ကိုရီးယားမင်းသမီးချောလေး Park So-Dam အကြောင်း သင်မသိသေးတဲ့ အချက်များ

Image:fb/Park So-Dam

ကိုရီးယားမင်းသမီးချောလေး Park So-Dam ကိုတော့ ပရိသတ်ကြီး သိကြမှာပါ။ကိုရီးယားဇာတ်ကားတွေကို ကြိုက်တဲ့ ပရိသတ်တွေ ကတော့ သူမကို တခြားဇာတ်ကားတွေမှာတည်းက သိပြီးဖြစ်လောက်ပေမယ့် ကိုရီးယား ကား သိပ် မကြည့်ဖြစ်တဲ့ ပရိသတ်တွေကတော့ သူမကို Parasite ဇာတ်ကားနဲ့ သတိထားမိကြမှာပါ။မျက်ရစ်မပါတဲ့ ချစ်စရာ မျက်လုံးပိတ်ပိတ်လေးက သူမရဲ့ ဆွဲဆောင်မှု တစ်ခုပါ။Park So-Dam ရဲ့ စိတ်ဝင်စားစရာ အ ကြောင်းလေးတွေကို ဖော်ပြ ပေးချင်ပါတယ်။

 

View this post on Instagram

 

오랜만에 #기생충 또한번 감사합니다..💛 #비하인드컷이래요…😍

A post shared by 박소담 (@sodam_park_0908) on

Bio

Park So-dam ကိုတော့ (၁၉၉၁)ခုနှစ် စက်တင်ဘာ (၈)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။အရပ်အမြင့်က တော့ (5’5) လက်မပါ။

 

View this post on Instagram

 

A post shared by 박소담 (@sodam_park_0908) on

အနုပညာဘ၀ အစ

Image:IG/Park So-dam

Park ကတော့ အထက်တန်းကျောင်းမှာတည်းက Grease(Musical) ကို ကြည့်ပြီး သရုပ်ဆောင် အလုပ်ကို စပြီး စိတ်ဝင်စားသွားခဲ့တာပါ။တက္ကသိုလ်ရောက်တဲ့ အခါမှာတော့ သူမရဲ့ အနုပညာအလုပ်တွေကို စောက်ချ လုပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

READ
"ကျွန်မက မဟေသီ" ရိုက်ကွင်းအမှတ်တရ ပုံလေးတွေကို ဝင့်ယမုံနိုင် ဝေမျှ

လူရွေးပွဲတွေမှာ အကြိမ်ကြိမ် ငြင်းပယ်ခံရဖူး

သူမဟာ လူရွေးပွဲတွေ အများကြီးမှာ ပါဝင်ခဲ့ဖူးပါတယ်။ပါဝင်တိုင်းလည်း အရွေးမခံရပဲ အကြိမ်ကြိမ် ငြင်းပယ်ခံ ခဲ့ရပါတယ်။လူရွေးပွဲ (၁၇)ပွဲမှာ ၀င်ပြိုင်ခဲ့ပေမယ့် အရွေးမခံရပဲ ငြင်းပယ်ခံခဲ့ရပါတယ်။ဒါေ ကြာင့်လည်း independent films တွေ ဘက်ကို လှည့်သွားခဲ့ပါတယ်။

prolific performer အဖြစ်လူသိများခဲ့

Image:IG/Park So-dam

သူမကိုတော့  prolific performer တစ်ယောက် အဖြစ် လူသိများပတယ်။သူမဟာ Ingtoogi: Battle of the Internet Trolls ၊ Steel Cold Winter  တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ဘူဆန်နိုင်ငံ တကာရုပ်ရှင်ဇာတ်ကား ပွဲတော်မှာ ပြသချိန်မှာတော့ ပရိသတ်က သူမကို စပြီး သတိထားမိခဲ့ပါတယ်။

နာမည်ကြီး လူသိများစေခဲ့တဲ့ ဇာတ်ကားများ

Image:IG/Park So-dam

Park ကိုတော့ Scarlet Innocence ၊ The Royal Tailor ဆိုတဲ့ ဇာတ်ကားတွေနဲ့ လည်း ပရိသတ်တွေက သတိထားမိခဲ့ပါတယ်။(၂၀၁၅)မှာတော့ Silence ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အဲ့ဒီဇာတ်ကားက သူမကို တော်တော်လေး လူသိများစေဲ့ပါတယ်။အဲ့ဒီဇာတ်ကားနဲ့Busan Film Critics Awards ရဲ့  အကောင်းဆုံး ဇာတ်ပို့ မင်းသမီး ဆု ရခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ The Throne   ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။The Priests မှာတော့ သရဲဝင်ပူးခံရတဲ့ ကျောင်းသူ နေရာက သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံး မျက်နှာသစ် မင်းသမီးဆု ရခဲ့ပါတယ်။

READ
ပင်လယ်ကြီးရဲ့ အလှတရားတွေကို ချစ်တယ်ဆိုတဲ့ နွယ်နွယ်ထွန်း

ခေါင်းဆောင်မင်းသမီးနေရာကို ရခဲ့တဲ့ ဇာတ်ကားများ

Image:IG/Park So-dam

အရံဇာတ်ပို့နေရာတွေကပဲ အများဆုံး သရုပ်ဆောင်ခဲ့ရတဲ့ သူမဟာ (၂၀၁၆)မှာတော့ KBS2 ရဲ့ Beautiful Mind နဲ့ tvN ရဲ့  Cinderella with Four Knights ဒရမ်မာဇာတ်ကားတွေမှာ  ခေါင်းဆောင် မင်းသမီးနေရာကနေ သရုပ် ဆောင်ခွင့်ရခဲ့ပါတယ်။

Parasite နဲ့ ကမ္ဘာကပါ သိခဲ့

Image:IG/Park So-dam

(၂၀၁၉)မှာတော့ သူမဟာ Parasite ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီဇာတ်ကားဟာ ကိုရီးယား တစ်နိုင်ငံတည်းတင်မဟုတ်ပဲ ကမ္ဘာတစ်ဝန်းမှာပါ အောင်မြင်မှု ရခဲ့ပါတယ်။

Source:Wiki

SHARE