ကြောင်တစ္ဆေလေးကို အစွဲချွတ်ခဲ့တဲ့ ဒဏ္ဍာရီ ပိုင်ဆိုင်ထားတဲ့ ကြောင်ဘုရားကျောင်း

Facebook/Unrinji Buddhist temple

ဂျပန်နိုင်ငံ ယာမာဂူချီစီရင်စုနယ်ရဲ့ မြောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ဟာဂီမြို့လေးမှာ ယဉ်ကျေးမှုနယ်မြေတွေ အများကြီးရှိပါတယ်။ ဒီထဲက အထင်ရှားဆုံးကတော့ တိုကိုဂျီနဲ့ ဒိုင်ရှိုအင်းအမည်ရတဲ့ ဘုရားကျောင်းတွေပဲ ဖြစ်ပါတယ်။ ၄င်းဘုရားကျောင်းတွေဟာ ထိုဒေသ ဆာမူရိုင်းအရှင်သခင်တွေရဲ့ သင်္ချိုင်းအုတ်ဂူတွေရှိရာ နေရာတွေပဲ ဖြစ်ပါတယ်။

Facebook/Unrinji Buddhist temple

ဟာဂီမြို့ကနေ မိနစ်(၃၀) လောက်ဝေးတဲ့နေရာမှာတော့ အန်ရင်ဂျီဘုရားကျောင်း ရှိပါတယ်။ ဘုရားကျောင်းဟာ သစ်တောအုပ်ဘုရားကျောင်းလို့ အမည်ရတဲ့အပြင် ကြောင်ဘုရားကျောင်းလို့လည်း ထင်ရှားပါတယ်။ ဘုရားကျောင်းဂိတ်ထဲကို ခြေချမိတာနဲ့ သစ်သားထွင်းထားတဲ့ ကြောင်ရုပ်ထုတွေက ဆီးကြိုနေပါတယ်။

Facebook/Unrinji Buddhist temple

ဘုရားကျောင်းမြေထဲမှာတော့ စုစုပေါင်း ကြောင်ရုပ်ထုချည်းပဲ အခု(၆၀) ကျော်ရှိပါတယ်။ ဘုရားကျောင်းမှာ သူ့ကိုယ်ပိုင် ဒဏ္ဍာရီလည်းရှိပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်တုန်းက ထင်ရှားတဲ့ဆာမူရိုင်းတစ်ယောက်ဟာ ထိုဒေသမှာ နေထိုင်ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။ အဆိုပါဆာမူရိုင်းရဲ့ကြောင်လေးက သခင်ဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး သခင့်အုတ်ဂူဘေးမှာ (၄၉) ရက်တိုင်တိုင် နေခဲ့ပါတယ်။ နောက်ပိုင်းတော့ ကြောင်လေးလည်း သခင်စိတ်နဲ့ပဲ လုံးပါးပါးသွားပြီး သေဆုံးခဲ့ပါတယ်။

READ
အကောင်းဆုံးဟိုတယ်တွေရဲ့ အံ့မခန်း ရေချိုးခန်းပြင်ဆင်မှုများ
Facebook/Unrinji Buddhist temple

ကြောင်လေးသေပြီးတဲ့နောက်ပိုင်းမှာတော့ ကြောင်လေးဟာ မကျွတ်မလွတ်ဖြစ်ခဲ့ပြီး ညလယ်ရောက်တဲ့အခါ ကြောင်အော်သံတွေကြားရတတ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ ဒီထဲမှာ ဘုန်းကြီးတစ်ပါးက တစ္ဆေဘ၀ရောက်နေတဲ့ ကြောင်လေးကို အစွဲချွတ်ပေးခဲ့ပြီးမှ ထူးဆန်းတဲ့ ကြောင်အော်သံတွေဟာ ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။

Facebook/Unrinji Buddhist temple

အန်ရင်ဂျီဘုရားကျောင်းလေးရဲ့ ဇာတ်ကြောင်းဟာ စိတ်ထိခိုက်ဖွယ်ကောင်းပေမယ့် ဘုရားကျောင်းဝန်းကျင်ကတော့ လွမ်းမောဖွယ်ရာမကောင်းပဲ စိတ်ကြည်နူးဖွယ်ကောင်းပါတယ်။ အန်ရင်ဂျီဘုရားကျောင်းမှာ ဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာကတော့ Maneki neko လို့ခေါ်ကြတဲ့ လာဘ်ခေါ်ကြောင်စုံတွဲပဲ ဖြစ်ပါတယ်။

Facebook/Unrinji Buddhist temple

ဘုရားကျောင်းကတော့ ဒီလာဘ်ခေါ်ကြောင်လေးနှစ်ကောင်ကို ဓာတ်ပုံရိုက်ပြီး စမတ်ဖုန်းမှာ wallpaper image ထားရင် အလုပ်အကိုင်နဲ့ ငွေရေးကြေးရေး အခက်အခဲတွေကို အဆင်ပြေစေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် စာဖတ်သူက ကြောင်အသွင်ဆောင်ချင်တယ်ဆိုရင်လည်း ကြောင်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ထွင်းထားတဲ့ ကြောင်မျက်နှာဖုံးတွေ ရှိတယ်လို့ သိရပါတယ်။ ဟာဂီမြို့ရောက်ရင်တော့ ကြောင်ဘုရားကျောင်းထဲ ၀င်လေ့လာခဲ့ကြပါဦးနော်။

READ
တစ်ခေါက်လောက်တော့ ရောက်ဖူးသင့်တဲ့ ကမ္ဘာ့အလှဆုံးနေရာလေးတွေ
Facebook/Unrinji Buddhist temple

လင်းလင်း (ShweMom)

SHARE