ခေတ်အဆက်ဆက် ကမ္ဘာအနှံ့မှ မဖြေရှင်းနိုင်သေးသောလူသတ်မှုများ အပိုင်း (၂)

ခေတ်အဆက်ဆက် ကမ္ဘာအနှံ့မှ မဖြေရှင်းရသေးသော လူသတ်မှုများအကြောင်းကို အပိုင်း(၁) ကို အရင်က ဖော်ပြခဲ့ပြီးဖြစ်တာကြောင့် အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပေးကြပါဦး။

ဖလောရန့်မှ မိစ္ဆာကောင်

Wiki

၁၉၆၀ ခုနှစ်နောက်ပိုင်းများနဲ့ 1985  အထိ အီတလီမှ မြို့တစ်မြိုးဖြစ်တဲ့ ဖလောရန့်မှာ လူသတ်သမားဟာ လူ (၁၆) ဦးလောက် အနည်းဆုံးသတ်ဖြတ်ခဲ့တယ်လို့ ယူဆရပါတယ်။

လူသတ်ကောင်ကို အီတလီစကားဖြင့် Il Monstro လို့ ခေါ်ကြပါတယ်။ သူသတ်တဲ့ နည်းလမ်းတွေကတော့ တစ်မှုနဲ့တစ်မှုဟာ အသွားအလာအတူတူတွေချည်းပါပဲ။ ကြင်ကြင်နာနာ ကြည်နူးနေကြတဲ့ ချစ်သူစုံတွဲတွေကို လူရှင်းရာမှာ 22-caliber Beretta သေနတ်ဖြင့် အနီးကပ်တေ့ချိန်ကာ သတ်ပစ်တာတွေပါ။

သတ်ပြီးတာနဲ့ အမျိုးသမီးများရဲ့ မအင်္ဂါကို ဓားထက်ထက်တစ်လက်နှင့် ဖျက်ဆီးလေ့ရှိပြီး တစ်ခါတစ်ရံကျ နှစ်ယောက်စလုံးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ အသားစများကို ဖြတ်တောက်ကာ ယူဆောင်သွားလေ့ရှိပါသေးတယ်။

လူမသတ်ခင် သတ်မယ်လို့ရည်ရွယ်ထားတဲ့ လူတွေကို ဦးစွာကြိုပြီး နောက်ယောင်ခံလိုက်လေ့ရှိသလို သတ်ဖြတ်ပြီးလျှင်လည်း သေဆုံးသူများရဲ့ မိသားစုတွေကိုလည်း တစ်ခါတစ်ရံကျ ခြိမ်းခြောက်မှုတွေ ပြုလုပ်ကြောင်းသိရပါတယ်။

ဒီကွင်းစက်လူသတ်မှုတွေထဲ အထင်ရှားဆုံးအမှုတစ်ခုကတော့ ၁၉၈၁ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ Giovanni Foggi နဲ့ Carmela Di Nuccio တို့ အသတ်ခံရတဲ့ အမှုပဲဖြစ်ပါတယ်။ အသက် (၃၀) အရွယ် Giovanni နဲ့ အသက် (၃၂) နှစ်အရွယ် Carmela တို့ဟာ သိပ်မကြာခင်မှာပဲ လက်ထပ်ကြတော့မယ့် ချစ်သူတွေပဲဖြစ်ပါတယ်။ အလောင်းနှစ်လောင်းကိုတော့ ဖလောရန့်မြို့က ချစ်သူ့ရေအိုင်လို့ အမည်တွင်နေတဲ့ ရေအိုင်နား၊ သူတို့နှစ်ယောက်ရဲ့ ကားအနီးမှာ ဓားဒဏ်ရာအချက်အပေါင်းများစွာဖြင့် ရှာတွေ့ခဲ့ပါတယ်။

လူသတ်သမားဟာ သူ့ရဲ့ ဥာဉ်အတိုင်း Carmela ရဲ့ အလောင်းကို ကားအပြင်ဘက် ပေ (၃၀) အကွာလောက်သို့ ဆွဲထုတ်ပြီး သူမရဲ့မအင်္ဂါကို ဓားနဲ့ဖြတ်ထုတ်ထားခဲ့ပါတယ်။ လက်ရာဟာ ခွဲစိတ်ဆရာတွေရဲ့ လက်ရာလိုမျိုး သေသပ်လွန်းတာကြောင့် လူသတ်ကောင်ဟာ ဆေးပညာဆိုင်ရာနယ်ပယ်နောက်ခံရှိရမယ်လို့ ခံမှန်းထားခဲ့ကြပါတယ်။

READ
နှစ်ပေါင်း(၂၀)လုံးလုံး တောနက်ထဲမှာ တစ်ကိုယ်တည်း နေထိုင်ခဲ့တဲ့ အမျိုးသား

ဒီအမှုဖြစ်ပြီးနောက်ပိုင်း ချက်ချင်းဆိုသလိုပြင်းထန်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဆေးရုံကားမောင်းနှင်သူနှင့် အခင်းဖြစ်ပွားရာနေရာနှင့် နီးကပ်စွာကားရပ်ထားတဲ့ ကားပိုင်ရှင် Enzo Spalleti ဆို့အား ဖမ်းဆီးခဲ့ပါတယ်။ သို့သော်လည်း သူတို့နှစ်ဦးကို အမှုကြားနာနေတုန်းမှာပဲ နောက်ထပ်လူသတ်မှုတစ်ခု ထပ်ဖြစ်သွားတဲ့အတွက် လူမှန်ကိုဖမ်းမိခဲ့တာမဟုတ်မှန်း အာဏာပိုင်တွေ သိသွားခဲ့ပါတယ်။

ဒီအမှုအတွက် လူအယောက်ပေါင်း (၁) သိန်းကျော်ကို စစ်ဆေးမေးမြန်းခဲ့သော်လည်း ဖလောရန့်ရဲ့ မိစ္ဆာကောင်အစစ်ကိုတော့ ယနေ့တိုင်ဖမ်းမိခဲ့ခြင်းမရှိခဲ့ပါဘူး။

Thames မြစ်ထဲက ပိုးတုံးလုံးလို ကလေးအလောင်း

Wiki

၂၀၀၁ ခုနှစ် စက်တင်ဘာလတုန်းက လန်ဒန်မှာရှိတဲ့ Thames မြစ်ထဲ ခေါင်းမပါတဲ့အလောင်းတစ်လောင်း မြောပါလာခဲ့ပါတယ်။ အလောင်းကိုတော့ Adam လို့ နာမည်တွင်စေခဲ့ပါတယ်။

ဦးခေါင်းတင်မကဘဲ ခြေနှစ်ဖက်နှင့် လက်နှစ်ပါမရှိတော့တဲ့ ကလေးအလောင်းဟာ နိုက်ဂျီးယီးယား၊ Yourba Plateau မှ မြောပါလာတယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ အသက်အရွယ်အနေတဲ့ (၄) နှစ်မှ (၇) နှစ်အတွင်းလို့ ခန့်မှန်းထားကြပြီး လိမ္မော်ရောင်ဘောင်းဘီတို တစ်ထည်ကိုသာ ဝတ်ဆင်လျက်ရှာတွေ့ခဲ့ပါတယ်။

ခြေလက်တွေကို ကျွမ်းကျွမ်းကျင်ကျင်ဖြတ်ထုတ်ထားခဲ့တယ်လို့ မှုခင်းစစ်တွေက ယူဆခဲ့ကြပြီး ကံကောင်းခြင်းကိုယူဆောင်လာစေဖို့အတွက် မြစ်စောင့်နတ် Oshun အား ပူဇော်တဲ့ အာဖရိကန်အနောက်ပိုင်းအယူအဆကြောင့် အခုလိုမျိုး ကလေးအား ယာဇ်ပူဇော်တဲ့အနေနဲ့ သတ်ပစ်ခဲ့တာဖြစ်မယ်လို့လည်း ကောက်ချက်ချခဲ့ကြပါတယ်။

အစာအိမ်နဲ့ အရိုးစစ်ဆေးချက်တွေအရ ဒီကလေးဟာ လန်ဒန်မြို့မှာ နေထိုင်တဲ့ကလေးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကွဲလွဲနေပြီး အာဖရိကအနောက်ပိုင်းကနေ ဗြိတိန်သို့ အစေခံလုပ်ဖို့အတွက် ခေါ်ဆောင်လာကာ အခုလိုအသတ်ခံရတာဖြစ်နိုင်ကြောင်း ထင်မြင်ယူဆခဲ့ကြပါတယ်။ ဓားသွားထက်ထက်တွေနဲ့ မတော်တဆမဟုတ်ဘဲ ကြိုတင်စီစဉ်ကာ ကျွမ်းကျင်သူတစ်ဦးဦးက အခုလိုလုပ်ရပ်မျိုးလုပ်ခဲ့တာပါ။ အသတ်မခံရခင်မှာလည်း ဒေါင်လိုက်အနေအထားဖြင့် ခန္ဓာကိုယ်ကို ဆွဲဆန့်ခြင်းခံခဲ့ရတာကို တွေ့ခဲ့ရပြီး ခေါင်းကိုဖြတ်မထုတ်ခင် ခြေတွေလက်တွေကို အရင်ဆုံးဖြတ်ကာ ဆွဲဆန့်ထားတဲ့အနေအထားအတိုင်း သွေးထွက်လွန်စေခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင် သို့မဟုတ် ဘုန်းကြီးတစ်ဦးဦးမှ ဦးဆောင်ကာ ဒီအမှုကိုကျူးလွန်ခဲ့တယ်လို့ ထင်ရပေမယ့် အခုအချိန်အထိတော့ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ စွဲချက်မတင်နိုင်ခဲ့ပါဘူး။

Snapchat ထဲမှ လူသတ်သမား

Wiki

ဆယ်ကျော်သက်အရွယ် ကလေးမလေးနှစ်ယောက်ရဲ့ နောက်ဆုံး snapchat post တစ်ခုမှာ လူသတ်သမားကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ အသက် (၁၄) နှစ်အရွယ် Liberty “Libby” German နှင့် သူငယ်ချင်းဖြစ်သူ အသက် (၁၃) နှစ်အရွယ် Abigail Willams တို့ဟာ သူတို့ကို သတ်သွားတယ်လို့ ယူဆရတဲ့ လူသတ်သမားရဲ့ ဓာတ်ပုံအပြင် အသံကိုပါ Snapchat ပေါ်မှာ အနောက်ဆုံးအနေနဲ့တင်သွားခဲ့ပါတယ်။

READ
သက်တောင့်သက်သာရှိစေဖို့ ဘရာကိုမှန်မှန်ကန်ကန် ဝတ်ဆင်နည်း

ဒီအမှုဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ အခုလို တစ်နှစ်ကျော်ကြာတဲ့အချိန်အထိ လူဦးရေ (၃) သောင်းကျော်သာရှိတဲ့ Delphi, Indiana မှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင်လူသတ်မှုကြီးရဲ့ တရားခံကို ရှာမတွေ့သေးပါဘူး။

Abigail ဟာ Libby ရဲ့ အိမ်မှာ ညသွားအိမ်ဖို့ သွားခဲ့တဲ့နေ့မှာပဲ နှစ်ယောက်သား နေ့လည်နေ့ခင်းကြီး Monon Hugh တံတားတစ်လျှောက် Snapchat နဲ့ အလှဓာတ်ပုံရိုက်ဖို့ သွားခဲ့ကြပါတယ်။ အချိန်တစ်ခုကြာတော့ သူတို့အနောက်ကနေ သွားလေရာကို လူတစ်ယောက်လိုက်လာနေကြောင်း သတိထားမိဟန်တူတဲ့အတွက် အဲဒီလူကို Libby မှ ဓာတ်ပုံရိုက်ခဲ့ကာ Snapchat အပေါ် ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့အနား တဖြည်းဖြည်းနီးလာဟန်တူပြီး “Down the hill” ဆိုတဲ့ အမျိုးသားတစ်ဦးရဲ့အသံကိုပါ ဖမ်းယူကာ Snapchat ပေါ်ကို ထပ်တင်ခဲ့ပါတယ်။

ကလေးမလေးနှစ်ယောက်ရဲ့အလောင်းတွေကိုတော့ တံတားအနီး သစ်တောထူထပ်တဲ့နေရာမှာ ရှာတွေ့ခဲ့ပြီး ပတ်ဝန်ကျင်မှာလည်း လူရိပ်လူခြေမရှိတဲ့အတွက် Libby နဲ့ Abigail တို့ရဲ့ အဖြစ်အပျက်ကို ဘယ်သူမှ မသိခဲ့ကြပါဘူး။

အလောင်းရှာတွေ့ခဲ့တဲ့နေ့မှစပြီး လူသတ်သမားကို ရှာဖွေဖို့အတွက် Libby ရဲ့ Snapchat မှာ တင်ထားခဲ့တဲ့ သတ်သေနှစ်ခုကို အရင်းတည်ပြီး လူထောင်ကျော်ကို စစ်ဆေးမေးမြန်းခဲ့သော်လည်း အခုအချိန်အထိ အဲဒီလူဟာ ဘယ်သူလဲဆိုတာကိုရော၊ လူသတ်သမားလားဆိုတာကိုရော ဘာမှ မသိခဲ့ရသေးပါဘူး။

Source: Mirror, Wiki

Penny

 

SHARE