed. One of the best/dopest person in my life”. ဆိုပြီး Caption ရေးခဲ့ပါတယ်။ Kylie  ကလည်း Tyga ဟာ သူမဘ၀ရဲ့ ပထမဆုံးအချစ်စစ်ပါဆိုပြီးဝန်ခံခဲ့ပါတယ်။Kylie Jenner ရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့ မှာတော့ brand new Ferrari ကားသစ်၊(၁၉)နှစ်ပြည့်မှာတော့ brand new Maybach ကား သစ် ကြီးတွေကို Tyga ဆီကနေ မွေးနေ့လက်ဆောင် အဖြစ်ရခဲ့ဖူးပါတယ်။ကြားထဲမှာတွဲလိုက်ကွဲလိုက် သတင်းတွေ ထွက် ခဲ့တဲ့ သူတို့ တွေဟာ (၂၀၁၇)ဧပြီ မှာတော့ လမ်းခွဲခဲ့ကြပါတယ်။

pinterest

#10  Stormi လေးရဲ့ အဖေအရင်း အရှုပ်တော်ပုံ

Kylie ဟာ (၂၀၁၈) ဖေဖော်ဝါရီ (၁)ရက်နေ့မှာ ရင်သွေးလေးကို မွေးခဲ့ပါတယ်။ကလေးအဖေ ကTravis Scott  လို့ ပြောခဲ့ပေမယ့်  Tyga ဘက် ကနေ Stormi လေးဟာသူ့ရင်သွေးလေးလို့ ထင်နေပုံ ရပါတယ်။ ဘယ်သူ့ကလေး လဲ ဆိုတာ စစ်ဖို့ အထိ တောင်းဆိုခဲ့ပါတယ်။တစ်ဖက်မှာလည်း ကလေးက Kylie ရဲ့ သက်တော်စောင့် Tim Chung နဲ့ ရုပ်ချင်းဆင်နေလို့ ကလေးအဖေ အစစ်က Tim Chung  ဆိုပြီးတော့လည်း ဆိုရှယ်မီဒီယာပေါ်မှာ ပြော ခဲ့ ကြတာတွေ ရှိခဲ့ဖူးပါတယ်။

pinterest
pinterest

# 11 သတင်းထွက်ခဲ့ဖူးသူတွေထဲမှာ JB လည်းပါ

Us Weekly

Kylie နဲ့ တွဲနေတယ်ဆိုပြီးသတင်းထွက်ခဲ့ဖူးသူ အများစုကတော့ လူမည်းရက်ပ်ပါ တွေပါ။သူမရဲ့ သတင်းထွက် ခဲ့ဖူး သူတွေထဲမှာ JB လည်းပါ ပါတယ်။(၂၀၁၄)တုန်းက Kylie, Kendall နဲ့ Selena Gomez  တို့ဟာ အရမ်းကို ခင် တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ဒါပေမယ့် Coachella ပွဲတော်အတွင်း Kylie နဲ့ JB တို့ရဲ့ ဘာဘာညာညာ သတင်း တွေထွက်လာချိန်မှာတော့ Selena က သူမရဲ့ IG မှာ Kylie, Kendall  ညီအစ်မတွေ ကို Unfollow လုပ် ပစ်ခဲ့ဖူးပါတယ်။ Kylie, Kendall နဲ့ Selena Gomez တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးလည်း အဲ့မှာ တင် အဆုံးသတ် ခဲ့ပါတယ်။JB နဲ့ Kylie တို့ရဲ့ မိတ် ဆွေ ဆက်ဆံရေးကတော့ အခုထိရှိနေတုန်းပါ။

Us Weekly

Source wiki/capitalxtra/.romper./buzzfeed.

SHARE