ပုရိသတွေ သဘောကျတတ်တဲ့ မိန်းကလေးတွေရဲ့ မိန်းကလေးမဆန်တဲ့ အပြုအမူများ

ပျိုမေတို့ရေ ပုရိသတွေက ယောကျာ်းဆန်ဆန် မိန်းမတွေကို ကြိုက်ကြတာပါတဲ့နော်။ ကဲ သူတို့တွေ မိန်းကလေးမဆန်တဲ့ အပြုအမူရှိတဲ့ မိန်းကလေးတွေကို ကြိုက်တာလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

(၁) ကိုယ့်ကိုကိုယ် အားကိုးတတ်ကြတယ်။

ယောကျာ်းတွေက ကိုယ့်ကိုကိုယ် ပိုအားကိုးတတ်ကြတဲ့ မိန်းကလေးမဆန်တဲ့ အပြုအမူရှိကြတဲ့ မိန်းကလေးကို သဘောကျကြတယ်။ မိန်းမဆန်တဲ့ မိန်းကလေးတွေဆို ခြေသည်း၊လက်သည်း ပုံဖော်ကြတယ်။ ဆံပင်တွေညှပ်လိုက်၊ ကောက်လိုက်၊ ဖြောင့်လိုက်တွေ လုပ်တတ်ကြတယ်။ သူတို့ကြိုက်ကြတဲ့ မိန်းကလေးပုံစံမျိုးက အရမ်းမိန်းမမဆန်ဘဲ။ သူတို့ နည်းတူ ကားအကြောင်းသိတဲ့ မိန်းကလေးမျိုး၊ ကားပြင်ကျွမ်းတဲ့ မိန်းကလေးမျိုး ကိုပိုသဘောကျကြပါတယ်။

(၂) အသံအကျယ်ကြီးရယ်တတ်တယ်

တချို့ယောကျာ်းတွေက ပါးစပ်ကို လက်ကလေးအုပ်ပြီး ခိခိနဲ့ ရယ်တဲ့ မိန်းကလေးထက် စိတ်ထဲရှိတဲ့အတိုင်း ကျယ်ကျယ်လောင်လောင် ရယ်တတ်တဲ့ မိန်းကလေးမျိုးကို ပိုကြိုက်ကြတယ်။ လူကြီးတွေရှိလို့ လက်အုပ်ပြီရယ်ရတာတော့ မပြောလိုပါဘူး။ ဒါပေမယ့် တချို့ယောကျာ်းတွေက အဲ့လို ရယ်တတ်တဲ့မိန်းကလေးတွေကို ပိုသဘောကျကြတယ်။

READ
‘ကိုကို’ တွေနဲ့ချစ်မိရင် … ဒီလိုအချစ်ခံရမှာပါ

(၃) စိတ်ဓာတ်မာကြတယ်

မိန်းမမဆန်တဲ့မိန်းကလေးတွေဟာ ကိုယ့်ကိုကိုယ် ခုခံနိုင်စွမ်းရှိကြတယ်။ စိတ်ဓာတ်ကြံ့ခိုင်ကြတယ်။ တချို့တွေက အဲ့လိုစိတ်ဓာတ်မာတဲ့မိန်းကလေးတွေကို ကြိုက်ကြတယ်။

(၄) ဟန်ဆောင်မူမရှိဘဲ စားတတ်ကြတယ်

တချို့တွေက အစားဆို ဟန်ဆောင်မူမရှိဘဲ စားတတ်တဲ့ မိန်းကလေးမျိုး ကို သဘောကျကြတယ်။ ရှေ့မှာဆို ဟန်ဆောင်ပြီး နည်းနည်းလေးပဲစားတတ်ကြတဲ့ မိန်းကလေးတွေကို သဘောမကျတတ်ကြပါဘူး။

(၅) ဟာသဥာဏ်ရွင်တတ်ကြတယ်

မိန်းမမဆန်တဲ့ မိန်းကလေးတွေက ဟာသဥာဏ်ရွင်တတ်ကြတယ်။ ပျော်ပျော်နေတတ်ကြတယ်။ အဲ့လို အချက်တွေက ဆွဲဆောင်မူရှိနေတာပါ။ အဲ့ဒါကြောင့် ဒီလိုအပြုအမူတွေရှိတဲ့ မိန်းကလေးတွေကို ယောက်ျားတွေက ပိုသဘောကျကြပါတယ်။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE