ခေတ်အဆက်ဆက် ကမ္ဘာအနှံ့မှ မဖြေရှင်းနိုင်သေးသောလူသတ်မှုများ အပိုင်း (၁)

လူသတ်မှုတိုင်းကတော့ ကျောချမ်းစရာကောင်းကြပေမယ့် တချို့လူသတ်မှုတွေကတော့ ထင်ထားတာထက်တောင် ပိုပြီး ကျောချမ်းစရာကောင်းနေပါသေးတယ်။ နောက်ပြီး ဒီလိုကျောချမ်းစရာလူသတ်မှုအချို့ဟာလည်း လူသတ်သမားကို မရှာဖွေနိုင်သေးဘဲ ရှိလျက်နေပါတယ်။

Who put Bella down the Wych Elm?

Wiki

ဧပြီလ ၁၉ ရက်နေ့ ၁၉၄၃ မှာ ကလေးသုံးယောက်ငှက်ပစ်ထွက်ကြရင်း Wych Elm သစ်ပင်ကြီးနားရောက်ခဲ့ပါတယ်။ သစ်ပင်ဟာ အလယ်မှာ ကြီးမားလှတဲ့ အူတိုင်ကြီးရှိနေတဲ့အတွက် ငှက်သိုက်များရှိမလားဆိုပြီး ကလေးသုံးယောက်ထဲကတစ်ယောက်ဟာ သစ်ပင်ပေါ်တက်ပြီး အခေါင်းပေါက်ထဲငုံ့ကြည့်ခဲ့ပါတယ်။ ထင်ထားသလိုငှက်သိုက်တော့မတွေ့ရဘဲ လိမ်ကောက်နေတဲ့အနေအထားနဲ့ ပုတ်ကာဆွေးလုနီးနီးဖြစ်နေတဲ့ အရိုးစုတစ်စုကို တွေ့ခဲ့ရပါတယ်။ အရိုးစုဟာ ပုတ်ပွနေပြီး ပါးစပ်ထဲ ဆံပင်မွှေးဟုယူဆရတဲ့အမွှေးအချို့နဲ့ ပိတ်စအချို့ကို တွေ့ခဲ့ရပါတယ်။ အနီးအနားမှာတော့ လက်ထပ်လက်စွတ်တစ်ကွင်း၊ ဖိနပ်တစ်ဖက်ကိုပါ တစ်ခါတည်းရှာတွေ့ခဲ့ပါတယ်။

မှုခင်းဆရာဝန်တွေရဲ့ယူဆချက်အရတော့ အလောင်းဟာ အသက် (၃၀) ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ကလေးမွေးထားတဲ့ပုံလည်းပေါ်နေပါတယ်။ အလောင်းမှာဝတ်ဆင်ပေးထားတဲ့အဝတ်အစားများဟာ ရှေးခေတ်တုန်းက စုန်းမတွေကို မီးရှို့နှိမ်နင်းစဉ် ဝတ်ဆင်ပေးလေ့ရှိတဲ့ အဝတ်အစားဖြစ်ပြီး သူမဟာ သေပြီးပြီးချင်းမှာတင် သစ်ပင်အခေါင်းပေါက်ထဲ ထိုးထည့်ခံထားရဟန်တူပါတယ်။

၁၉၄၄ ခုနှစ်မှာတော့ ဘာမင်ဂန်ရဲ့လူအများမြင်သာတဲ့နံရံပေါ်မျာ “Who put Bella down the Wych Elm?” ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ဒါဟာ ယမံနှစ်တုန်းက ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ရတဲ့ အလောင်းရှာဖွေမှုကို ရည်ညွှန်းထားတယ်ဆိုတာ တစ်မြို့လုံးနီးပါး သိခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းက ဒီအမှုကို နံရံပေါ်မှာရေးထားတဲ့စာအတိုင်း အမည်တွင်ခဲ့ကာ ရှာတွေ့ခဲ့တဲ့အလောင်းနာမည်ဟာ Bella ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

မကြာသေးမီနှစ်အစောပိုင်းက Richard III ရုပ်ထုကို ပြန်လည်မွန်းမံဖို့ တာဝန်ယူထားတဲ့ Caroline Wilkinson ဟာ မြေတူးရင်း Leicester ကားပါကင်အောက်မှာ Bella ရဲ့ အရိုးစုလို့ယူဆရတဲ့ လူအရိုးခေါင်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ တာဝန်ရှိသူတွေကလည်း အဲဒီအရိုးခေါင်းဟာ သူတို့ရဲ့သက်သေဌာနမှပျောက်ဆုံးနေတဲ့ Bella ရဲ့အရိုးခေါင်းဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။

READ
ရှေးခေတ်အီဂျစ်တို့ရဲ့ ရယ်မောဖွယ်ရာ အယူအဆများ

ထိုအရိုးခေါင်းပိုင်ရှင်ကို အများစုကတော့ ဂျာမန်ထောက်လှမ်းသမား သို့မဟုတ် နိုင်ငံတွေရဲ့လျှို့ဝှက်ချက်တွေကို သိသင့်တာထက် ပိုသိနေတဲ့အတွက် သတ်ပစ်ခဲ့တယ်လို့ ယူဆကြပေမယ့် အခုအချိန်အထိ ဗြိတိန်ရဲ့ မဖြေရှင်းနိုင်သေးတဲ့အမှုတစ်ခုအဖြစ် ထင်ရှားနေဆဲပါပဲ။

Oakland ခရိုင်မှ ကလေးလူသတ်သမား

အသက် (၁၁) နှစ်အရွယ် Timothy King ဆိုသူကောင်လေးဟာ Oakland ကလေးလူသတ်သမားရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။ မိခင်ဖြစ်သူဟာ Timothy King ကို ပြန်ရဖို့အတွက်ဇာတ်လမ်းဆင်ကာ သူအကြိုက်ဆုံး Kentucky ကြက်ကြော်လေးနောက်ဆုံးကျွေးချင်လို့ ခဏလောက်ပြန်လွှတ်ပေးပါဆိုပြီး လူသတ်သမားသိစေရန် အကျယ်တဝံ့ကြေငြာခဲ့သော်လည်း မထူးခဲ့ပါဘူး။

ကလေးပျောက်ဆုံးပြီး (၆) ရက်အကြာမှာတော့ အသက်မရှိတော့တဲ့ ရုပ်အလောင်းကို သူ့ရဲ့စကိတ်ဘုတ်ပြားလေးနဲ့အတူတူ ရှာတွေ့ခဲ့ပါတယ်။ အဝတ်အစားတွေဟာ ထင်ထားသလို စုတ်ပြတ်ပေရေမနေဘဲ သေသေချာချာလျှောင်ဖွတ်ထားပြီး သပ်သပ်ရပ်ရပ်ဝတ်ပေးထားခဲ့တာပါ။ ကလေးဟာ အရာဝတ္ထုတစ်ခုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းခံခဲ့ရပြီး ရင်ခွဲစစ်ဆေးမှုပြုလုပ်ပြီးတဲ့အချိန်မှာတော့ နောက်ဆုံးစားခဲ့တဲ့အစာဟာ ကြက်ကြော်ဖြစ်နေပါတယ်။

ဒီကိစ္စဟာ ၁၉၇၆ ခုနှစ်နဲ့ ၁၉၇၇ ခုနှစ်အတွင်း မချီကန်ဒေသ၊ Oakland ခရိုင်တွင်းက ပြည်သူတွေအတွက် ရင်တတ်မအေးဖြစ်စေခဲ့တဲ့အမှုပါ။ လူသတ်သမားဟာ Timothy King အပါအဝင် အခြားကောင်မလေး နှစ်ယောက်နဲ့ ကောင်လေးနှစ်ယောက်၊ စုစုပေါင်းလူမမယ်ကလေး (၅) ယောက်တို့ကို သတ်ပစ်ခဲ့တာပါ။

ကလေးတွေကို ရက်အတန်ကြာအောင် ဖမ်းချုပ်ကာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ပြီးမှ သတ်ပစ်ခဲ့တာပါ။ ကလေးအလောင်းတွေကိုလည်း Timothy King အတိုင်း လူထုမြင်နိုင်တဲ့နေရာတွေရဲ့ နှင်းတွေကြားထဲ အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ပေးကာ လာလာပစ်ခဲ့ပါတယ်။ အပြစ်ကျူးလွန်ခဲ့တဲ့ ကွင်းစက်လူသတ်သမားကိုတော့ အခုအချိန်အထိ ဘယ်သူဘယ်ဝါမှန်း မသိခဲ့ရသေးပါဘူး။

READ
Historic ဓာတ်ပုံပြိုင်ပွဲရဲ့ အကောင်းဆုံးဓာတ်ပုံများနဲ့ ဆုရဓာတ်ပုံများ

Suzy Lampugh

mirrorpix

၁၉၈၆ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့မှာတော့ အိမ်ခြံမြေအေးဂျင့်အဖြစ် အလုပ်လုပ်ကိုင်နေသူ အသက် (၂၅) နှစ်အရွယ် Suzy Lampugh ဟာ Mr.Kipper ဆိုသူ အမျိုးသားတစ်ဦးကို လန်ဒန်အနောက်ပိုင်း Fulham မှာရှိတဲ့ ခြံတစ်ခြံကို လိုက်ပြပေးမယ်ဆိုပြီး သွားလိုက်ရာ ပြန်မလာခဲ့ပါဘူး။

လူပျောက်တိုင်ထားခဲ့တဲ့အတွက် ရဲတွေမှသူမနောက်ဆုံးသွားရောက်ခဲ့တဲ့ ခြံဆီသို့လိုက်သွားခဲ့ရာ ခြံမရောက်ခင် မိုင်ဝက်လောက်အလိုမှာပဲ Suzy ရဲ့ အဖြုရောင် Ford Fiesta ကားလေးရပ်ထားတာကို တွေ့ခဲ့ရပါတယ်။ စစ်ဆေးလိုက်တဲ့အခါမှာတော့ ပိုက်ဆံအိတ်သာရှိပြီး ကားသော့ကတော့ ပျောက်နေခဲ့ပါတယ်။ ဒါကြောင့် အမည်မသိရောက်လာတဲ့အလောင်းပေါင်း (၈၀၀) ကျော်ကို DNA စစ်ဆေးခဲ့ကာ ၁၉၉၄ ခုနှစ်အရောက်မှာတော့ မျိုးရိုးဗီဇတူသူတစ်ဦးတွေ့ခဲ့ရတဲ့အတွက် Suzy Lampugh ဟာ သေဆုံးသွားပြီဖြစ်ကြောင်း တရားဝင်စာထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့လတွေတုန်းကပဲ မသင်္ကာစရာတစ်ခုတွေ့ခဲ့ပြီး စုံစမ်းစစ်ဆေးသူများဟာ သံသယရှိသူစာရင်းထဲ ထိပ်ဆုံးကပါဝင်နေတဲ့ John Cannan ရဲ့နေအိမ်သို့ တစ်ဖန်သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာတော့ Suzy ရဲ့ ကွန်ကရစ်ကိုင်ထားတဲ့ အလောင်းကို  စိတ်မကောင်းစွာနဲ့ တွေ့ခဲ့ရပါတယ်။ နှစ်ပတ်ကြာအောင် အဆိုပါအမျိုးသားသတ်ခဲ့တယ်ဆိုတဲ့ သက်သေကို ရှာခဲ့သော်လည်း မတွေ့ခဲ့တဲ့အတွက် လူသတ်တရားခံမပေါ်ဘဲ အမှုပိတ်ပစ်ခဲ့ရပါတယ်။

Source: The Sun, Wiki

Penny

 

 

SHARE